
ကိုဦး၊ ၊လတ်တလော ဖြစ်ပေါ်နေ သည့် သရုပ်ဆောင် ထက်ထက်မိုးဦး နှင့် သတင်းထောက် မအေးသူစံ တို့ ၏
ပြဿနာ သည် ၎င်းတို့ ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ သာဖြစ်ပြီး ထက်ထက်မိုးဦးက လည်း သရုပ်ဆောင်
အနုပညာရှင် အားလုံး ကို ကိုယ်စား မပြုသလို သတင်းထောက် မအေးသူစံ သည် လည်း မီဒီယာ အား လုံး
ကို ကိုယ်စားမပြု ဟု မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ ၏ အထွေထွေ အတွင်း ရေးမှုး ကို ဝေမှုးသွင် က
Freedom NewsGroup သို့ ပြောသည်။
သူက ဆက်၍ မှားတယ် ဆိုတယ် ဆိုလဲ သူတို့ နှစ် ယောက် နဲ့ ပဲ သက်ဆိုင်တယ် မှန် တယ် ဆိုလဲ သူတို့ နှစ်
ယောက် နဲ့ ပဲ သက်ဆိုင် တယ် ဘယ်သူ နဲ့ မှဆိုင်ပါ ဘူး ။သူတို့ နှစ်ယောက် ပဲ တာဝန် ယူရမယ် ပြဿနာပါပဲ
ဘယ်သူ နိုင်မှ မဆိုင်ပါဘူး သူတို့ ဆိုးဆိုး ကောင်းကောင်း ဘယ်သူ့ ကိုမှ ကိုယ်စားမပြုဘူး ဟု သူ ၏ အမြင် ကို ပြောသည်။
မြန်မာ ဒီမိုကရေစီ ကွန်ဂရက် ပါတီ သည် ရွေးကောက်ပွဲ ၀င်ရန် မှတ်ပုံတင်ထားပြီး ၎င်းတို့ ပါတီ၏ မဲဆွယ်မှု ကိစ္စ တွင် သုံးမည့်  ပါတီ ရံပုံငွေ များ အတွက် ရံပုံငွေ ကောက်ခံမှု လည်းပြုမည် ဖြစ်သလို ၊ပါတီဝင် အချို့ က ၎င်းတို့  ၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း များ ကို ပါတီ ပိုင် စီးပွားရေး လုပ်ငန်း အဖြစ် အသွင်း ပြောင်းးလိမ့် မည် ဟု ပြောသည်။
စာရေးဆရာ ဝေမှုးသွင် သည် ၁၉၉၆၊၁၉၉၈ ခုနှစ် နှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး များတွင် ပါဝင် ခဲ့သူ
တစ်ယောက် လည်းဖြစ်ပြီး ၎င်း၏ ပါတီဝင် အချို့ သည် လည်း မြန်မာ နိုင်ငံရေး လှုပ်ရှားမှု တွင် နှစ်ရှည်လများ ပါဝင် ဆောင်ရွက် ခဲ့သူ များ ဖြစ်သည် ဟု ပါတီဝင် တစ်ဦးက ပြောသည်။
လူငယ် စာရေးဆရာ ဝေမှုးသွင် က မြန်မာ့ နိုင်ငံရေး တွင် ဒေါ်အောင်ဆန်းစုကြည် သည် ယခင်ကလည်း
ဆက်လက်ရှိနေဆဲ ဖြစ်ပြီး ယခုလည်း ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ၏ ခံယူ
ချက် ယုံကြည်ချက် များ ကို အသိအမှတ် ပြုကြောင်း ပြောကြားသွားသည်။
မြန်မာ ဒီမိုကရေစီ ပါတီ သည် ရေပြတ်လပ်မှု နှင့် ကြုံတွေ့ နေရသည့် မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသများ
သို့ မကြာခင် သွားရောက် ကူညီမည် ဟု သိရသည်။
တရားစွဲဆိုမှု ဖြင့် ရင်ဆိုင်နေရသည့် ထက်ထက်မိုးဦး အား ယမန်နေ့ က ရန်ကင်းမြို့ နယ်တရား ရုံးမှ
အမှု နှစ်ခု ဖြင့် တရားဆွဲ စို ထားပြီ ဖြစ်ကြောင်း တရားသူကြီး ဦးနေအောင် က သတင်းထောက်များကို
ပြောသည်။

နှစ်ဘက်စလုံး မှားခဲ့တာဖြစ်တဲ့အတွက် နှစ်ဘက်စလုံး တောင်းပန်ဖို့လိုပါတယ်။ ဒါပေမယ့် အရင်မှားသူက အရင်တောင်းပန်ရပါမယ်။
comment တွေကတော်တော်စိတ်ပျက်စရာကောင်းအောင်လမ်းဘေးဈေးသည်စိတ်ကူးတွေပြည့်နေတဲ့ပါးစပ်တွေနဲ့ပါလားဗျာ…
မှန်မှန်ကန်ကန်တွေးတတ်ပါစေမြန်မာတွေမြန်မြန်ဥာဏ်ရည်မြင့်ပါစေ..သတင်းကသင်းပါဖတ်မိတဲ့ comment တွေကတော်တော်စိတ်ပျက်စရာကောင်းအောင်လမ်းဘေးဈေးသည်စိတ်ကူးတွေပြည့်နေတဲ့ပါးစပ်တွေနဲ့ပါလားဗျာ…
ဂျာနယ်လစ်သာလုပ်ပါ
စပ်စုစိန်မလုပ်ပါနဲ့ လေ
အားလုံး OK မှာပါ !!
ဂျာနယ်လစ် စည်းမစောင့်လို့ပါ။
ဒီမိုကရေစီတောင် မရသေးဘူး။စာရေးဆရာက ခေါင်းရှောင်နေပြီ။တိုက်ရိုက်မပတ်သက်တောင်မှ သွယ်ဝိုက်ပြီးသက်ဆိုင်ပါတယ်။
ဝေမှုးသွင်ကရောဘယ်သူတွေကိုကိုယ်စားပြုသူလဲခင်ဗျာ
အသစ်စက်စက်စာပေစာနယ်ဇင်းအဖွဲ့ ကလည်း ပါဝါပြတယ်လို့ လည်းမြင်မိပါတယ်။ဒီလိုဆိုရင် ပါတီတာဝန်ရှိသူတွေနဲ့ မီဒီယာသမားတွေ စိတ်အခန့် မသင့် ဖြစ်ကြရင် အခုလိုပဲ ကိုယ့်ဘက်ကိုယ်ယက်ကြရင် မီဒီယာသြဇာဆိုတာ ဘယ်နားသွားထားကြရမလဲလို့  မေးချင်ပါတယ်။
သတင်းထောက်ဘက်ကလည်း သတင်းစာမျက်နှာတွေပေါ်က တရားဝင် တောင်းပန်သင့်သလို ကျွန်တော်တို့ ချစ်တဲ့ ရွှေမင်းသမီးလေးဘက်ကလည်း အလားတူတောင်းပန်ရင် ပြီးသွားမှာပါ။ဒါပေမယ့် ၀င်ရောက်ညှိနှိုင်းပေးတယ်လို့  ဆိုတဲ့ လူကြီးမင်းတွေရဲ့  ကိုယ့်ဘက်ကိုယ်ယက်တဲ့ ဖြန်ဖြေမှုတွေကြောင့် အခုလို ဖြစ်ကုန်ကြရတယ်လို့ မြင်မိပါတယ်။ ဒီကြားထဲ မဆီမဆိုင် တစ်ဦးချင်းပြသနာကို အဖွဲ့ အစည်းပြသနာအဖြစ် အရောင်ဆိုးကြတဲ့ သူတွေက တစ်မှောင့်။သူတို့ ရှုပ်လို့  မိန်းကလေးချင်းပြသနာက ကြီးခဲ့တာလေ။
ပြည်တွင်း ဂျာနယ် တွေ ကို ဖတ်လိုက်ရင် နိုင်ငံခြား သတင်းဌာန က ပါတဲ့ သတင်းတွေ ကို ပြန်တုံ့ ပြန်တာပဲ ..ဥပမာ ..ကောလဟာလ သာဖြစ် တို့  ၊….သတင်း မဟုတ် မှန် တို့ …တွေ နောက် သူတို့ က စစ်အစိုးရ ထက်တောင် ဆိုးတယ်။
ဈေးမီးလောင် လို့ ပူဆွေးနေ တဲ့ သူတွေ ကို ဘာပြော သလဲ ဆိုတော့ မင်္ဂလာ ဈေး ကြီး ပြန်လည် မွမ်းမံဖို့ လိုအပ် ၊တို့ စတာတွေ တွေ့ ရမှာ ပါ ။တအား မုန်းဖို့ ကောင်းတယ်။ အဲဒါတွေ ကို စာဖတ် သူတွေ က မုန်း နေတာ
နှစ်ဖက်စလုံးကမှားတယ်လို့တော့မပြောချင်ပေမဲ့ သူများရဲ့ကိုယ်ရေးကိုယ်တာကို ခုတုံးလုပ်ပြီး ကိုယ့်ရဲ့အောင်မြင်မှုအတွက် အသုံးချတယ်ဆိုရင် အဲဒီလူက အောက်တန်းကျတာပေါ့။ ဂျာနယ်တော်တော်များများဝယ်ဖတ်မိရင် ပိုက်ဆံကုန်သွားဘဲအဖတ်တင်တယ် ဘာမှလည်းဗဟုသုတ၊ ရသတွေမရဘူး။ အတင်း၊ အဖျင်းတွေဘဲရတာများတယ်။ အဲဒါကြောင့် ဂျာနယ်တစ်ချို့ကို ပန်ကြားချင်ပါတယ်။
သတင်းစစ်သတင်းမှန်တွေကိုဘဲ ပြည်သူတွေလိုလားပါတယ်ဗျာ
သတင်းစစ်သတင်းမှန်ဖတ်ချင်တာကို ကြိုဆိုပါတယ်ခင်ဗျာ။ ပိုက်ဆံပေးပြီးဝယ်ဖတ်တာ
တန်ရာတန်ကြေး ဗဟုသုတရသင်.တာပေါ.။ တစ်ခုသိစေချင်တာက သတင်းတွေကို
ဆင်ဆာဖြတ်တောက်ပြီး ဖြုတ်ထုတ်ပယ်လုပ်နေတဲ. စာပေစိစစ်ရေးကိုလဲ ဗဟုသုတ
ရသ ရစေတဲ.သတင်းတွေကို များများခွင်.ပြုပြီး စာပေကို ပေါ်လစီနဲ.ချုပ်ကိုင်တာကို
ရပ်တန်းကရပ်ဖို. လဲပြောဖို.လိုပါတယ်။ နိုင်ငံရေးလုပ်မယ်သူပီပီ ကိုယ်ရဲ.အောင်မြင်မှု
အတွက် ဖြစ်ရပ်တစ်ခုကိုအရအမိ အသုံးချတယ်ဆိုရင် ကန်.ကွက်ပါတယ်။
အဓိကပြောချင်တာက သတင်းစစ်၊သတင်းမှန်တွေကိုရေးချင်ပါတယ်။