ကရင်ပြည်နယ် ကော့ကရိတ် မြို့ နယ် အနီးတွင် နအဖ စစ်ကြောင်း နှင့် DKBA တပ်များစခန်း
ချရာ အနီးသို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNU စစ်ကြောင်းများက ၀င်
ရောက် တိုက်ခိုက်ရာ မှ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည် ဟု သတင်းရရှိသည်။
စစ်ဖြစ်ပွားနေသည့် ကော့ကရိတ် မြို့ တွင် တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများ ပြတ်တောက်
နေသည်။မြ၀တီ-ဘားအံ ပြေးဆွဲ နေသည့် ခရီးသည် တင် နှင့် ကုန်တင် ကားများ အပြင်
DKBA ပို့ ဆောင် ရေးကားများ လည်း အတက်-အဆင်း ပြေးဆွဲမှု ရပ်နားထားရသည် ဟု
မြ၀တီ မြို့ မှ ကုန် သည် တစ်ဦး က Freedom News Group သို့ ပြောသည်။
DKBA နှင့် နအဖ စခန်းချရာတွင် အင်အား လေးဆယ်ခန့် ရှိသည် ဟု သိရသည်။
KNLA စစ်ကြောင်း သည် နအဖ ၏ တပ်ရင်း တစ်ခုဖြစ်သည့်  ခမရ( ၁၂) လက်အောက်ခံ
ခြေလျင်တပ်ရင်း (၅၄၅) နှင့် ထိတွေ့ ခဲ့ခြင်းဖြစ်သည်။

ဖက်ဒရယ်မူကို အစပြုပြီး တိုက်ခဲ့တယ်ဆိုတာတော့ သိတယ်။ လက်ရှိအစိုးရ မကောင်းဘူးဆိုတာလည်း လူတိုင်းသိပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ နေရာ အနှံ့မှာ တိုင်းရင်းသား ပေါင်းစုံရှိတယ်လေ။ ဘယ်သူမဆို နယ်မြေ အကန့်အသတ်မရှိသွားလာနိုင်တယ်။ ကရင်လူမျိုးဆိုပြီး ကရင်ပြည်နယ်မှာပဲ နေရမယ်လို့ ကန့်သတ်ထားတာမဟုတ်ဘူးလေ။ ရန်ကုန်မှာလည်း နေနိုင်တယ်။ မန္တလေးမှာလည်း နေနိုင်တယ်။ ကျောင်းဆိုရင်လည်း အမှတ်မှီရင် ကြိုက်တဲ့ ကျောင်းကို တက်လို့ရတယ်။ ကရင်မို့လို့ မတက်ရလို မကန့်သတ်ထားပါဘူး။ တိုက်ပွဲတစ်ခု ဖြစ်လာရင် နှစ်ဦးနှစ်ဘက် နစ်နာပါတယ်။ နောက်ပြီး ဘယ်တိုင်းပြည်မှ တပ်မတော် ၂ ခု ၃ ခု မရှိပါဘူး။ တစ်ခုတည်း ရှိသင့်ပါတယ်။
အာကာရယ် တိုက်ရတဲ့resons တော့ရှိမှာပေါ့…သိအောင်လုပ်..
လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီခေတ်တုန်းကလည်း တိုက်၊ ဆိုရှယ်လစ်ခေတ်ရောက်တော့လည်း တိုက်၊ စစ်အစိုးရလက်ထက်မှာလည်း တိုက်၊ အမြဲတမ်းကို တော်လှန်လို့ မပြီးပါလား။ ခေတ်ကောင်းလည်းတိုက်၊ ခေတ်ဆိုးလည်းတိုက်၊ ပြည်ထောင်စု ဆိုတာကို လက်မခံတော့ဘူးလား။
No other except co-operation on political activity & natonal people’s revolutionary war for all Burma’s national people’s freedom and don’t need to wait for SPDC’s guiding democracy.
thank a lot ur news