ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည့် ဗကသ ခေါင်းဆောင် ဆေးကုသခံရန် ခန္တီးထောင်မှ မုံရွာဆေးရုံသို့ ရောက်ရှိ

ခ န္တီး အကျဉ်းထောင်တွင် ထောင်ဒါဏ် ၁၅နှစ် ၆လ အကျဉ်းကျခံ နေရသော ဒီငြိမ်းလင်း၏ ကျမ္မာရေး အခြေအနေဆိုးဝါးမှုကို ဆေးကုသပေးရန် အာဏာပိုင်တို့ကခန္တီးထောင်မှခေါ်ဆောင် လာပြီး မုံရွာဆေးရုံသို့ယနေ့ နေ့လည်ပိုင်းတွင်ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရှိရသူတဦးမှ Freedom News Group သို့ပြောကြားသည်။

ဒီငြိမ်းလင်း ၏အဖိုးဖြစ်သူ ဦးစောဝင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ထီးလင်းလွှတ်တော် ကိုယ်စားလှယ် အမတ်တဦးဖြစ်ပြီး သြဂုတ်လ ၇ရက်၊ ၁၉၉၈ ခုနှစ်၊ သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျခံနေရစဉ် ကွယ်လွန်ခဲ့သည်။ ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာလည်း ၈၈ မျိုးဆက် ကျောင်းသားလှုပ်ရှားမှုတွင် ဦးဆောင်သူတဦးဖြစ်ပြီး တောင်ငူထောင်တွင် ထောင်ဒါဏ် ( ၆၅ ) နှစ်ကျခံနေရသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဗကသ  ခေါင်းဆောင်တဦးအဖြစ် လှုပ်ရှားခဲ့သူတဦးဖြစ်သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်အပြီး တွင် စစ်အာဏာပိုင်တို့၏ လိုက်လံဖမ်းဆီးမှုကိုတိမ်းရှောင်ရင်း ၂၃ရက် အောက်တိုဘာ၂၀၀၇တွင် ဖမ်းဆီးခံခဲ့ရသည်။ ထောင်ဒါဏ် ၁၅နှစ်နှင့် ၆လ ချမှတ်ခံရပြီး ရန်ကုန်မြိုကမှ မိုင်၁၀၀၀ကျော်ဝေး

သော ခန္တီး အကျဉ်းထောင်သို့ပြောင်းရွှေ့ခံခဲ့ရသည်။ ခန္တီးအကျဉ်းထောင်သည် ရာသီတုလွန်စွာဆိုးဝါးသောနေရာတခုဖြစ်ခြင်း၊ အကျဉ်းထောင်အတွင်း ပုံမှန်ဆေးကုသခွင့်မရှိခြင်း တို့ကြောင့် ဒီငြိမ်းလင်းငှက်ဖျားရောဂါ နှင့်အခြားရောဂါများခံစားနေရသည်။ မျက်စိကိုက်ခြင်းဝေဒနာမှ သက်သာလာခြင်း မရှိဘဲ ပိုဆိုးလာကြောင်း ကို မိသားစုနှင့်နီးစပ်တဦးကပြောပြသည်။ မိခင်ဖြစ်သူမှာ

လည်း သားကိုတလှည့် ခင်ပွန်းဖြစ်သူကိုတလှည့် ထောင်ဝင်စွာသွားတွေ့နေရသည်မှာ လွန်စွာဒုက္ခပင်ပန်းဆင်းရဲလှ ကြောင်းကိုဆက်ပြောပြသည်။ ယခင်ကလည်းဒီငြိမ်းလင်း အဖွားဖြစ်သူမှာ ယ္ခုကဲ့သို့ ဒုက္ခမျိုး ကြုံတွေ့ခဲ့ရသူတဦးဖြစ်သည်။