
ဂျွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ( ၆၅ )နှစ်မြောက်မွေးနေ့ အထိမ်း
အမှတ်အခမ်းအနားကို ယနေ့နံနက် ၈နာရီမှ ၁၁နာရီအချိန်ထိ အုန်းပြန့် ဒုက္ခသည်စခန်းရှိ စခန်းရုံး
ခန်းမဆောင်တွင် ကျင်းပခဲ့သည်။ စခန်းဥက္ကဌ စောဝါးထီးနှင့် စခန်းကော်မတီဝင်များ၊ ကရင်၊ချင်း၊
ရခိုင်၊ပအို့ဝ် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ စခန်းတွင်းရှိ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးများ၊
ခရစ်ယာန်ဘာသာရေးဆရာများ၊ မော်လ၀ီဘာသာရေးဆရာများ၊ စခန်းတွင်းရှိကျောင်းသား/သူများ
အင်အား ၄၀၀ ခန့်တက်ရောက်ခဲ့ကြောင်း အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင်တဦးမှပြောပြသည်။
ယ္ခုကဲ့ကျင်းပသည့် ဒေါ်အောင်ဆန်းကြည် ( ၆၅ )နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အခမ်းနားပွဲသည်
စခန်းရုံးခန်းမဆောင်တွင် ပထမဆုံး ကျင်းပခွင့်ရသောပွဲဖြစ်ပြီး သဘာပတိအဖြစ် စခန်းဥက္ကဌ ကဆောင်
ရွက်ပြီး အခမ်းနားဖွင့်ပွဲ အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။ ဒေါ်အောင်ဆန်းကြည်မွေးနေ့ပွဲ
မှာ လာမည့် ဂျွန်လ (၁၉)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော်လည်း ဂျွန်လ ၁၈ ရက်နေ့သည် ဒုက္ခသည်
ဆိုင်ရာနေ့ ဖြစ်သောကြောင့် ယနေ့တွင်ကြိုတင်ကျင်းပရကြောင်းရှင်းပြခဲ့သည်။
ယခင်က ဒုက္ခသည်စခန်းသည် ထိုင်းမြေပေါ်တွင်ရှိသောကြောင့်နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်ကျင်းပခွင့်မပြုခဲ့ပေ။ နိုင်ငံရေးနှင့်သက်ဆိုင်သော အခမ်းအနားများကို ကျင်းပလိုရင် စခန်းကော်မတီအားအသိပေးပြီး ရပ်ကွက်ဘုန်းကြီးကျောင်းတွင်သာကျင်းပခဲ့ရကြောင်းပြောပြသည်။
အုန်းပြန့် ဒုက္ခသည် စခန်းတွင်း နေထိုင်သူ တစ်ဦးက ‘အရင် နှစ်တွေ ကဆိုရင် ခုလို ပေါ်ပေါ်ထင်ထင် ကျင်းပဖို့ 
စခန်း က ခွင့်မပြုဘူး ၊ဒီနှစ် ကျမှ ပဲ လုပ်ဖြစ်တာ ဟု ဆိုသည်။
ယ္ခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုသော မွေးနေ့အခမ်းအနားကို စခန်းရုံးခမ်းမဆောင်တွင် ခမ်းခမ်း
နားနား ကျင်းပခွင့်ရသောကြောင့် အထူးကျေနပ်မိကြောင်းကို အခမ်းအနားကျင်းပရေးကော်မတီဝင်တဦးဖြစ်သော မြန်မာ့လူမှုရေးအဖွဲ့၏အဖွဲ့ဝင်တဦးကပြောပြသည်။
၎င်းကဆက်လက်ပြီး အခမ်းအနားကျင်းပပုံများကိုရှင်းပြသည်။ မနက်ပိုင်းတွင် စခန်းအတွင်းရှိ ဗုဒ္ဒဘာသာ
ဘုန်းကြီး ( ၅ )ကျောင်းမှ ဘုန်းကြီး ၅ပါးကို အာရုံဆွမ်း ကပ်လှူပြီး အခမ်းအနားကို နံနက် ၈နာရီတွင်စတင်သယ်။
ခန်းမဆောင်အ၀င်ဝ တွင် ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် အောက်ဖက်တွင် သန်းရွှေပုံ ပါသောစာရွက်များဝေငှပြီး
မိမိသောတို့ထောက်ခံသူကို အမှန်ချစ်ပြီး ထည့်၇န် ပုံးတပုံးထားပေးထားသည်။ သန်းရွှေကိုထောက်ခံသူမရှိကြောင်း
နှင့် ထိုသို့ပြုလုပ်ရခြင်းမှာ ၂၀၁၀တွင်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းကိုပြသည့်အနေနှင့် မိမိတို လုပ်
ဆောင်နိုင်သော အခြေအနေအတွင်းမှ လုပ်ခြင်းဖြစ်သည်ဟု သိရသည်။
တိုင်းရင်းဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်အတွက်
မွေးနေ့သ၀ဏ်လွှာ ဖတ်ကြားကြကြောင်း Freedom News Group သို့ပြောပြခဲ့သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ကရင် သွေး နှော သူ တစ်ဦး ဖြစ်သော်
လည်း သူမ ၏ မွေးနေ့ ကို ယခင် နှစ်များ ဆီက ကရင် ဒုက္ခသည် စခန်း အချို့ တွင် ကျင်းပခွင့် မရခဲ့ ဟု
သိရသည်။
