Crime and punishment for Ronnie Lee Gardner

ယူတား ပြည်နယ် တရားရေး ဌာန နှင့် အမေရိကန် နိုင်ငံ ဗဟိုတရား ရုံး က သူ၏ နောက် ဆုံး
အယူခံ ကိုပယ်ချခံရပြီးနောက် အသက် ၄၉ နှစ် အရွယ်ရှိ ရော်နီလီ ဂါဒနာ သည် သောကြာနေ့ 
မနက် တောင်ပေါ် စံတော်ချိန် အာရုံတက်ချိန်တွင် လူ့ ဘ၀ ကို စွန့် ခွာရတော့ မည် ဖြစ်သည်။
ယနေ့ ညနေ ခြောက် နာရီ ခွဲ ဉ်သူ ၏ နောက်ဆုံး ညစာ ကို ကင်းပုဇွန်၊ပန်းသီးကတ် မုန့် ၊ဗင်နီလာ
ရေခဲမုန့် ၊အသား ကင် တို့ နှင့်၀၀လင်လင် စားသုံးခဲ့ပြီး နောက် သူသည် သေမည့်အချိန် ကို စောင့်
မျှော်နေ သည် ဟု ဆော့လိပ်ပြည် နယ် တရားရေး ဌာန မှ တရားဝန် ရှိ သူ တစ်ဦးက Freedom
News Group သို့ ပြောသည်။
ရော်နီလီဂါဒနာ သည် သေဒဏ် ပေးခြင်း မခံရမှီ ဆယ်မိနစ် အလိုအထိ ၎င်း၏ အကျဉ်းခန်းထဲ
ဉ် ဒါရိုက်တာ ပီတာ ဂျက်ဆင်၏ အော်စကာ ၁၂ ဆုရ The Lord of the Rings ရုပ်ရှင်ကား နှင့် Divine Justice
ကိုကြည့် ရှုသွားသည်။သူ့ အား မသေခင် ဘာပြောချင်သေး သလဲ ဟု မေးရာ ဘာမှ မပြောချင်ဟု ဖြေကြား
ခဲ့သည် ဟု ဆိုသည်။

သူ့ အား မည်ကဲ့ သို့ ဇီဝန်ချုပ်မည် ကို နှစ်သက် သည် လဲ ဆိုသည် ကို ဆော့လိပ် ပြည်နယ်ရှိ မာသီဆန်
တရား ရုံးကသူက သေနတ် ဖြင့် သူ့ အား ပစ်သတ် ပြီး အဆုံးစီရင် မည် ကို နှစ်သက် သည် ဟု ရွေးချယ်ခဲ့
သဖြင့် သူ၏ သဘောဆန္ဒ အတိုင်း ပြည့်ဝစေရန် ယူတား တရား ရေး ဌာန က မကြာခင် အကောင် အထည်
ဖော်တော့ မည်ဟု သိရသည်။
ပြည်သူ့ အခွင့်အရေး နှင့် လူ့ အခွင့် အရေး ကာကွယ် စောင့်ရှောက် သူများ က ပြစ်မှု နှင့် ပြစ်ဒဏ် မမျှတ သည့်
ပြင် သေဒဏ်ပေးခြင်း၊သေဒဏ် ပေးထားခြင်း ကို ဆိုးဆိုးရွားရွား အဆုံးသတ်စေခြင်း တို့ ကို ဖျက်သိမ်း သင့်ပြီ
ဟု ယနေ ညနေ နှင့် တစ်ည လုံး ပြည်နယ် တရား ရုံးချုပ်ကြီး ရှေ့ တွင် ဆန္ဒပြ တောင်း ဆိုနေကြသည်။ထို ဆန္ဒပြ ပွဲ
တွင် ပါဝင် သည့် ယူတက် တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ်သည့် ဂျီလီယန် က ‘ဒီသေဒဏ် စနစ်
ကြီး က အမေရိကန် ရဲ့ ပုံ ရိပ် ကို ဆိုးဆိုးရွား ရွား အကြီး တန် လို့ ဖျက်သိမ်း သင့် တယ် လို့ Freedom News Group သို့ ပြောသည်။
ပြည်နယ်လွှတ်တော် ရှေ့ တွင် လည်း ဆန္ဒပြသူ နှစ်ရာ ကျော်ခန့် က ယနေ့ ညတွင် သေဒဏ်အပြစ်ပေး
မှု အတွက် ဆန့် ကျင် ဆန္ဒပြကြသည်။
ရော်နီလီ ဂါဒနာ အား မေလ ဆန်းက ယူထား ပြည် နယ် ဆော့လိပ် ရှိ ပြည်နယ် တရား ရုံးက သေဒဏ် အပြစ်
ပေးခဲ့ခြင်း ဖြစ်သည်။ရော်နီ လီဂါ ဒနာ သည် အသက် ၂၃ နှစ် အရွယ်တွင် ဆော့လိပ်ပြည်နယ် ရှိ ဘားတစ်ခုဉ်
အလုပ်လုပ်နေစဉ် အရက်စပ်သူ မယ်(လ) ဗင် အိုစထွမ် ကို သတ်မှု ဖြင့် တရားရင်ဆိုင်နေ ရစဉ် ၁၉၈၅ ခုနှစ်ဉ်
တရားရေး အဖွဲ့ ဝင် တစ်ဦး ဖြစ်သူ မိုက်ကယ် ဘားဒယ် ကို တရားရုံးတွင်းမှ ထွက်ပြေးရန် ကြံစဉ် စဉ် သတ်ဖြတ်
မှု ဖြင့် သေဒဏ် အပြစ်ပေးခံရခြင်းဖြစ်သည်။(ထိုကဲ့သို့ တရား ရုံး ဉ် တရားဆိုင်နေ စဉ် လူသတ်မှု ထပ်မံဖြစ်ခြင်း
မှ မြန်မာ နိုင်ငံ မြောင်းမြ တရား ရုံးတွင် ၁၉၉၉ ခုနှစ် က ဖြစ်ပွားခဲ့ပြီး ထို တရားခံ မှာ ယခု မြောင်းမြထောင် ထဲဉ် သေဒဏ် အပြစ်ပေးခံထားရသည်)ရော်ဒနီ သည် တရားတွင် ထွက်ပြေးရန် ကြံစဉ် မှု ဉ် လူနှစ်ဦး အား သတ်ဖြတ်ပစ်ခဲ့သည်။
ယူထား ပြည်နယ်တွင် နောက်ဆုံးသေဒဏ် အပြစ်ပေးခဲ့မှုမှာ ၁၉၉၉ ခုနှစ်က ဂျိုးဆဖ် မစ်ရှယ် ပါဆန် ကိုဆေး
ထိုး၍ သေဒဏ်အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။နောက်ဆုံး သေနတ်ပစ်၍ အဆုံးစီရင်ခြင်းမှာ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ
၂၇ ရက်နေ့ က ဂျွန်အယ်(လ)ဘတ် တေလာ ကို ကို သေနတ် ဖြစ် ပစ်သတ် ၍ အဆုံးစီရင်ခဲ့
ခြင်းဖြစ်သည်။
ရော်နီလီ ဂါဒနာ သည် အမေရိကန် သမိုင်းတွင် ၃၃ နှစ် အတွင်းတတိယမြောက် သေနတ် ဖြင့် ပစ်သတ်၍ သေ
ဒဏ် အပြစ်ပေး ခံရသူ ဖြစ်သည်။
ရောနီလီ ဂါဒနာ အား ဆော့လိပ် မြို့ တော် စံတော်ချိန် ၁၂ နာရီ မိနစ် ၂၀ တွင် လက်ဖြောင့်
မုဆိုးတစ်ဦး အပါ အ၀င် စေတနာ့ ၀န်ထမ်း (အတွေ့ အကြုံရှိ) လက်ဖြောင့် သေနတ် အုပ်စု
က သူ၏ ရင်ညွန့်  နှင့် နှလုံးနေရာ အား သေနတ်ဖြစ်ပစ်သတ်၍သေဒဏ်
ပေးလိုက်ပြီဖြစ်သည်။ (squad using by 5 . 30 Caliber Riffle)
သေနတ်ကျဉ်ဆန်များ ထိမှန်ပြီး ၂ မိနစ်အကြာတွင် ဆော့လိပ် မြို့ တောင်ဘက် ဒရေပါ ရှိ ပြည်နယ် အကျဉ်း
ထောင်ထဲတွင် သေဆုံးသွားသည် ဟု သတင်းရရှိသည်။
