၂၀၁၀ ကမ္ဘာ့ ဖလားဖွင့်ပွဲတွင် ရှကီယာ သီဆိုဖျော်ဖြေနေစဉ်

တောင် အာဖရိက နိုင်ငံ ဂျိုဟန် နစ္စဘတ် မြို့ တွင် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ကို ဇွန် လ
၁၀ ရက် ဒေသ စံတော်ချိန် ည ၈ နာရီ က စတင်ကျင်းပခဲ့ရာ တောင် အာဖရိက ခေါင်းဆောင်
နယ်ဆင်မင်ဒဲလား အပါအ၀င် ၊ဖီဖာ တာဝန် ရှိသူများ နှင့် နိုင်ငံတကာ မှ ခေါင်းဆောင်
အချို့ တက်ရောက်ခဲ့ကြသည်။ဆိုဝီတို ရှိ အော်လန်ဒို အား ကစား ကွင်း တွင် ကျင်းပသည့်
ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ကွင်းဖွင့် ပွဲ အခမ်းအနား အား Black Eyed Peas ,John Legend ,
Alicia Keys ,Shakira နှင့် Kanan အပါအ၀င် နာမည် ကျော် အဆိုတော် များ နှင့်
(ESL) Eyves Saint Laurent နှင့်တောင် အာဖရိ က နှင့် အာဖရိ ကာမှ နာမည် ကျော်
မော်ဒယ်များ၊ ရိုးရာ ဂီတ ပညာရှင် အကပညာရှင်များ က သီဆို ဖျော်ဖြေမှု များ တင်ဆက်
၍ ဖွင့်လှစ်ခဲ့သည်။

၂၀၁၀ ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ဖွင့် ပွဲတွင် ရိုးရာ အက နှင့် ဂီတများ ဖြင့် သရုပ်ပြနေစဉ်
တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန် တူးတူး က ဖွင့်ပွဲတွင် ငြိမ်းချမ်းရေး မိန့် ခွန်းပြောကြားနေစဉ်
ပျော်ရွင်နေကြသည့် အာဖရိက ပြည်သူများ