ထိုင်း-မြန်မာ နယ်စပ် မြ၀တီ မြို့ တွင် တရားဝင်ဖွင့်လှစ်ထား သော ဂိတ်များ မဟုတ်ပဲ အောက်ဂိတ် ဟု
ခေါ်သည့် မှောင်ခိုဂိတ်များ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်လာသည် ဟု ကုန်သည် များ ၏ ပြောကြားချက်အရ
သိရှိရသည်။
ထိုဂိတ်များကို နယ်မြေခံတပ်ရင်း များ မှ စစ်ဗိုလ်များ က ဦးစီးလုပ်ကိုင်ကြခြင်း ဖြစ်သည် ဟု
မြ၀တီ ကုန်သွယ်ရေးဇုံဂိတ်နှင့် သင်္ကန်းညီနောင် ဂိတ်များ ကို ရှောင်ကွင်းသွားသည့် လမ်းတွင်
စစ်တပ်က ဂိတ်တဂိတ်ဖွင့်လိုက်ပြီး ထိုဂိတ်မှာ မြ၀တီ မြို့ အနီးရှိ ဂိတ်များ အနက် အကြီးဆုံးဖြစ်သည် ဟု သိရသည်။
မှောင်ခိုဂိတ်များ တွင် ထိုင်းနိုင်ငံဘက်မှ တရားမ၀င် တင်သွင်းသည့် မော်တော်ကားများ၊ဆီ နှင့် လျှပ်စစ်ပစ္စည်း
များ ကိုတင်သွင်းကြသည် ဟု သိရသည်။မြန်မာနိုင်ငံ ဘက်ခြမ်းမှ ဆန် ၊သစ်တောထွက် ပစ္စည်းများ ၊ပဲနှင့်
ရှေးဟောင်းပစ္စည်း များ မှာ ထိုဂိတ်များ မှ ဖြတ်သန်းသယ်ယူမှု ပြုသည် ဟု သိရသည်။
မြ၀တီမြို့ နှင့် အနီးဆုံးဖြစ်သည့် အောက်ဂိတ်အား စစ်ဗျူဟာမှုး ဗိုလ်မှုးကြီး ခင်မောင်ဌေး ၏ ညွှန်ကြားချက်အရ
ဗိုလ်ကြီး ကျော်နိုင်ဦး ( တာဝန်ခံ )၊ တပ်ကြပ်ထွန်းဇော်ဦး၊ ဒုတပ်ကြပ်တင်လှ တို့မှ ကုန်သွယ်ရေးဇုံဂိတ်ကို
ရှောင်ကွင်း သွားသည့် အောက်လမ်းဂိတ်များ ကို ဖွင့်လှစ်ခြင်းဖြစ်သည်။ ထိုဂိတ်တွင် ဖြတ်သန်းဖူးတဲ့ ကုန်သည်
တစ်ဦးက သင်္ကန်းညီနောင်ဂိတ် တို့ ကုန်သွယ်ရေး ဂိတ်တို့ ထက်တော့ အသက်ရှု ချောင်တယ် ၊လမ်းကသွားတဲ့
ကားတွေကို ငွေသတ်မှတ်ပြီးကောင်တယ်။ ငွေကို ၈ိတ်မှာမပေးရဘဲ ဂိတ်နဲ့ ကိုက်၁၀၀ အကွာမှာရှိတဲ့ ရွာသားကြီး
စားသောက်ဆိုင် မှာပေးရတယ်။ ၁၂ ဘီး-၁၀ဘီး ကားတစီးကို ၂သိန်းခွဲ၊မှန်လုံကားသေးကျပ်
၅သောင်း၊ မှန်လုံကားကြီး ၁သိန်း၊၁သိန်းခွဲ- ဟိုင်းလတ် ၃သောင်း၊ လိုင်စင်မဲ့ ကား၁သိန်းကနေ ၂သိန်း
ကောက်တယ်။ ငွေတောင်းတာမကျေနပ်လို့ ကားပိုင်ရှင်တွေနဲ့ငြိမ်းချမ်းရေးအဖွဲ့တွေက နေပြည်တော်
ဗိုလ်ချုပ်မှုးကြီးသန်းရွှေဆီကို တိုင်စာပို့ထားတယ်ပြောတယ်။ ဒီရက်ပိုင်းကစတယ်။ဘာပဲပြောပြော သွင်းရတာ
ပိုက်ဆံပေး လိုက်ရင် ပြီးပြီ ဆိုတော့ တော်သေးတယ် ဟု ပြောသည်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အဆင်းရက် နေ့ များဉ် ထိုဂိတ်တွင် ငွေပေးပြီး ဖြတ်သန်းသွားသောကားများမှာ
DKBA ကား ၁၇ စီးအပါအ၀င် အစီး ၃၀ ကျော်သည် ဟု သိရသည်။
