မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂ စတင်ဖွဲ့ စည်း

မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂ ပေါ်ပေါက်နိုင်ရေး အတွက် ရှေ့နေ ဦးဖိုးဖြူက ဦးဆောင်
လှုပ်ရှား နေကြောင်း သတင်းရရှိသည်။ထိုအလုပ် သမား သမဂ္ဂ တရားဝင် ရပ်တည် နိုင်ရေး အတွက်
ရှေ့နေ ဦးဖိုးဖြူက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေထံ စာရေး လျှောက် ထားပြီး ဒီနေ့ 
ညနေ မှာ ပဲ စာတိုက် ကနေ ပေးပို့ လိုက် သည် ဟု အလုပ်သမား သမဂ္ဂ တွင် ပါဝင် သူ တစ်ဦး က
Freedom News Group သို့ ပြောသည်။

ယာယီ ဖွဲ့ စည်းထားသော အလုပ်သမား သမဂ္ဂ တွင် အဖွဲ့ ဝင် ဆယ့်ရှစ် ဦး ခန့် ပါဝင်ပြီး အလုပ်သမား
လယ်သမား အရေး ကျွမ်းကျင် သူများ နှင့် ဥပဒေ ရေး ကျွမ်းကျင် သူများ ပါဝင်သည်။

ယခု ဖွဲ့ စည်းမည့် အလုပ်သမား သမဂ္ဂ ကို ယခင် အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေး အတွက် အား
ထုတ်ကြိုးပမ်းခဲ့ သူ ဦးပါလေး ကဦးဆောင် မည် ဖြစ်သည်။

မြန်မာ နိုင်ငံ တွင် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်ပြီး စစ်အာဏာသိမ်းချိန် မှ စ၍ အလုပ်သမား၊လယ်
သမား ၊ကျောင်းသား တို့ ၏ အခွင့်အရေးများ အတွက် ရည်ရွယ် ဖွဲ့ စည်း ထားသည့် အဖွဲ့ အစည်း များမှာ
ဖျက်သိမ်းခံရသည်။

ယခုနှစ် မတ်လ က စက်ရုံ၊အလုပ်ရုံ ပိုင်ရှင် များ ၏ ခေါင်းပုံ ဖြတ်မှု ကြောင့် လှိုင်သာယာ၊
ဒဂုံမြို့ သစ် ၊ရွှေပြည်သာ စသည့် မြို့ နယ်များ မှ စက်ရုံ လုပ်သား များ ဆန္ဒပြမှု ပေါ်ပေါက်
ခဲ့သည်။

မြန်မာ နိုင်ငံသည် ဒေသတွင်း နိုင်ငံ များ နှင့် ယှဉ်လျှင် အလုပ်သမား များ ရရှိသည့် လုပ်ခလစာ
မှ အနည်း ဆုံးဖြစ်ပြီး အလုပ်သမား များ ၏ အခွင့်အရေး များ တွက် ကာကွယ်ပေးထားသည့်
ထိရောက် သော ဥပဒေကြောင်း များ မရှိ ဟု ရှေ့ နေတစ်ဦး က ပြောသည်။

အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေး အတွက် ခောတ် အဆက်ဆက် အား ထုတ်ကြိုးပမ်း
ခဲ့သူများ ရှိပြီး ထိုပုဂ္ဂို လ် များ မှာ မတရား ဖမ်းဆီး ထောင်ချ နှိပ်စက် ခံရသည်။

ယခု အလုပ်သမား သမဂ္ဂ ပေါ်ပေါက်ရေး အတွက် ဦးဆောင် စည်းရုံးသူ ဦးဖိုးဖြူမှာ လည်း
လယ်သမား အရေး ကိစ္စ များ အတွက် ရှေ့နေ လိုက် ပေး ရင်း ဖမ်းဆီး ထောင်ချခံရဖူးသည်။

လေဒီဂါဂါ နှင့် လယ်ရီကင်း အင်တာဗျူး

2 thoughts on “မြန်မာ နိုင်ငံတွင် အလုပ်သမား သမဂ္ဂ စတင်ဖွဲ့ စည်း

  1. အလုပ်သမားတွေကို ၈ရုစိုက်လို့ ပဲ ယုဇနပလာဇာ ဈေးပိတ်တယ်ဆိုတာ ဖြစ်လာတာလေ။ အလုပ်သမားရေးကို ခုတုံးလုပ်ဖို့  မလုပ်ပါနဲ့ 

  2. ဖြစ်လာရင်ကောင်းတာပေါ.။အလုပ်သမားတွေအားလုံးအတွက်လေ။
    တရားဝင်လျှောက်တယ်ဆိုတော.မရေမရာပါပဲဗျာ။ ဘယ်တုန်းကအလုပ်
    သမားတွေကို အစိုးရကဂရုစိုက်လို.လဲ။လဘ်ပေးတဲ.အလုပ်ရှင်တွေကိုပဲ
    ဂရုစိုက်တာလေ။

Comments are closed.