မြန်မာအဆိုတော်များ နိုင်ငံတကာ ဖျော်ဖြေပွဲ များကဲ့သို့  ဖက်ရှင်ဆန်းဆန်း ဖြင့် လန်းချင် သော် လည်း အာဏာပိုင်များက ခွင့်မပြု

ဝိုင်းစုခိုင်သိန်း ၏ စင်မြင့်ဖျော်ဖြေပွဲ ဖက်ရှင်

စင်မြင့် ဖျော်ဖြေပွဲ အချို့ တွင် လူငယ်အမျိုးသမီး
အဆိုတော် အချို့ က ဆွဲဆောင်မှု ရှိသော ဖက်ရှင်စတိုင်
များဖြင့် ပရိသတ် ကို ဖျော်ဖြေချင် သော် လည်း သက်ဆိုင်
ရာ အာဏာပိုင်များက ခွင့်မပြု ဟု သိရသည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်က ကျင်းပခဲ့သည့် မြရိပ်ညို
ဂီတ ပွဲတော်တွင် အမျိုးသမီး အဆိုတော်တစ်ဦး မှာ သီဆိုနေချိန်
သူမ ၏ ၀တ်စားဆင်ယဉ် မှု နှင့် အမူအယာ အချို့ ကြောင့် သတိ
ပေးခံရသည်ဟု သိရသည်။

အဆိုတော် ဂျင်းနီ ဖက်ရှင်

ဖျော်ဖြေပွဲ လာရောက်သည့် ပရိသတ် များ တွင်
အမျိုးသမီး ငယ်များ ကို ၀တ်စားဆင်ယဉ် မှု ကန့် 
သတ်မှု မရှိပဲ သီဆို ဖျော်ဖြေသူများ ကိုသာ ကန့် သတ်သည်
ဟု သိရသည်။

ထင်ရှားသော အမျိုးသမီး ဟစ်ဟောပ် အဆိုတော်တစ်ဦးက
သူများ နိုင်ငံတွေ မှာ ဘယ်လိုဆိုနေကြလဲကြည့်လေ ၊ကျွန်မတို့ က
လူငယ်ပရိသတ် ကိုဖျော်ဖြေတာ လူငယ်နဲ့  တူအောင် တော့ ၀တ်ရမှာပဲ ၊
ထိုင်းတို့ စင်္ကာပူတို့ မှာ တောင် ကိုယ်လုံးတီး မဟုတ်ရင် ကြိုက်တာဝတ်ပြီး
ဆိုလို့ ရတာပဲ ဟု ပြောသည်။

ရောခ် အဆိုတော်တစ်ဦးကမူ ‘ပရိတ်သတ် ကို တော့ ဘာဝတ်ဝတ်
ခွင့်ပြုတာ သူတို့ သားသမီး တွေ ပါနေလို့ ဘာသွား လုပ်လို့ ရမှာ လဲ၊တချို့ အတွဲ နဲ့  ကောင်မလေး တွေ ဆို ဖက်ရှင် ကိုထား လိုက်အုံးရှိုးပွဲ တွေ မှာ ပေါ်တင်ပဲ
နှုတ်ခမ်းချင်း တေ့ စုပ်တာတွေ ဘာတွေ တောင် လုပ်ကြတယ်အခုနောက်ပိုင်း
မိန်းကလေးတွေ ပိုကဲလာတယ် ။ ကျွန်တော်တို့ ခောတ်ထက် အများကြီး
ကွာသွားပြီ ဟု ပြောင်းလဲလာသည့် ရန်ကုန်ဖျော်ဖြေရေး ပွဲစဉ်  ၏ သဘော
သဘာ ၀ ကို သူက ပြောပြသည်။

ရန်ကုန် မြို့ တွင် စတိတ်ရှိုးများ ကျင်းပသော နေ့ ဉ် အမျိုးသမီးငယ်များမှာ
သာမန်ထက် ဆန်းပြား
သော ဖက်ရှင်များဖြင့် လာရောက်ကြည်သည်။စတိတ်ရှိုး ပွဲစဉ်များ တွင် အမြဲ အားပေးဖြစ်သူ တစ်ဦး
က ပွဲ တစ်ပွဲ ကို လက်မှတ် ခ အနည်းဆုံး ငါးထောင် ရှိတယ်။ ဒါပေမယ့် လာကြတာပဲ ။အဲဒီနေ့ မှာ
ရန်ကုန် မြို့ ရဲ့ အကောင်းဆုံး ကားတွေ ကို တစ်နေ ရာ ထဲ မှာ စုစည်း တွေ့  နိုင်တယ်လေ ..ကောင်မလေး
တွေ နဲ့ ပေါ့ ဟု ပြုသည်။

ရန်ကုန် မြို့ ရှိ အသက် ၂၅ နှစ် အောက် အမျိုးသမီး ငယ် များ၏ ကိုးဆယ်ရာခိုင်နှုန်းမှာ ရိုးရာ ၀တ်စား
ဆင်ယဉ်မှု ကို ၀တ်ဆင်မှုမရှိတော့ ဟု ဖက်ရှင် မဂဇင်း တစ်ခု မှ ပြုလုပ်သော စစ်တမ်း တစ်ခု အရ သိရ
သည်။

အခုနောက်ပိုင်း ဖက်ရှင်ကိုလည်း ကြည့်လာကြပြီလေ။ အဆိုတော်ဆိုပြီး အဆိုတော်လို့မမြင်ကြတော့ဘူး ဟု
အဆိုတော် L ဆိုင်းဇီ က ပြောသည်။

အမျိုးသမီး အဆိုတော် အချို့ က မူ အာဏာပိုင် တို့ ၏ ကန့် သတ်ချက် များ ကို မကျေနပ်ကြဟုသိရသည်။
အမျိုးသား ဇာတ်ရုံတွင် မကြာခင် ကျင်းပမည့် အမျိုးသမီး အဆိုတော် L ဆိုင်းဇီ ၏ ဂီတ ဖျော်ဖြေပွဲမှာ လက်
မှတ် ခ ၁၂၀၀၀ ဖြင့် ရောင်းချသော် လည်း ပရိတ်သတ် က စိတ်ဝင်စားသည် ဟု သိရသည်။

ဂျပန်သွားဖို့ကတော့ မကျိန်းသေသေးဘူး။ ဒါပေမဲ့ သွားတော့သွားချင်တယ်။ အမေရိ က ကတော့ ၆ လပိုင်း
၂ဝ ရက်ကျော်ကျော်ဖြစ်လိမ့်မယ်။ အမေရိက ကပထမဆုံးအကြိမ်ပါ။ အဲဒီအတွက်လည်း ကြိုစုနေပြီလေ။

နိုင်ငံတကာ တွင် လူကြိုက်များနေသည့် အဆိုတော် လေဒီဂါဂါ ၏ ဖက်ရှင် အချို့ ကို မော်ဒယ်ရှိုးများ
တွင် ခွင့်ပြုသော် လည်း စတိတ်ရှိုးများ တွင် ခွင့် မပြု ဟု သိရသည်။

4 thoughts on “မြန်မာအဆိုတော်များ နိုင်ငံတကာ ဖျော်ဖြေပွဲ များကဲ့သို့  ဖက်ရှင်ဆန်းဆန်း ဖြင့် လန်းချင် သော် လည်း အာဏာပိုင်များက ခွင့်မပြု

  1. အကိုတို့အမတို့ပြောသလိုပဲ…အခုခောတ်မြန်မာတွေဟာမြန်မာနဲ့မတူတော့ဘူး…ခောတ်ကိုမှီအောင်လိုက်မှာအယူအဆတွေလွဲမှားနေကြတယ်…ခောတ်ကိုအမှီလိုက်နိုင်ဖို့ဆို့တာနည်ပညာပိုင်ကိုအမှီလိုက်နိုင်ရမယ်လေ…အခုကအဲဒီလိုမဟုတ်ဘူး..ကိုယ့်မှာရှိတဲ့ရင်တို့တင်တို့ကိုဘယ်လိုပြရမလဲအချိန်တို်င်းစဉ်းစားနေကြတယ်လေ….ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးသိမ်မွေ့တဲ့ရိုးရာဝတ်စုံကိုအခုအချိန်မှာကြည့်ခြင်လို့ရှာမတွေ့နိုင်တော့ဘူး….လူထုရဲဝတ်စားဆင်ယဉ်မှု့ဟာအနုပညာသမားတွေနဲ့အများကြီးသက်ဆိုင်ပါတယ်..အဲဒါကြောင့်မြန်မာနိုင်ငံရဲ့အမွေအနှစ်ကလေးကိုတော့ဒီနိုင်ငံမှာမွေးတဲ့ကျွန်တော်အမြဲတမ်းမြင်တွေ့သွားခြင်တယ်…

  2. ဟေ့ အဆိုတော်တွေ…..အနုပညာကိုတော့  လေးစားပါတယ်…..ပြောစရာရှိတာတော့ ပြောရမှာဘဲ…
    ၊ကျွန်မတို့ က
    လူငယ်ပရိသတ် ကိုဖျော်ဖြေတာ လူငယ်နဲ့  တူအောင် တော့ ၀တ်ရမှာပဲ ၊
    ထိုင်းတို့ စင်္ကာပူတို့ မှာ တောင် ကိုယ်လုံးတီး မဟုတ်ရင် ကြိုက်တာဝတ်ပြီး
    ဆိုလို့ ရတာပဲ ဟု ပြောသည်
    အမျိုးသမီး အဆိုတော် အချို့ က မူ အာဏာပိုင် တို့ ၏ ကန့် သတ်ချက် များ ကို မကျေနပ်ကြဟုသိရသည်
    ပြောချင်တာကတော့ အဆိုတော်မတွေ
    ညည်းတို့ ကို့ ပညာကို လေးစားကြ..တန်ဘိုးထားကြ…လထူကိုဖျော်ဖြေတာ….အညှီအဟောက်ပြတာဟုတ်ဘူး..နားလည်ကြစမ်းဘာ
    ဆိုတော့  copy….၀တ်တော့ ခိုးချ….ထားတဲ့ design…..ပြောတော့ ..လမ်းဘေးကစကားတွေနဲ့ …နင်တို့ ကြောင့်  မိမနိုင်ဖမနိုင်ပေါက်လိုပဲစားတွေများလာတာ….ထွီ …ဆက်လုပ်ကြဟေ့……….

  3. ကြိုဆိုပါတယ်ဗျာ မြန်မာ့ယဉ်ကျေးမှု့ ကိုအားလုံးက ၀ိုင်မထိမ်းရင် ပျောက်သွားမှာဗျ လွတ်လပ်ခွင့်က ကိုယ့်ယဉ်ကျေးမှုကို မထိခိုက်စေချင်ဘူးဗျာ

  4.ဲမြန်မာတွေပဲဗျာ။ ရိုးရိုးလေးပဲကောင်းပါတယ်။ကျွန်တော်ကတော့မြန်မာတွေကမြန်မာလိုနေ မြန်မာလိုဝတ်စားနေထိုင်တာပဲနှစ်သက်တယ်။အခုတော့မြန်မာအမိန်းကလေးငယ်တွေက ၀တ်စားနေထိုင်မှုမှာ ပြချင်တယ်မပြဘူး ဆိုတာမျိုးဖြစ်နေသလားလို့။

Comments are closed.