မြောက်ကိုရီးယား နှင့် မြန်မာစစ်အစိုးရ ဆက်စပ်မှု ရှိနေခြင်းကြောင့် ဂျင်ဝဘ်၏ ခရီးစဉ် ရွှေ့ ဆိုင်း

Key U.S. senator postpones trip to Myanmar

မြန်မာနိုင်ငံ၏ နူကလီယား ရည်မှန်းချက်များ ကြောင့် လာရောက်မည့် ခရီးစဉ် ရုတ်ချဉ်း ရွှေ့ ဆိုင်းလိုက်သည့် အမေရိကန် အထက်လွှတ်တော် အမတ် ဓာတ်ပုံ-အေပီ

ယနေ့ မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်မည် ဟု သတင်းထုတ်ပြန်ထားသော အမေရိကန်
ဗာဂျီးနီးယား  ပြည်နယ် လွှတ်တော် အမတ် ဂျင်ဝဘ် သည် ချက်ခြင်းပင် ၎င်း ၏ ခရီးစဉ် ကို ရွှေ့ 
ဆိုင်း လိုက်သည် ဟု သတင်းရရှိသည်။

ထိုသို့ ရွှေ့ ဆိုင်းရရခြင်းမှာ မြန်မာ စစ်အစိုးရ၏ နူကလီးယား ဓာတ်ပေါင်းဖို တည် ဆောက်ရေး စီမံ
ကိန်း အတွက် ကုလ သမဂ က ပတ်ဆို့ အရေး ယူထားသည့်  မြောက် ကိုရီးယား ဆီ မှ အကူအညီ
ရယူမှု ကြောင့် ဖြစ်သည် ဟု ဆိုသည်။

အမေရိကန် အထက် လွှတ်တော် နိုင်ငံခြားရေး ကော်မတီ၏ အရှေ့အာရှနှင့် ပဖိစိတ်ရေးရာ ကော်မတီခွဲ
ဥက္ကဋ္ဌ ဂျင်မ် ဝက်ဘ် သည် ထိုင်းနိုင်ငံ သို့ အလည် အပတ် ရောက်ရှိ နေစဉ် မြန်မာ နိုင်ငံ သို့ ဆက်လက်ထွက်ခွာမည့် ခရီးစဉ်ကို
ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။

လွှတ်တော် အမတ် ဂျင်ဝဘ် သည် ၂၀၀၉ ခုနှစ် က မြန်မာ နိုင်ငံသို့ တစ်ကြိမ် လာရောက်ခဲ့ပြီး ထိုအချိန်
က မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် သို့  ခိုးဝှက်  ၀င်ရောက် မှုဖြင့်
ထောင်ဒဏ် ကျခံနေရသည့် အမေရိကန် လူမျိုး ဂျွန်ဝီလျှံ ယက်တော ကို ပြန်လည် လွတ်မြောက်
အောင် ဆောင်ကြဉ်း နိုင် ခဲ့သည်။

ဂျင်ဝဘ် က သူ၏ မြန်မာ နိုင်ငံ ခရီးစဉ် ရွှေ့ ဆိုင်းရခြင်း ကို ဘန်ကောက်မြို့  တွင် ပြုလုပ်သည့် သတင်း
စာရှင်း လင်းပွဲ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

One thought on “မြောက်ကိုရီးယား နှင့် မြန်မာစစ်အစိုးရ ဆက်စပ်မှု ရှိနေခြင်းကြောင့် ဂျင်ဝဘ်၏ ခရီးစဉ် ရွှေ့ ဆိုင်း

Comments are closed.