မဲဆောက်မြို့ မြန်မာလူမျိုးများ ထိုင်လေ့ရှိသော လက္ဘ်ရည် ဆိုင်များ အားထိုင်အထူးအဖွဲ့မှ ရှောင်တခင် ၀င်ရောက်ဖမ်းဆီး

မဲဆောက်ဈေးတောင်ဘက် ဟင်းသီးဟင်းရွက်တန်းအနီး ရှိ ၀င်းအတွင်းတွင် မြန်မာလူမျိုးများမှ ဖွင့်လှစ်ထားသော ဆံပင်ညှပ်ဆိုင်၊ မိတ္တူကူးဆိုင်၊ ထမင်းဆိုင်၊ မြန်မာစာအုပ်အငှားဆိုင်၊လက္ဘ်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသည်။ ထိုဝင်းအတွင်းရှိ မြန်မာလူမျိုးပိုင်ဆိုင်ပြီး မဲဆောက်နေမြန်မာများ
နေ့စဉ် ထိုင်လေ့ရှိသော ဖိုးထူးနှင့် ဦးချစ် လက္ဘ်ရည်ဆိုင် နှစ် ဆိုင်အား ထိုင်းနိုင်ငံ အထူးအဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုလက္ဘ်ရည်ဆိုင် နှစ် ဆိုင်မှ မြန်မာနိုင်ငံထုတ် မာဘယ်လ်နှင့်လန်ဒန် စီးကရက်ဘူးများသိမ်းဆီးသွားပြီး ဆိုင်ပိုင်ရှင် ၂ဦးကိုဖမ်းဆီးသွားကြောင်း မြန်မာအလုပ်သမားတဦးကပြောပြသည်။ ထိုသို့ အထူုးအဖွဲ့ဖြင့် ၀င်ရောက်ရှာဖွေသည်မှာ မူယစ်ဆေးဝါးသတင်းရသောကြောင့်လည်း ဖြစ်နိုင်သည် ဟု ၄င်းကပြောပြသည်။
ထိုင်းနိုင်ငံ ဥပဒေအရ အခွန်ဆောင်ထားခြင်းမရှိသော စီ့းရက်များကို ထိုင်းနိုင်ငံအတွင်းသယ်ဆောင်ခြင်းကို တားမြစ်ထားသည်။ မြန်နိုင်ငံနယ်စပ်ဝင်ပေါက်များရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေးဂိတ်များတွင် စီးကရက်ဘူးတဘူးအထက် သယ်ဆောင်ခွင့်မပြုကြောင်း၊ သယ်ဆောင်ပါက ဒါဏ်ငွေ ဘတ် ၅၀၀၀ ထောင်ပေးဆောင်ရမည် ဟု ကြော်ညာဘုတ်များချိတ်ဆွဲထားသည်။ ထိုသို့ကြေညာထားသော်လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ချစ်ကြည်ရေးတံတားအနီး မလှမ်းမကမ်းရှိ သောင်ရင်းမြစ် အတွင်းရှိ ရေလည်ကျွန်းမှ စီးကရက်တံဆိပ်မျိုးစုံရောင်းချလျက်ရှိသည်။ ရေလယ်ကျွန်းသည် ၂နိုင်ငံအငြင်းပွားဖြစ်နေသည်မှာနေအတန်ကြာနေပြီဖြစ်သည်။ ထိုရေလည်ကျွန်းသည် ယာဘခေါ်မူးယစ်ဈေးဝါးရောင်းဝယ် ဖောက်ကားရာနေရာတခုအဖြစ်လည်းကျော်ကြားသည်။ ထိုင်းနိုင်ငံ ဘက်မှ မကြာခဏစစ်ဆင်ရေးဖြင့် ၀င်ရောက်နှိမ်နှင်းသော်လည်း ဒုစရိုက်သမားများပြန်လည် အခြေချကြသော်လည်း မြန်မာအာဏာတို့ဘက်မှ တစုံတရာအရေးယူဆောင်ရွက်ခြင်းမရှိပေ။

ယနေ့အဖမ်းခံ၇သော လက္ဘရည်ဆိုင်ပိုင်ရှင်ကို ဆက်သွယ်မေးမြန်းကြည့်ရာ ထိုမြန်မာထုတ်စီးကရက်များကိုမိမိတို့ ဆိုင်တွင်တင်ရောင်းရန်မဟုတ်ဘဲ အလုပ်နားရက်ပြန်သွားသော လက္ဘရည်ဆိုင်အလုပ်သမားတဦးက ၀ယ်လာကြောင်းပြောပြသည်။
ယနေ့နံနက် မဲဆောက်မြို့လူစည်ကားရာဈေးထောင့်တွင်လည်း မဲဆောက်ရှိမြန်မာအလုပ်သမားများ၏ ကွမ်းယာထုတ်များကို ဖွင့်ကြီးပြီး မြန်မာကွမ်းစားဆေး။ အိန္ဒိယကွမ်းစားဆေးများပါသူများကိုဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသိရသည်။ ထိုအဖမ်းခံရသူများ အနည်းဆုံးထောင် ၃ လကျနိုင်ကြောင်းကို မြင်တွေ့ခဲ့ရသော မြန်မာတဦးမှ  Freedom News Group သို့ပြောပြသည်။