4 Killed Helicopter Crash in Myanmar

မြန်မာ့လေတပ်မှ ဆိုဗီယက် (ရှရုား)နိုင်ငံလုပ် Mi-1 အမျိုးအစား ရဟတ်ယာဉ် တစ်စီးသည်
ယမန်နေ့ ညနေ သုံးနာရီခန့် က ရှမ်းပြည်နယ် ပင်းတယ မြို့ အနီးတွင် ပျက်ကျသွားခဲ့သည် ဟု သတင်းရရှိသည် ။
ထိုရဟတ်ယာဉ် ပျက်ကျမှုသည် ဆိုးရွားသည့် ရာသီဥတု ကြောင့် ဖြစ်ကြောင်း ရန်ကုန်(မင်္ဂလာဒုံ လေတပ်)
အရာရှိများ က သုံးသပ်ပြောကြားသည်။
ရဟတ်ယာဉ် ပျက်ကျမှု တွင် ရဟတ်ယာဉ်မောင်းသည့် အရာရှိ တစ်ဦး အပါအ၀င် လေးဦးသေဆုံးပြီး
အခြားလေတပ် အရာရှိတစ်ယောက်မှာ မူ ဒဏ်ရာပြင်းထန်စွာရရှိကြောင်း သိရသည်။သေဆုံးသူများတွင်
အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှုးကြီး အဆင့်ရှိ ဗျူဟာမှုး တစ်ဦး လည်းပါဝင်သည် ဟု သိရသည်။
ရဟတ်ယာဉ်ပျက်ကျရခြင်း အကြောင်း အရင်းကို စစ်အစိုးရ ကသတင်းမထုတ်ပြန်သော်လည်း
မြန်မာ့ လေတပ် မှ အမည် မဖော်လို သောအရာရှိ တစ်ဦးက ‘လေယာဉ်တွေ က ပြုပြင်ထိန်းသိမ်းမှု
အားနည်းတယ်လေ MI 1 ဆိုရှရုား မှာတောင် မသုံး တော့ ဘူးဟု Freedom News Group သို့ ပြော
သည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ က တရုတ်နိုင်ငံလုပ် တစ်ယောက်စီး F 7 အမျိုးအစား ဂျက်တိုက်လေယာဉ်
တစ်စီးမှာ လေ့ကျင့် ပျံသန်း နေစဉ် ဇန်န၀ါရီလ ၂၂ ရက်နေ့ မနက် နံနက် ခုနှစ်နာရီ ခန့် အချိန်တွင်
ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၏ ပြေးလမ်း တွင် ပျက်ကျခဲ့သည်။ထိုပျက်ကျမှု တွင် လေတပ် အရာရှိ
တစ်ဦး သေဆုံးခဲ့သည်။
မြန်မာ စစ်အစိုးရသည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ရုရှား နိုင်ငံ မှ ဒေါ်လာ သန်း၅၇၀ ဖိုးရှိ
ဂျက်တိုက်လေယာဉ်များဝယ်ယူရန် သဘောတူထားပြီးဖြစ်ကြောင်းရုရှား သတင်းဌာန
အီတာတာစ် တွင်ဖော်ပြထားသည်။
Mi-1 အမျိုးအစား ရဟတ်ယာဉ်များ ကို ၁၉၅၀ ခုနှစ်တွင် ဆိုဗီယက် နိုင်ငံက ၎င်းတို့ ၏ လေတပ်
အတွက် စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ် နောက်ပိုင်း တွင် အာဖဂန် နစ္စတန် ကျူးကျော်စစ်ကာ
လများ ဉ် ထောက်ပံ့ နှင့် ပို့ ဆောင်ရေး အတွက် အသုံးချခဲ့သည်။
နောက်ပိုင်းတွင် တရုတ် နိုင်ငံ အပါအ၀င် အရှေ့ ဥရောပ နိုင်ငံများ အီရတ်၊လစ်ဗျား၊ဆီးရီးယား နှင့်
အလယ်အာရှ နိုင်ငံများ ၏ လေတပ်များ တွင် အသုံးပြုခဲ့ကြသည်။
Mi-17 နောက်ပိုင်း ထုတ် ရဟတ်ယာဉ် များမှာ တိုက်ခိုက်ရေး တွင် အသုံးပြုသည်။ Mi-17 ရဟတ်ယာဉ်
အချို့ ကို ကုလ ငြိမ်းချမ်းရေး ထိန်းသိမ်း ရေး တပ်ဖွဲ့ ဝင်များက တီမော၊ကွန်ဂို နှင့် အာဖဂန် နစ္စတန် တို့ 
တွင် သုံးသည်။ မြန်မာ့ လေတပ် တွင် Mi-24 အမျိုး အစား ရဟတ် ယာဉ် ငါးစီးရှိသည် ဟု သိရသည်။
မြန်မာ စစ်အစိုးရသည် Mi -1 နှင့် Mi – 2 အမျိုးအစား ရဟတ်ယာဉ် များ ကို ၁၉၈၈ ခုနှစ် နောက်ပိုင်း
တွင်ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
