ပြည်တွင်း မီဒီယာ အချို့ တွင် အယ်ဒီတာ နှင့် ၀ဘ်မာစတာ တို့ အကြားအား ပြိုင်မှုများ ဖြစ်ပေါ်

ထက်ထက်မိုးဦး နှင့် သတင်းထောက် ပြဿနာ ၊မင်္ဂလာဈေး မီးလောင်မှု စသည့် သတင်းဖြစ်ရပ်
နောက် ပိုင်းမှ စ၍ မြန်မာ့ စာနယ် ဇင်းတွင် အယ်ဒီတာ နှင့် သတင်းထောက်တို့ အာဏာလွန်ဆွဲမှု
ဖြစ်ပေါ်နေသည် ဟု ရန်ကုန် အခြေစိုက် ဖျော်ဖြေရေး စာစောင် ထုတ်ဝေသူ တစ်ဦးက Freedom News
Group သို့ ပြောသည်။

၂၀၀၇ ခုနောက်ပိုင်းမှ စ၍ မြန်မာ နိုင်ငံ၏ ထင်ရှားသော ဂျာနယ် ၊မဂဇင်း များက အင်တာနက် ၀ဘ်ဆိုတ်များ
လွှင့်တင်လာကြရာ အွန်လိုင်း စာမျက်နှာ  စီမံခန့် ခွဲမှု ကျွမ်းကျင်သူ Web Master များ အား ငှားရမ်းလာခဲ့ကြ
သည်။အချို့ ဝဘ်မာစတာ များ မှာ စာပေနယ်မှ မဟုတ်ကြပဲ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ကိုလည်း မကျွမ်း
ကျင် သော်လည်း တာဝန် ခံ အယ်ဒီတာများ ညွှန် ကြားမှု များ ကို ဂရုမစိုက် ဟု သိရသည်။

အဆိုပါ ထုတ်ဝေသူ က ‘သူတို့ ကတော့ ပညာတတ် ၊ကွန်ပျူတာ ကျွမ်းတဲ့ လူငယ်တွေ ပေါ့၊တချို့ က ထုတ်ဝေ
သူ နဲ့  အမျိုးလဲ တော်တော့ တာဝန်ခံ အယ်ဒီတာ တွေ ဘာတွေ လဲ ဂရုမစိုက်တော့ ဘူး၊ဂျာနယ်တစ်စောင်မှာ
ဆို အယ်ဒီတာ က ရုံးခန်း နဲ့ တောင် မနေရဘူး ၊ သကောင့် သား ကိုယ်တော်ချော က အဲယားကွန်း နဲ့ ဇိမ်ပဲ
အယ်ဒီတာ တွေ က ဒီကွန့် မန့် တွေ ဂျာနယ်ရဲ့ မူ နဲ့  မကိုက် လို့ ဖျက်ပေးပါ လို့ ပြောရင် သူက ထပ်တောင်
သူ ကိုယ်တိုင် ကွန့် ပြီး ရေး လိုက်သေးတယ် ‘ဟု ဆိုသည်။

လွန်ခဲ့သည့် ငါးနှစ်ခန့် က ထုတ်ဝေသူများ က ငွေရှာပေး နိုင်သည့် ကြော်ငြာ တာဝန်ခံများ အား အရေး
ပေးကြရာမှ မားကတ်တင်း နှင့် အယ်ဒီတာ တို့ အား ပြိုင်မှုများ ဖြစ်ခဲ့ကြသေးသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ သတင်းဌာန တစ်ခုဖြစ်သည့် ဧရာဝတီ သတင်းဌာန မှ ၀ဘ်မာစတာ ကိုအောင်အောင်
ကမူ ‘: ဝက်မာစတာဆိုတာအိုင်တီပဲ စက်ပိုင်းဆိုင်ရာ ဝက်ပိုင်းဆိုင်ရာပဲ ကျွမ်းကျင်တာလေစာပေတွေ သတင်းတွေနဲ့ ပတ်သက်ရင်
ဒါ သူ့မှာ လုပ်ပိုင်ခွင့်မရှိပါဘူး  မဖြစ်မနေ လုပ်ရမယ်ဆိုရင်လည်း အယ်ဒီတာတွေနဲ့ တိုင်ပင်ပြီး လုပ်
သင့်ပါတယ် ၊ အယ်ဒီတာကို ဂရုမစိုက်တဲ့ ပုံစံမျိုးကတော့ လုံးဝမှားယွင်းတယ်လို့ ပြောချင်တယ် ဟု သူ၏ အမြင် ကိုပြောသည်။

ရန်ကုန် မြို့ မှ အပတ်စဉ် ထုတ်ဝေသည့် နာမည်ကျော် ဂျာနယ် တစ်ခု မှ လွှင့်တင်ထားသော အင်တာနက်
စာမျက်နှာ ၏ ၀ဘ်မာစတာ တစ်ဦးက မူ ‘ကျွန်တော် ကတော့ အယ်ဒီတာ ပြောတဲ့ အတိုင်းပဲ လုပ်ပါတယ်။
ဒါပေမယ့် နည်းပညာ နဲ့  မြန်မာ နိုင်ငံရဲ့ အင်တာနက် ကော်နက် ရှင် ကို တော့ အယ်ဒီတာ တွေ က သဘော
မပေါက်ကြဘူး ။ကော်နက်ရှင် နှေးနေရင် ဘာမှ လုပ်လို့ မရဘူး ၊အဲဒီတော့ သူ တို့ က ဒီသတင်း မတင်သေး
ဘူး တို့ ၊ဟို ပုံပြန် မဖြုတ်သေး ဘူးတို့ ဖြစ်တာ ပေါ့ ဟု သူကအယ်ဒီတာ နှင့် ၀ဘ်မာစတာ တို့ နားလည်မှု လွဲမှားပုံ
နှင့် ပတ်သက်၍ သုံးသပ် ပြော ဆိုသည်။

သတင်းဂျာနယ် တစ်ခုမှ အယ်ဒီတာ တစ်ဦးက လည်း ၀ဘ်မာစတာ တို့  ၏ ပေါ့လျှော့ မှု ကြောင့် အချို့ ထည့်
သွင်း ရန် မဆုံးဖြတ်ထားသည့် သတင်းများ အင်တာနက်ပေါ်ရောက်ရှိ သွားခြင်းက တာဝန်ခံ အယ်ဒီတာ နှင့်
စာပေစီရေးကြား တင်းမာမှု များ ဖြစ်ပေါ်စေသည် ဟု သူက ဆိုသည်။

ထက်ထက်မိုးဦး နှင့် သတင်းထောက်ပြဿနာတွင် အယ်ဒီတာများက သတင်းထောက် ဘက်မှ ရပ်ခံသော်
လည်း ၀ဘ်မာစတာ အချို့ ကမူ ထက်ထက်မိုးဦး အား ကောင်းချီးပေးထား သော ကွန့် မန့် များ နှင့် သတင်း
ထောက် အား မညှာ မတာ ရေထားသော ကွန့် မန်များ အား အတည်ပြုပေးကြသည် ဟု သိရသည်။

ပြည်ပ သတင်းဌာန တစ်ခုမှ အယ်ဒီတာ တစ်ဦး ကမူ အချင်းချင်း နားလည်မှုများ တည်ဆောက်ရန်  နှင့်
စာရေးတတ်ရုံနဲ့ မှ မဖြစ်တာပြောင်းနေတယ်။ ခေတ်ကော အခြေအနေကော ၊ကိုဇာဂနာကိုယ်တိုင်က
အင်တာနက်ကို အသုံးချတာသင်တယ် တတ်တယ် သုံးတယ်  အပြစ်တင်နေလို့တော့ မရ ဘူးဟု သူ၏
အမြင် ကိုပြောသည်။