Nelson Mandela’s great-granddaughter killed in car crash ahead of World Cup 2010 opening
Africa : Never Escape From Tragedy of Nightmare

အသက် ၁၃ နှစ် အရွယ်သာ ရှိသေး တဲ့ တောင်အာဖရိက ခေါင်းဆောင် နယ်(လ)ဆင် မင်ဒဲလား ရဲ့ မြေး
ဖြစ်သူ ဟာ ဂျိုဟန် နစ္စဘတ် မြို့ အနီးက ဆိုဝီတို မြို့ လမ်းမပေါ်မှာ ကားတိုက်မှု ကြောင့် သေဆုံးသွားသည် ဟု Freedom
News Group မှ သတင်းရရှိသည်။
ဇီနာနီ မင်ဒယ်လား ကို တင်ဆောင် လာတဲ့ မော်တော် ကား ဟာ ကွင်းဖွင့် ပွဲ ကျင်းပရာ အော်လန်ဒို
ကစားကွင်း ကို အသွား မှာ မော်တော် ကားခြင်း တိုက်မိပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ဇီနာ နီဟာ
ဇွန်လ ၉ ရက် နေ့ က သူ့ အသက် ၁၃ နှစ်ပြည့် ပြီး နှစ်ရက် အကြာမှာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ဇီနာနီ ဟာ စာတော်ပြီး ထက်မြက်တဲ့ အတွက် နယ်ဆင်မင်ဒယ်လား ရဲ့ အချစ်တော် မြေးမလေး
ဖြစ်တယ် လို့  သူ့ ရဲ့ မိသားစုဝင် တစ်ဦး ကပြောသည်။ဇီနာ နီ ဟာ မင်ဒဲလား ရဲ့ မြေး ၉ ဦးထဲမှာ
အကြီး ဆုံးဖြစ်သည်။ ကားပေါ်တွင် အတူပါရှိသည့် သူမ၏ မိခင်မှာ မူ ဒဏ်ရာ အနည်းငယ်သာ
ရရှိသည်။ အရက် အလွန် အကျွံ သောက် ထားသည့် မော်တော်ကား မောင်း သူ ကို ရဲ က ဖမ်း
ဆီးထားသည်။
မော်တော်ကား တိုက်မှု တွင် ဇီနာနီ မှ လွဲ၍ မည်သူ တစ်ဦး တစ်ယောက် မှ သေဆုံးခြင်း မရှိ ဟု
ရဲတပ်ဖွဲ့ ဝင် အချို့ ကပြောသည်။ဇီနာနီ နှင့် မိခင် မှာ ကမ္ဘာ့ ဖလား ပွဲစဉ် တစ်ခု ဖြစ်သည့် တောင်
အာဖရိက အသင်း နှင့် မက္ကဆီ ကို အသင်း တို့ ယှဉ်ပြိုင်မည့် ပွဲစဉ် သို့ အသွား ကားတိုက်မှု ဖြစ်
ပွားခြင်းဖြစ်သည်။
မင်ဒဲလား သည် ဇူလိုင် ၁၈ ရက်နေ့ တွင် အသက် ၉၂ ပြည့်မည်ဖြစ်သည်။
