
ရန်ကုန် ဦးဝိစာရလမ်း တပ်မတော်ခန်းမတွင် ဇွန်လ ၂၆ ရက် နေ့ မှ ၂၈ ရက် နေ့ ထိ ပြသနေသည့်
မော်တော်ယာဉ် နှင့် နေထိုင်မှု ဆိုင်ရာ ပြပွဲ မှာ မော်ဒယ်များ နှင့် အကပညာရှင် များ ၏ သီဆိုဖျော်ဖြေ
သရုပ်ပြမှု များ ကြောင့် ရန်ကုန် မြို့ ခံ တို့ သွားရောက် ကြည့်ရှု အားပေးကြကြောင်း သိရသည်။
Automobile and Living Products Show ဟု အမည်ရသည့် ထိုပြပွဲတွင် ရမ္မာ မော်တော် ထုတ်လုပ် ရောင်း
ချရေး ကုမ္ပဏီ လိမိတက် မှ Chariot မော်တော်ကား ပြခန်း မှာ နာမည် ကျော်မော်ဒယ်များ နှင့် တွဲဖက်ပြသမှု
ကြောင့် လာရောက်ကြည့် ရှု သူများ စိတ်ဝင်စားသည် ဟု သိရသည်။
ပြပွဲတွင် တရုတ် နိုင်ငံလုပ် Wagon အမျိုးအစား မော်တော်ကားများ နှင့် မြန်မာ နိုင်ငံ ရှိ စက်မှု ဇုန်များ မှ ထုတ်
လုပ်သည့် မော်တော်ကားများ ကို ယှဉ်တွဲပြသ ထားသည်။ ထိုပြပွဲ တွင် ပြသ ထားသည့် မော်တော်ကားများ မှ
ကျပ် သိန်း ၅၈၀ မှ ၆၃၀ ထိ ဈေးပေါက်သည် ဟု သိရသည်။
ရန်ကုန် မြို့ တွင် တရားဝင်ပြုလုပ်သည့် မော်တော်ကား ပြပွဲပြပွဲ များ လည်း ရှိသလို့  ပြိုင်ကား ပုံစံ နှင့်
ကားအလှ ဆင်ဝါသနာ ပါသူများ အတွက် သီးသန့်  ပြု လုပ်သည့် မော် တော်ကား ပြပွဲ မှာ လည်း ရန်ကုန်
မြို့ ရှိ နေရာ အချို့ တွင် အပတ် စဉ် ပြသမှု ရှိ သည် ။ထိုပြပွဲ များ တွင် မော်တော်ကား နှင့် ယှဉ်တွဲ ပြသသည့်
မော်ဒယ် အချို့ မှာ ဘီကီနီ ခေါ် ရေကူးဝတ်စုံ ဖက်ရှင် များ ဖြင့် ပြသ သည် ။ ထိုပြပွဲများ တွင် တရုတ် နှင့် ထိုင်း
နိုင်ငံ တို့ မှ တရားမ၀င် တင်သွင်း လာသည့် ၀စ်သောက် ပြိုင်ကား များ ကို ပြန်လည် ရောင်းချသည် ။

