ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့ ဉ် ရှားပါး ဓာတ်ပုံများ အား ဂါးဒီယန်း သတင်းစာတွင် ပထမ ဦးဆုံးအကြိမ်ဖော်ပြ

Unpublished Photo of Daw Aung San Suu Kyi

တစ်ကြိမ်တစ်ခါမှ ပုံနှိပ်ဖော်ပြခံရခြင်းမရှိသေးသည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံများ
၁၉၇၂ နှစ်သစ်ကူးနေ့  ချယ်ဆီးတရားရုံးဉ် မင်္ဂလာလက်မှတ်ရေးထိုးစဉ် မိုက်ကယ်အဲရစ် အသက် ၂၆ ဒေါ်အောင်ဆန်းစုကြည် အသက် ၂၅ Photograph: Private Aris Family Collection
ဒေါ်ခင်ကြည် ၊ဒေါ်အောင်ဆန်းစုကြည် ၊မစ္စတာ မိုက်ကယ်အဲရစ် နှင့် သားဦးလေး အလက်ဇန္ဒား ၁၉၇၄ ခုနှစ် ရန်ကုန် မြို့

1973 ခုနှစ် အောက်စဖို့ ဒ် တက္ကသိုလ် တွင် ပညာသင်ကြားစဉ်
လန်ဒန် နေအိမ်ဉ် မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနား ကျင်းပစဉ်က
၁၉၇၁ ဘူတန် နိုင်ငံ တာခ်(စ)တန် နှင်းတောင် ဘုရား ကျောင်း တွင် တိဘက် သမိုင်းပညာရှင် မိုက်ကယ် က ဒေါ်အောင်ဆန်းစုကြည် အား ချစ်ရေး ဆိုခဲ့စဉ်က
၁၉၇၁ ခုနှစ် ဘူတန် တွင် မြည်းပုလေး နှင့် အတူ
မိသားစု နှင့် အတူ ပျော်ပွဲစားထွက်စဉ်က
သားငယ်အလက်ဇန္ဒား နှင့် ကင်တို့ နှင့် ၁၉၈၀ အင်္ဂလန် တွင်

40 thoughts on “ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့ ဉ် ရှားပါး ဓာတ်ပုံများ အား ဂါးဒီယန်း သတင်းစာတွင် ပထမ ဦးဆုံးအကြိမ်ဖော်ပြ

  1. ဟုတ်တယ် min latt ပြောတာမှန်တယ် ဘာကြောင့်မို့ တခုခုဆိုရင် နိုင်ငံခြားသား ကိုယူတာကိုပဲ လာခလုတ်တိုက်နေလဲမသိ … အမေစု အပြစ်လား ကိုယ်ဆို၇င်တော့ အမေစုနေ၇ာမှာဆို ဘယ်လိုလျှောက်မှာလဲ ?

  2. ခုလိုပုံလေးတွေတင်ထားပေးတဲံအတွက်ကျေးဇူးတင်ပါတယ်အေးသက်ကအရမ်းငယ်နေသေးတယ်ခုမှ၁၇ပဲရှိသေးတော့အမေစုတို့အကြောင်းကိုသိပ်မမှီလိုက်ပါဘူးခုမှပဲတွေ့တော့တယ်ဘာပဲဖြစ်ဖြစ်အမေစုကိုအေးသက်သိပ်ချစ်တယ်လေးလဲလေးစားတယ်အမေစုလိုမျိုးလူတွေများများရှိမှအေးသက်တို့အတွက်ကောင်းမှာပါအမေစုကျန်းမာပါစေလို့အေးသက်ဆုတောင်းလိုက်ပါတယ်ဆက်ပြီးတော့လဲလွက်လပ်မူတွေများများရပါစေလို့ဆုတောင်းပါတယ်အေးသက်ပြောတာတွေမှာအမှားပါရင်လဲခွင့်လွတ်ပေးပါလို့ပြောချင်ပါတယ်အမှားမှားပါရင်ခွင့်လွတ်ပေးပါ……..အေးသက်

  3. စေါင့်လေမျိုးနွယ် ဆိုတာရှင်းပါတယ်…. မြန်မာနိုင်ငံကထွက်သမျှ သယံဇာတတွေကို တရုတ် ကုလား ယိုးဒယားလူမျိုးတွေ စိတ်ကြိုက်သုံးခွင့်ရနေချိန်မှာ မြန်မာလူမျိုး၉၀%က အမှောင်ထဲမှာ ဖယောင်းတိုင်ထွန်း နေခိုင်းထားတာကို ဆိုလိုပါတယ်။ မြန်မာပြည်က ထွက်တဲ့ အဖိုးတန် ရတနာတွေကို လဲ မြန်မာပါတ်စ်ပို.ကိုင်ထားသူ ဆိုရင် ဝယ်ယူခွင့်မရှိဘူးလေ ပြည်ပကိုသယ်ခွင့်မပေးဘူး.. ဒါပေမယ့် နိုင်ငံခြားသား ခံယူထားပြီး နိုင်ငံခြားသားပါတ်စ်ပို. ကိုင်ထားရင်တော့ ကြိုက်သလောက် ၀ယ်ပြီးပြည်ပကို ထုတ်သွားလို.ရပါတယ်။ အဲဒါ ကိုယ့်လူမျိုးကိုယ် စေါင့်ရှောက်တယ် လို.ခေါ်တယ်။…. စစ်သားအစေါင့်တွေကြားက တရားမ၀င်ခိုးဝင်လာတဲ့ အမေရိကန်သား ဂျွန်ယက်တောကိုတော့ လွှတ်ပေးပြီး လုံခြုံရေးအထပ်ထပ်ကြားမှာ အကျယ်ချုပ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူဒေါ်စုကို ဆက်လက် ထိမ်းသိမ်းထားတာလဲ ထင်ရှားတဲ့ သာဓကပါဘဲ။

  4. အာကာဆိုတဲ့အထက်ကလူကိုပြောချင်တယ်..အန်တီစုရဲ့ဖေဖေ (ဗိုလ်ချုပ်အောင်ဆန်း)ကပြောခဲ့ဘူးတယ် စကားကို..ကျောင်းစာအုပ်ထဲမှာတောင်မှထည့်ထားတယ်..ဗိုလ်ချုပ်အောင်ဆန်းကလူမျိုးရေးမုန်းတီးမှု့မရှိဘူး..အဲဒါမင်းသိသလား..အင်္ဂလိပ်ကိုဗိုလ်ချုပ်အောင်ဆန်းကမမုန်းဘူး..ဘယ်လူမျိုးမှမမုန်းဘူး..ဒါပေမဲ့..နယ်ချဲ့ဝါဒကိုတိုက်ခဲ့တာ..နယ်ချဲ့စံနစ်ကို တိုက်ခဲ့တာ..အဲဒီအချိန်ကအင်္ဂလိပ်ကနယ်ချဲ့ဝါဒ.နယ်ချဲ့စံနစ်လေ..အင်္ဂလိပ်ကိုတိုက်ထုတ်တယ်ဖြစ်သွားရော..နားလည်ပြီလား..လေ့လာပါ..မှတ်သားပါ..ဒီလိုအင်တာနက်စာမျက်နှာပေါ်မှာမြန်မာပြည်ကကြေးမုံသတင်းစာကိုဖတ်ပြီးရတဲ့အသိညဏ်လောက်နဲ့တော့comment.မှာမရေးသင့်ဘူးထင်တယ်.ဘာကြောင့်ဆိုတော့အာကာကကြံ့ဖွတ်တို့.ဖါခေါင်းတွေ.ကလေကချေတွေ.အလေနတ်တောတွေနဲ့ဖွဲ့စည်းထားတဲ့စွမ်းအားရှင်ဆိုတဲ့ကောင်တွေရဲ့ဦးနှောက်လေါက်ပဲမင်းမှာရှိလို့စေတနာနဲ့ပြောတာပါ.စိတ်မဆိုးနဲ့နော်..၂၁ရာစုဖက်ရောက်လာတဲ့တိုင်အောင်အာကာအတွေးအခေါ်တွေကကျဉ်းပြီးရင်းကျဉ်းနေရင်ကြာရင်ပိတ်သွားလိမ့်မယ်နော်..open mind and open brain..လုပ်ပါ..ကိုယ်ကအန်တီစုနဲကို ကိုယ့်အနေနဲ့ရှင်းရှင်းပြောမယ်..ဘုရားနဲ့တဂိုဏ်းထဲနီးပါးထားတယ်..ဒါကိုယ့်ယုံကြည်ချက်ပဲ..ညစဉ်ကန်တော့တဲ့အခါအန်တီစုအမြဲပါတယ်..ဘုရားပြီးရင်အန်တီစုပဲ..လက်ရှိဗမာပြည်မှာလူတွေအရမ်းဒုက္ခရောက်နေတယ်.ဘယ်သူ့တွေကြောင့်လို့မင်းထင်သလဲ..တိုင်းပြည်အပေါ်ထားတဲ့စေတနာ.မေတ္တာဆိုတာ..ဒါပဲ..ဒါပဲလို့ငါပြောတာကိုမင်းနားမလည်လို့မေးချင်ရင်..phyoehantun2008@gmail.com .ကိုဆက်သွယ်ပေါ့…မမေ့နဲ့နော်..open mind and open brain..alittle knowledge cause, must suffering..တဲ့..ပညာတတ်တယောက်ဖြစ်တယ်ဆိုရင်ငါပြောခဲ့တဲ့အင်္ဂလိပ်စာရဲ့မြန်မာလိုအာကာနားလည်မှာပါ…

  5. ဘာမှမမြင်ရပါဘူး…ဒါပေမယ့်
    ကောင်းတာလုပ်တဲ့သူကောင်းတာခံစားရမယ်..
    မကောင်းတာလုပ်တဲ့လဲ ..တူသောအကျိုးကိုခံစားရမှာပဲ
    ဒီတော့….စကားပြောတာလေးတွေရပ်ပြီး
    အလုပ်နဲ့သက်သေပြကြရမှာပါ..
    ကိုယ့်နိုင်ငံကိုတိုးတက်ကောင်းမွန်စေချင်ကြတာနိုင်ငံသားတိုင်းရဲ့ရှိရင်းစွဲစိတ်ဓါတ်လို့ ကျွန်တော်ထင်ပါတယ်…
    ဒါကြောင့်ကိုယ့်နိုင်ငံကို အရမ်းတိုးတက်စေချင်ပါတယ်လို့ပြောနေကြတဲ့သူတွေဟာ…
    စဉ်းစားဖို့လိုပါတယ်….ငါနိုင်ငံကောင်းကျိုးအတွက် ငါဘာလုပ်ပြီးပြီလဲဆိုတာကိုပါ…
    စဉ်းစားပြီးရင်..အခုငါဘာလုပ်သင့်သလဲဆိုတာကိုဆက်စဉ်းစားဖို့လိုပါမယ်..
    အိပ်ယာပေါ်မှာလှဲလိုက်ပါ..ပြီးရင်နဖူးလက်တင်ပြီး ဘာလုပ်သင့်လဲစဉ်းစား ပြီးရင်..
    ကိုယ့်ကိုကိုယ်မလိမ်ညာပဲဆုံးဖြတ်ချက်တစ်ခုကို
    ပိုင်ပိုင်နိုင်နိုင်ချပြီးမှအိပ်ယာပေါ်က ပြန်ဆင်းလာခဲ့ပါ..
    ဒါဆိုရင် တကယ့်လက်တွေ့ဘ၀ကိုရောက်လာပါလိမ့်မယ်လို့ ကျွန်တော်ရဲ့အဆင့်မမီသေးဘူးလို့ခံယူထားတဲ့
    ဥနှောက်သေးသေးလေးနဲ့ အကြံပြုပါရစေ…
    အားလုံးကို ကျေဇူုးတင်ပါတယ်…

  6. ဘာမှတော့မမြင်ရဘူး..
    ဒါပေမယ့်..ကောင်းတာလုပ်တဲ့သူကောင်းတဲ့အကျိုးကိုခံစားရမယ်..
    မကောင်းတာလုပ်တဲ့သူလဲ တူသောအကျိုးကိုခံစားရမှာပါပဲ
    ကဲခုတော့…
    အပြောလေးတွေနားလို့ အလုပ်ကလေးတွေနဲ့
    ကိုယ်နိုင်ငံတိုးတက်ဖို့ ကြိုးစားကြပါစို့
    အပြောနဲ့တင် နိုင်ငံတိုးတက်ဖို့မဖြစ်နိုင်ဘူးဆိုတာ
    ဥနှောက်မှန်ရှိတဲ့သူတိုင်း တွေးမိကြလိမ့်မယ်လို့ယုံကြည်ရပါတယ်..
    ကိုယ်နိုင်ငံတိုးတက်စေချင်ပါတယ်ဆိုတဲ့သူတွေ..ကိုယ်နိုင်ငံအတွက်
    ဘာတွေလုပ်ခဲ့ပြီးပြီလဲဆိုတာကိုတော့
    ကိုယ့်ကိုကိုယ် အသိဆုံးဖြစ်မှာပါနော်..
    ဒီတော့…ဘာလုပ်သင့်သလဲဆိုတာကို အိပ်ယာပေါ်တက်… နဖူးပေါ်လက်တင်စဉ်းစား…
    အိပ်ယာပေါ်ကမဆင်းခင် တခါတည်းဆုံးဖြတ်ချက်ချကြပါလို့…
    တိုက်တွန်းလိုက်ချင်ပါတယ်…
    ကျွန်တော်က တကယ့်ချာတိတ်ပါ..ဒီနယ်ပယ်မှာပေါ့
    ကျွန်တော့်ထက် ဒီနယ်ပယ်ကို ပိုကျွမ်းကျင်တဲ့သူတွေက ကျွန်တော်ဘာကိုဆိုလိုတယ်ဆိုတာ
    သိလိမ့်မယ်လို့ ယုံကြည်ရပါတယ်…
    အားလုံး ကျေးဇူးတင်ပါတယ်…

  7. ဇာတိကအရေးမကြီးဘူး…
    လုပ်ဆောင်ချက်ကအရေးကြီးတယ်
    (ကျနော်ပြောတဲ့ဇာတိက မွေးရပ်မြေကိုပြောတာမဟုတ်ဘူး)

  8. ဘာပုံမှတော့မမြင်ရဘူး..ဒါပေမယ့်….ကောင်းတာလုပ်တဲ့သူအတွက်ကောင်းတဲ့အကျိုးကျေးဇူးခံစားရမှာပဲ…
    မကောင်းတာလုပ်တဲ့အတွက်လဲ တူသောအကျိုးကိုခံစားရမှာပါပဲ….
    အပြောတွေ ခဏနားကြပြီး…
    ရိုးသားကြိုးစား လုပ်အားဖြင့်နိုင်ငံတည်ကြပါစို့…..
    ပြောနေကြရုံနဲ့ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ ဥနှောက်မှန်ရှိတဲ့သူတိုင်းသိကြပါတယ်…
    ကိုယ့်နိုင်ငံ တိုးတက်စေချင်တယ်ဆိုတဲ့သူတွေ..
    ကိုယ့်နိုင်ငံအတွက် ကိုယ်ဘာတွေလုပ်ဖူးသလဲဆိုတာကိုတော့…
    ကိုယ့်ကိုကိုယ်..အသိဆုံးဖြစ်လိမ့်မယ်လို့ ယုံကြည်ရပါတယ်…
    အိပ်ယာပေါ်တက်ပြီး အရင် နဖူးပေါ်လက်တင်စဉ်းစား ကြည့်လိုက်ပါအုံး..
    ပြီးရင်ငါဘာလုပ်သင့်သလဲဆိုတာကိုပါ အိပ်ယာပေါ်ကမဆင်းခင်ဆုံးဖြတ်ချက်ချဖို့
    အားလုံးကိုတိုက်တွန်းချင်ပါတယ်….
    ကျနော်ကတကယ့်ချာတိတ်ပါ….
    ကျနော်ထက်အသက်ပိုကြီးတဲ့သူတွေ..ကျနော်ထက်ပိုနားလည်လိမ့်မယ်လို့ယုံကြည်ပါတယ်…
    ကျနော်စကားလုံးတွေရွေးတာများမှားခဲ့ရင် …တောင်းပန်ခဲ့ပါတယ်…ကျေးဇူးတင်ပါတယ်..

  9. အမေစုကို အရင်ကတည်းက အရမ်းချစ်ပြီး အရမ်းလေးစားခဲ့တာပါ။
    ဒီလိုအမျိုးသမီးမျိုးက နောက်ဘယ်တော့မှပေါ်လာတော့မှာမဟုတ်ဘူး။
    မြန်မာနိုင်ငံ ဒီမိုကရေစီရဖို့ အားလုံးရှေ့ကနေ မားမားမတ်မတ် ရပ်ပြီး ကာကွယ်နေတာပါ။
    သူ့လိုဘယ်သူစတေးနိုင်မှာလဲ..
    ပိုပြီးခံစားသွားရတာက oxford မှာ တက္ကသိုလ်သွားတက်တာတောင် ထမိန်လေးနဲ့..
    တကယ်ကို အံ့သြသွားတာပါ။

  10. HAPPY BIRTHDAY AUNT SU. LONG LIFE LIVE. Happy to see your photos. YOU ARE GREAT GREAT LEADER. WE LOVE YOU.
    I totally object of အာကာ’s comment.Get out man!! Do not write anymore!!
    She has right to choose her beloved one.You have nothing to say about that. you must understand that she love our country more than you do and she did for the country much more than any other.
    Thank for posting her photos.

  11. အာကာ ဆိုတဲ့ကောင် ငယ်ငယ်က သားသမီးဝတ်ကို သင်တုန်း သေချာ နားမထောင်ခဲ့လို့ ပြောချင်ရာပြောမိတာနေမှာပါဗျာ။ ခင်ဗျားတို့ကလည်း သိပ်အလေးအနက်ထားပြီး ရှင်းပြမနေပါနဲ့။ ပြောလည်း နားဝင်မှာမဟုတ်ပါဘူး။ သူ့ကြည့်ရတာ အမျိုးအနွယ်ဆိုတာ ပေါင်းပြီး စားကြတဲ့ ဗိုလ်ချုပ် တူတို့ သားမက်တို့ ဦးလေး တို့ လိုမျိုးကိုပြောတာထင်နေတာထယ်ရဲ၊

  12. နိုင်ငံခြားသားကိုယူလို့ စောင့်လေမျိုးနွယ် တွေဘာတွေ …. မညီတာ မကိုက်တာဆိုတဲ့ အကာပဲရှိတဲ့စကားတွေကို .. ခေါင်းထဲမှာရှိတဲ့ ဦးနှောက်ကလေးသုံးပြီး ပြန်လည်တွေတောစေချင်ပါတယ် ….. မြန်မာနိုင်ငံမှာနေပြီး … ကြောင်သူတော်တွေလည်း မနည်း ….. ပြီးတော့ နိုင်ငံခြားတိုင်းတပါးကို ခွဲခြားတန်းတူမမြင်ရင် McDonald တို့  Fried Chicken KFC / Burger / Sushi / ပေါက်စီ / parata တွေမစားကြနဲ့ လေ … Apple ရဲ့  ipod / ipad / window တွေမသုံးနဲ့ ပေါ့ ….. စကားတွေမှာ အကာပဲမရှိစေချင်ဘူး ။။။ ဖျတ်ခနဲ ဖတ်လိုက်ရင် မျိုးသိပ်ချစ်ပါလားလို့ ထင်အောင်ဆိုရင်တော့ .. မျိုးချစ်တယ်ဆိုတာ နိုင်ငံရေးလုပ်မှ အော်နေမှ ပါးစပ်ကပြောနေမှ မဟုတ်ဘူး ကိုယ့်လူမျိုးတိုးတတ်ဖို့ အတွက် တဖက်ကနေ ကူညီနိုင်အောင် ကြိုးစားနေရင် မျိုးချစ်စိတ်ဓာတ်ဆိုတာရှိတာပဲ လို့ ထင်မိတယ်

    1. ကြုံမှပဲ….ပြောလိုက်တော့…ဘာမှမဆိုင်ဖူး…တစ်ဖက်သက်လိုရာဆွဲံတွေးနေပါလား..ဟရီု့ 

  13. အပေါ်က ကိုအာကာ ဆိုသူရဲ့စာကိုရည်ညွှန်းပါတယ်။ အဲဒီ ကိုအာကာဆိုသူကို မေးချင်ပါတယ်။ ခင်ဗျားနားလည်ထားတဲ့ ”စောင့်လေမျိုးနွယ်” ဆိုတာဘာပါလဲ။ မျိုးနွယ်ဆိုတဲ့အဓိပ္ပါယ်ဆိုတာကကောဘာကိုဆိုလိုတယ်ဆိုတာ သိပါသလား။ အဲဒီမျိုးနွယ်ဆိုတဲ့အရာဟာ မိမိတို့ မွေးဖွားရာတိုင်းပြည်မှာရှိတဲ့လူတိုင်းလူတိုင်းကို ဆိုလိုပါတယ်။ နေရာ၊ဒေသ၊ပတ်ဝန်းကျင်ကြောင့်သာ ဘာသာစကား၊အသားအရောင်၊အမူအကျင့်တွေ ပြောင်းလဲသွားကြတာဖြစ်ပါတယ်။ ခင်ဗျားလို လိုရာစွဲတွေးတိုင်းတာဆိုကြမယ်ဆိုရင် ဗမာလူမျိုးဆိုတာဟာ တကယ်တော့ အရှေ့တောင်အာရှ မြို့နိုင်ငံတွေကို ၀င်ရောက်လုယက် ဖျက်ဆီးခဲ့တဲ့ နန်ကျောင်စစ်တပ်ကြီးမှာ မန်းမန်အမျိုးအနွယ်တွေပါ။အပြည့်အစုံကို (ဒေါက်တာသန်းထွန်းရဲ့ မြန်မာသမိုင်းပုံ စာအုပ်)မှာဖတ်ရှုနိုင်ပါတယ်။ ဒီတော့ ဗမာလူမျိုးစစ်စစ်ဆိုတာ မရှိဘူး။အဲဒီတော့ စောင့်လေမျိုးနွယ်ဆိုတဲ့ အဓိပ္ပါယ်ဆိုတာဟာ မိမိမှာမှီတင်းနေထိုင်တဲ့ လူတိုင်းလူတိုင်းကို ကာကွယ်စောင့်ရှောက်တာ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းဆုကြည်ဟာ လောလောဆယ် ကျွန်တော်မြင်တွေ့နေတာကတော့ သူဟာစောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးကျင့်ဝတ်ကို ကိုအာကာတို့ကျွန်တော်တို့ထက်ကို ပိုပြီးထမ်းဆောင်နေတယ်လို့မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ကိုမွေးတဲ့တိုင်းပြည်ကပြည်သူ(တနည်း)မျိုးနွယ်တိုးတက်ဖို့အတွက် သူမဘဝကိုအနစ်အနာခံ ကြိုးပမ်းနေတာ(တနည်း) စောင့်ရှောက်နေတာလို့တော့ ကျွန်တော်မြင်ပါတယ်။ အရာရာကိုပေါ့ပေါ့တွေးပြီးပေါ့ပေါ့မရေးပါနဲ့လို့သတိပေးလျက်…….
    အထက်ဖော်ပြပါ အကြောင်းအရာများကို ဆက်လက်ဆွေးနွေးလိုပါလျှင် daung.zarni@gmail.com ကိုဖိတ်ခေါ်ပါတယ်။

  14. သားသမီးကျင့်ဝတ်ဆိုရာမှာ အမျိုးအနွယ်တခုထဲကို ပြောတာမဟုတ်ပါ။ မိဘများရဲ့ လုပ်ဆောင်ချက်များ၊စီးပွားရေး၊လူမှုရေးများကို သားသမီးက ဆက်လက်တာဝန်ကျေအောင် ဆောင်ရွက်တာကို ဆိုလိုပါတယ်။ မိမိရဲ့ အမျိုးအနွယ်အပေါ်မှာ တာဝန်သိသိနဲ့ တာဝန် ကျေရင် ကျင့်ဝတ်ကို လိုက်နာတာပါပဲ၊ လူမျိုးချင်းမတူပေမဲ့ ဘာသာချင်းတူသူကို ယူခဲ့တာ ပိုတောင် ပြောလို့ မရပါဘူး။ ဒါလဲ နိုင်ငံခြားမှာ ကလေးဘဝထဲက ကြီးပြင်းခဲ့တာဆိုတော့ နီးစပ်ရာသဘောဖြစ်သွားတာပါ၊ အဲလို ဖြစ်အောင် ဦးနေဝင်းက တမင်လုပ်ခဲ့တာပါ။ အဓိကက တိုင်းပြည်နဲ့ လူမျိုးအပေါ် မိဘများလုပ်ခဲ့တဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ဖို့ အဓိကပါပဲ။
    အမေစု 65 နှစ်မှ အနှစ်တရာကျော်တိုင်နေပြီး တိုင်းပြည်မှာ အမှန်တရားများ ထွန်းကားအောင် လုပ်ဆောင်နိုင်ပါစေ…။

  15. z mar :သားသမီးဝတ်တရာမကျေရအောင်အန်တီစုကဘာလုပ်နေလိုလဲ…..ဗိုလ်ချုပ်ရဲသွေးပါလိုပြည်သူအတွတ်အနစ်နာခံတာပေါ။မြန်မာပြည်မှနေခွင်ရရင်အန်တီစုလဲဒါမျိုးဖြစ်ချင်းမလာ။အမိမြေကိုချစ်လိုသူဘ၀မှာလက်လွတ်ခဲတာတွေအများကြီး။မြင်အောင်ကြည်ရင်မြင်မှာပါ။အန်တီစုကျန်မားပါစေလိုဆုတောင်းပါတယ်

  16. သားသမီးဝတ်တရာမကျေရအောင်
    အန်တီစုကဘာလုပ်နေလိုလဲ…..ဗိုလ်ချုပ်ရဲသွေးပါလိုပြည်သူအတွတ်အနစ်နာခံတာပေါ။မြန်မာပြည်မှနေခွင်ရရင်အန်တီစုလဲဒါမျိုး
    ဖြစ်ချင်းမလာ။အမိမြေကိုချစ်လိုသူဘ၀မှာလက်လွတ်ခဲတာတွေအများပါ။မြင်အောင်ကြည်ရင်မြင်မှာပါ။အန်တီစုကျန်မားပါစေလို
    ဆုတောင်းပါတယ်

  17. ဗိုလ်ချုပ်ရဲ.သွေးက…အန်တီစုတစ်ယောက်တည်းရှိတာမဟုတ်ပါဘူး။ဒါပေမယ့်ဗိုလ်ချုပ်လို နိုင်ငံကိုချစ်လို့ အနစ်နာခံတာတော့ ဗိုလ်ချုပ်သွေးပါတဲ့သူတွေထဲမှာ အန်တီစုတစ်ယောက်ပဲရှိပါတယ်…။သွေးနဲ့မဆိုင်ပါဘူး။ဗိုလ်ချုပ်လို နိုင်ငံကိုချစ်ပြီး အနစ်နာခံနိုင်ဖို့ပဲလိုပါတယ်။အမြင်မကျဉ်းပါနဲ့။ဘယ်သူများ အန်တီစု လို လုပ်နိုင်လဲ…ရှိရင်ပြောပါ။

  18. ဘာပုံမှမမြင်ရလို့ဘာ comment မှမပေးနိုင်ဘူးဖြစ်နေတယ်…

  19. မိန်းမတစ်ယောက်က..ယောက်ျားတစ်ယောက်ကိုချစ်လို့ယူတာပဲလေ..။ဒီခေတ်ထဲမှာလူမျိုးကြီးစိတ်ဓာတ်မထားသင့်တော့ဘူးထင်ပါတယ်။လူမျိုးကြီးစိတ်ဓာတ်ထားလို.ကျဆုံးသွားတဲ့အင်ပါယာတွေကိုမကြားဖူးသေးဘူးထင်တယ်။ဟစ်တလာ. လမ်းစဉ်လိုက်ချင်လို.လား။မြန်မာလူမျိုးတွေလည်း စစ်အစိုးရမှိုင်းသွင်းထားတဲ့ လူမျိုးကြီးဝါဒကို တော်တော်ပုံစံကျနေပြီထင်ပါတယ်။မြန်မာ မြန်မာဆိုပြီးအသားလွတ်ကိုယ်. ကိုယ်ကို အထင်ကြီးမနေကြပါနဲ့။မြန်မာကိုကမ္ဘာကလေးစားအောင်ရှေးက ဗိုလ်ချုပ်တို.,ဦးသန်.တို့လိုကြိုးစားဖို.တော့မေ.နေကြတယ်ထင်ပ။အခုခေတ်မြန်မာမိန်းမတွေ..နိုင်ငံခြားသားကိုယူကြတာလည်းမသိသေးဘူးထင်တယ်။ဒီခေတ်မှာနိုင်ငံခြားသားကိုမယူလဲပျက်စီးနေတဲ့မိန်းမတွေအပုံကြီးပါ။အဲဒါကမှရှက်ဖို့ကောင်းတာပါ။တလွဲဆံပင်မကောင်းကြပါနဲ့။ကိုယ်.မှာညီမရှိရင် ကိုယ့်ညီမကို ကိုယ်နိုင်အောင်ထိန်းဖို.ကြိုးစားပါ။

  20. အသက် ၆၅ နှစ်ပြည့်နှစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ် …အမေစု

  21. “သားသမီးဝတ်နဲ့မညီတဲ့အတွက်ဝမ်းနဲမိပါတယ်”ဆိုတာ..လိုရာဆွဲတွေးထားတာပါ…မျက်လုံးလေးနဲနဲပွတ်ကြည့်ပါ…ရဲရဲပွတ်ကြည့်…မြင်လာပါလိမ့်မယ်…အမှောင့်ပရောဂတွေတော့သတိပြု…ကိုယ်ပိုင်ဥာဏ်နဲ့ရှူ…

  22. အမေစု
    ဒီလောက်ကြမ်းတမ်းခက်ထန်လှတဲ့ မြန်မာပြည်ကြီးထဲမှာ အမေတို့သားအဖလောက် တော်ပြီးကြည်ညိုစရာကောင်းတဲ့လူ နောက်ထပ်ပေါ်ဖို့ မဖြစ်နိုင်တော့ပါဘူး…အဖေလိုတော်ပေမယ့် အဖေလောက်လုပ်ပိုင်ခွင့်တွေမရတဲ့အတွက်လဲ အတိုင်အဆမသိလောက်အောင်ကို ၀မ်းနည်းမိပါတယ်…မြန်မာပြည်ကြီးဖြစ်တည် ကတဲ့က ကို့ပြည်သူတွေအတွက်တကယ့် သူရဲကောင်းဟာ အမေစု နဲ့ အဖ ဗိုလ်ချုပ်အောင်ဆန်း ပါပဲ အမေ….
    အမေစုသာ သားတို့ ရဲ့ ခေါင်းဆောင်အစစ်အမှန်ပါ…
    သားနဲ့တကွ မြန်မာပြည်သူတွေအားလုံး အမေဘက်ကရှိနေမယ်..
    အမေစု ကျန်းမာပါစေ….

  23. နိုင်ငံခြားမှာကြီးပြီး နိုင်ငံခြားမှာနေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ အနေနီးစပ်ရာနဲ့အိမ်ထောင်ကျရတာ မဆန်းပါဘူး။ သူ့ရဲ့ခံယူချက် သူ့ရဲ့ရည်မှန်းချက်သာ အရေးကြီးတာပါ။ ကိုယ့်သားသမီး အရင်းတွေတောင်ပစ်ပြီး ဒီမှာဒုတ်ခတွေခံနေကတည်းကိုက သူဟာအနစ်နာခံနိုင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါပဲ။
    (65)နှစ်ပြည့်မွေးနေ့မှာပျော်ရွှင်ပါစေ …………………

  24. မိန်းမတစ်ယောက်က..ယောက်ျားတစ်ယောက်ကိုချစ်လို့ယူတာပဲလေ..။ဒီခေတ်ထဲမှာလူမျိုးကြီးစိတ်ဓာတ်မထားသင့်တော့ဘူးထင်ပါတယ်။လူမျိုးကြီးစိတ်ဓာတ်ထားလို.ကျဆုံးသွားတဲ့အင်ပါယာတွေကိုမကြားဖူးသေးဘူးထင်တယ်။ဟစ်တလာ. လမ်းစဉ်လိုက်ချင်လို.လား။မြန်မာလူမျိုးတွေလည်း စစ်အစိုးရမှိုင်းသွင်းထားတဲ့ လူမျိုးကြီးဝါဒကို တော်တော်ပုံစံကျနေပြီထင်ပါတယ်။မြန်မာ မြန်မာဆိုပြီးအသားလွတ်ကိုယ်. ကိုယ်ကို အထင်ကြီးမနေကြပါနဲ့။မြန်မာကိုကမ္ဘာကလေးစားအောင်ရှေးက ဗိုလ်ချုပ်တို.,ဦးသန်.တို့လိုကြိုးစားဖို.တော့မေ.နေကြတယ်ထင်ပ။အခုခေတ်မြန်မာမိန်းမတွေ..နိုင်ငံခြားသားကိုယူကြတာလည်းမသိသေးဘူးထင်တယ်။ဒီခေတ်မှာနိုင်ငံခြားသားကိုမယူလဲပျက်စီးနေတဲ့မိန်းမတွေအပုံကြီးပါ။အဲဒါကမှရှက်ဖို့ကောင်းတာပါ။တလွဲဆံပင်မကောင်းကြပါနဲ့။ကိုယ်.မှာညီမရှိရင် ကိုယ့်ညီမကို ကိုယ်နိုင်အောင်ထိန်းဖို.ကြိုးစားပါ။

  25. ဓာတ်ပုံတွေကို မမြင်ရဘူး ဘယ်လိုကြည့်ရမလဲ
    အမှန်တကယ်ကြည့်ချင်ပါတယ်
    စိတ်ဝင်စားပါတယ် ပြောပါအုံး……..
    ဘယ်လိုလုပ်ရမလဲဆိုတာ ????

  26. ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအမြင်တွေ၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေ၊ ပေးဆပ်မှုတွေ၊ ရိုးရာယဉ်ကျေးမှုတွေကို မြတ်နိုးတာတွေကို လေးစားမိပါတယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်မှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်သွေးကို နိုင်ငံခြားသားသွေးနဲ့ ရောပစ်တာတော့ လုံးဝမကောင်းပါဘူး။

    1. ဘာကြောင့်မို့ တခုခုဆိုရင် နိုင်ငံခြားသား ကိုယူတာကိုပဲ လာခလုတ်တိုက်နေလဲမသိ … အန်တီစု အပြစ်လား … ဖတ်ကြည်ရင်တော့ သွေးနှောတာတို့ ဘာတို့ က နားကြားခက်တယ် … ဒါပေမဲ့ လေးလေးနက်နက်ပြန်စဉ်းစားကြည့်စေချင်ပါတယ် ကိုအာကာ ….

  27. မြန် မာ အမျိုး သမီး တယောက် နိုင်ငံ ခြား သား နဲ. လက် ထပ် တာ ကို သဘောမကျ ပါ ဘူး.ဒါပေ. မယ် လက်ထပ် မယ်. ခင် ပွန်း ရဲ. စိတ် ဓာတ် ၊ အရည် အချင်း၊ ဇနီး အပေါ် လုံခြုံ မူ ပေးနိုင် မူတွေ ကို ယှဉ် ထိုး စဉ်းစား ကြ ရင် နိုင်ငံ ခြား သား တယောက်ကို လက် ထပ် ခြင်း ကို တဖက် သတ် အမြင် မစောင်း သင်. ပါ.. အဓိက က တော. တလင် တမယား သေ တပန် သက် တဆုံး ပေါင်း ဖို.ပါ ပဲ…. တချို.မြန်မာ အမျိုးသား တွေ မှာ လူ ကြီး လူ ကောင်း စိတ် မရှိ ဘဲ ကို . မြန်မာ အမျိုးသမီးတွေ အပေါ် ကျော ရ ရုံ ကြံ တာတွေ အများ ကြီး ပါ.. ပြည် တွင်း မှာ ရော. ပြည် ပ မှာ ပါ တွေ. ရ ပါ တယ်… ဒေါ် အောင် ဆန်းစု ကြည် ကို ဒီ တချက် ထဲ နဲ. အပြစ် မြင် ရင် သူ ရဲ. ကျန် တဲ. အရည် အချင်း တွေ ကို အမှန် မမြင်နို င် ဖြစ် ရ လိမ်. မယ်…အိန္ဒ္ဒိယ မှာ ရာဂျစ် ဂန္ဒီ ဟာအီတလီ သူ ကို လက် ထပ် ခဲ.တာ ပါ.. ဒါ ပေ. မယ်.. သူ ရဲ.နိုင်ငံ အပေါ် လုပ်ဆောင် ပေး ခဲ. တာတွေ ၊ ချစ် ခင် တာတွေ က နမူ နာ ပါ…. ဆို နီ ယာ က လဲ လက်ရှီ အိန္ဒိယ အပေါ် လုပ်ဆောင် ပေး တာတွေကို ပြန် ကြည်.ပါ…. ( ဖြစ် နို်င် ရင် တော. ကို လူ မျီုး တူ တာတော.အကောင်းဆုံး ပေါ…… )

  28. ဓါတ်ပုံတွေ ကြည့်ပြီး မျက်ရည်တွေ အလိုအလျှောက် ကျလာတယ်၊၊ ရင်ထဲမှာမကောင်းလိုက်တာ၊ ဆို့ နင့်လို့ နေတယ်၊၊
    အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊၊ လိုရာပြည့်ပါစေ၊၊ အသက်ရှည် အနာမဲ့ပါစေ၊၊
    နောင်ဘ၀ဆက်တိုင်း တစ်ဦးတစ်ယောက် ရဲ့ ပယောဂကြောင့် ချစ်ရတဲ့သူတွေနဲ့ ရှင်ကွဲ/သေကွဲ ကွဲကွာရခြင်းမှ ကင်းဝေးပါစေသတည်း၊၊

  29. ဒီပုံတွေကို ဒို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မြင်စေချင်တယ်။ စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးဝတ်နဲ့ မညီတဲ့အတွက် ၀မ်းနည်းမိပါတယ်။

    1. ကိုယ်ကြိုက်ရင် ကိုယ်ယူနိုင်တယ်။ မြန်မာနိုင်ငံသူ၊သားကို လက်ထပ်ပြီး
      မြန်မာနိုင်ငံကို မချစ်တဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် အများကြီးကောင်းပါတယ်။

    2. ဘာကိုဝမ်းနည်းမိပါသလဲ။တစ်ချို့လူတွေတောင်မြန်မာအစစ်ဖြစ်ရဲ့သားနဲ့မြန်မာနိုင်ငံသား
      အဖြစ်တောင်မခံယူတော့ပဲနိုင်ငံခြားသားအဖြစ်ခံယူထားတဲ့လူတွေမှအပုံကြီးဒေါ်အောင်ဆန်းစုကြည်
      ကနိုင်ငံခြားသားနဲ့အိမ်ထောင်ပြုထားပေမဲ့မြန်မာနိုင်ငံသားမှတ်ပုံတင်ထားတုန်းပါပဲ။
      ဒေါ်အောင်ဆန်းစုကြည်ရဲ့အကိုဦးအောင်ဆန်းဦးဆိုရင်အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားတယ်လေ။

    3. ဟုတ်တယ်ဗျာ..ပြောတော့မြန်မာပြည်ကိုချစ်တယ်….ဗိုလ်ချူပ်ကိုသိက္ခာတော်တော်ချတာပဲ..မဖြစ်သင့်ပါဖူး..နှိုင်ငံခြားမှာမို့ 
      မြန်မာမရှိဖူးဆိုလည်းထား…..ယူစရာ၇ှားလို့ ကိုယ့်အဖေတောင်မုန်းလွန်းလို့ အသတ်အသေခံပြိး တိုက်ထားတဲ့အမျိုးကိုမှ
      လင်တော်တယ်ဆိုတော့..လွန်တယ်ဗျာ…ဘယ်လိုလုပ်မြန်မာပြည်ကိုသူချစ်တယ်ဆိုတာယုံရမလဲ…ပြောကြပါဦး…
      ကလေးတွေကိုပေးထားတာလဲ..ကြည့်..ကင်နဲ့ အလက်ဇန္ဒား တဲ့..ကောင်းရော

Comments are closed.