ကွမ်းခြံကုန်း ဓါးပြမှု နှင့် ရွှေကျင် လက်နက်မှု KNU အား ရဲချုပ် အပြစ်ဖို့ 

လူ၃ဦးသေဆုံးခဲ့ရသည့် ကွမ်းခြံကုန်း မြို့ နေ ဒရယ်လူးကျေးရွာ ဒပြမှု အား သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

မေလ အတွင်းက လူသုံး ဦး သေဆုံးခဲ့သည့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ဓားပြမှု အကြောင်း
ကို ယနေ့ မြန်မာ နိုင်ငံ တပ်ဖွဲ့ ရန်ကုန်တိုင်း ရဲရုံးတွင် ရဲချုပ် က သတင်းစာ ရှင်းလင်းပွဲ ကျင်းပသည်
ဟု သတင်းရရှိသည်။အဆိုပါ ဓားပြမှု တွင် ပါဝင် သူ ငါးဦး အနက် လေးဦး ကို ဖမ်းမိထားပြီး တစ်ဦး
မှာ လွတ်မြောက်နေသည်ဟု သတင်းရရှိသည်။

ကွမ်းခြံကုန်း ဓားပြမှု မှ သိမ်းဆည်းရမိသည့် လက်နက်များ ဓားပြတိုက်မှု ဖြစ်စဉ် အတွင်း ရွာသား နှစ်ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသည်။

ထိုဓားပြမှု တွင် ၁၉၉၀ ခုနှစ် က အလင်းဝင်ရောက် လာသည့် KNU အဖွဲ့ ဝင်ဟောင်း နှစ်ဦး ပါရှိသည်
ဟု ပြောဆိုသွားသည်။ပြီးခဲ့သည့် သီတင်း ပတ် အတွင်း ရွှေကျင်တွင် မသင်္ကာ သည့် ကား နှစ်စီး ကို
လိုင်စင် မဲ့ ၀စ်သောက်ကား ဟုတ်မဟုတ် ပဲခူးတွင် ခေါ်ယူစစ်ဆေးရာ မှ လက်နက် များ ရှာဖွေ သိမ်းဆည်း
မိသည့် သတင်း ကို လည်း သူက တစ်ဆက် တည်း ပြောသွားသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက် များ သည့် ကရင် အမျိုးသား အစည်း အရုံး (KNU) နှင့် ဆက်စပ်
နေသည် ဟု သူက ထည့်သွင်းပြောကြားသွားသည်။

သိမ်းဆည်းရမိသည့် လက်နက်များသည် KNU မှ ညီခိုင် ဆိုသူ မောင်းနှင် လာသည့် Double Cab 4 Wheel
ဖြင့် တင်ဆောင် လာခြင်းဖြစ်ကြောင်း ထိုမော်တော် ကားများ ကို ရှမ်းပြည်နယ် တွင် စိတ်ကြွဆေးပြားများ ဖြင့်
လဲလှယ်ကြောင်း နှင့် လက်နက် တင်ဆောင် လာသည့် မော် တော်ကား ကို KNU မှ ဗိုလ်မှုး အဆင့်ရှိ စောထူးထူး
ဝါးဆိုသူ က လိုက်ပါ စောင့်ရှောက် ပေးခဲ့ကြောင်း စွပ် ဆွဲ ခဲ့သည်။