
၁၉၉၇ ခုနှစ် မှ စ၍ ၂၀၀၅ ခုနှစ် အတွင်း ရာထူးမှ ဖယ် ရှားခံခဲ့ရသည့် ထိပ်တန်း စစ်ဗိုလ်ချုပ် အချို့ အား
ကာကွယ်ရေး ၀န်ကြီးဌာန ၏ အမိန့် ဖြင့် ဇွန်လ ၂၈ ရက်နေ့ က နေပြည်တော် သို့ ဆင့် ခေါ် ၍ မြန်မာ စစ်
ခေါင်းဆောင် နှစ်ဦး က တွေ့ ဆုံခဲ့ကြောင်း သတင်းရရှိသည်။
၂၀၀၄ ခုနှစ်က အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရသည့်
စစ်ထောက်လှမ်းရေး အကြီး အကဲ နှင့် ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့် လည်း ယခု တွေ့ ဆုံမှု တွင်
ပါဝင်သည် ဟု အမည်မဖော်လို သည့် နေပြည်တော်ရှိ အကြီးတန်း အရာရှိ တစ်ဦး က Freedom News Group
သို့ ပြောသည်။
ယခု တွေ့ ဆုံမှု တွင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်း ရွှေ နှင့် ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး တို့ ၏
အမိန့် ဖြင့် ဆင့် ခေါ် တွေ့ ဆုံသည် ဟု ဆိုသော် လည်း Freedom News Group မှ အတည် ပြု နိုင်ခြင်း မရှိချေ။
ဗိုလ်ချုပ်ကြီး ခင်ညွှန့် အပါအ၀င် ဗိုလ်မှုးချုပ် အေဘယ်(လ)၊ ဗိုလ်ချုပ် ထွန်းကြည် နှင့် ဗိုလ်ချုပ် ကျော်ဘ
တို့ အပါအ၀င် ငါးဦး ထက်မနည်း ကို ခေါ် ယူ တွေ့ ဆုံခဲ့ခြင်း ဖြစ်ပြီး ထိုတွေ့ ဆုံမှု သတင်း အား ကာယကံ
ရှင် များ မှ လွဲ၍ မည်သူမှ မသိရ အောင် သိုသိပ် စွာ လုပ် ဆောင် ခဲ့သည် ဟု ဆိုသည်။
မြန်မာ စစ်တပ် မှ အရာရှိ ဟောင်း တစ်ဦးက ‘လွန်ခဲ့တဲ့ နှစ်လ လောက် ကတည်း ကလည်း ဗိုလ်သန်းရွှေက
ဗိုလ်ခင်ညွှန့် ကို နေပြည်တော် ကို ပြောင်း နေ ဖို့ ပြောထား တာ ကြားတယ်။ အခု တွေ့ တာကတော့ ၂၀၁၀
ရွေးကောက်ပွဲ အတွက် ဖြစ်ရင်လည်း ဖြစ်နိုင်တယ် ၊ရွေးကောက်ပွဲ အတွက် ဆိုတာ မှာ အကြံဥာဏ် တောင်းတာ
မျိုး မဟုတ်ပဲ သတိပေးတာ မျိုး ။ဒါမှ မဟုတ် ဗိုလ်ခင်ညွှန့် ပါတယ် ဆို တော့ လက်ရှိ ညူကလီးယား စတဲ့ လျို့ ဝှက်
သတင်း တွေ ပေါက်ကြား နေမယ့်  ထောက် လှမ်း ရေး နဲ့  လုံခြုံရေး ဟာကွက်
တွေ ကို ဖာ ထေး ဖို့ုဖြစ် နိုင်တယ် ဟု သုံးသပ် သည်။
ပြီးခဲ့သည့် လ က ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ ညွှန်ကြားချက် ဖြင့် ထောက်လှမ်း ရေး အကြီးအကဲ ဟောင်း
အား ၂၀၁၀ ရွေးကောက်ပွဲ နှင့် နယ်စပ် ဒေသ တိုင်းရင်းသား လက်နက် ကိုင်များ အရေး အား သဘောထား
အမြင် အစီရင် ခံစာ တင် ခိုင်ရန် ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ယခု ရွေးကောက် ပွဲတွင် တတိယ အုပ်
စု သည် အန္တရာယ် ကောင်များ ဖြစ်ကြောင်း(ရွေးကောက်ပွဲ တွင် အတိမ်းအစောင်း ဖြစ်ပါက ချက်ခြင်း အရောင် ပြောင်းမည့်  သူများ ဖြစ်ကြောင်း နှင့်) နယ်စပ် တိုင်ရင်းသား လက်နက် ကိုင် အရေး မှာ ရွေးကောက်ပွဲ မပြီး မချင်းမဆုံးဖြတ်သင့် ဟု ထိုစာ ကို ဖတ်ရှု ခဲ့ရသူ တစ်ဦး က Freedom News Group သို့ ပြောသည်။
တနင်္လာ နေ့ က ရာထူးမှ ဖယ်ရှားခံရသူ များ နှင့် တွေ ဆုံမှု တွင် ၎င်း တို့ မိသားစုများ ပါရှိပြီး ၊ဗိုလ်ချုပ်ကြီး ခင်
ညွှန့်  နှင့် အတူ ဒေါက်တာ ဒေါ်ခင်ဝင်း ရွှေ လည်း ပါရှိလာ သည် ဟု သိရသည်။ မြန်မာ စစ်ခေါင်းဆောင်များ
သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက်ပွဲ ၀င်ရန် စည်းရုံး နိုင်ခဲ့သည့်
အတွက် လွန်ခဲ့သည့် သုံးလခန့် မှ စ၍ နေအိမ်အကျယ်ချုပ် ဖြင့် ထားရှိခြင်း အမိန့် ထုတ်ပြန် ထားသော် လည်း
၎င်း ၏ သွားလာ မှု အချို့ အား မသိကျိုးကျွံ့ ပြုထားသည်။
နေပြည်တော် မှ လာသည့် သတင်းတစ်ရပ် တွင်မှု ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ဖယ်ရှားစဉ်က ထောင်ဒဏ်ကျ
ခံခဲ့ရသည့်သူ ၏ သား နှစ်ဦး ကို ပြန်လွှတ်ပေးမည် ဟု သတင်းရရှိသည်။ မြန်မာ စစ်ခေါင်းဆောင်သည်
သမ္မတ ဟောင်း ဦးနေ၀င်း ၏ သားမက် နှင့် မြေးများ ကို လည်း ပြန်လွှတ်ပေးရန် အသင့်ရှိနေသည် ဟု ဆိုသည်။
မြန်မာ စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် နှစ်တစ်ဝက် ကျိုးသည်အထိ မည်သည့်နေ့ 
ရက် တွင် ကျင်းပမည် ဟု သတင်း ထုတ်ပြန် ခြင်း မပြုလုပ်ခြင်း ကြောင့် ရွေးကောက်ပွဲ ၀င်မည့် သူ များ စိတ်အနှောင့်
အယှက် ဖြစ်နေရသည် ဟု သိရသည်။

အရမ်းကောင်းပါတယ်
ဒါပေမယ့် ဦးနေ၀င်းမြေးတွေကိုလွတ်ဖို့ကတော့ မထောက်ခံပါဘူး
ဖြစ်နိုင်ရင် သန်းရွှေမြေးတွေကိုပါထည့်ထားသင့်ပါတယ်
ပြင်ပလူလောကမှာ မရှိသင့်တဲ့သူတွေပါ
စိန်နားကပ်ရောင်နဲ့ပါးပြောင်တဲ့သူတွေထဲမှာ ထိပ်ဆုံးမှပါတဲ့အတွက် လူမဆန်တဲ့ကောင်တွေမို့ပါ
အင်း ပြောင်းလွဲစေချင်ပါတယ် ဒါပေမဲ့ ပြောင်းလွဲလာမဲ့ သူတွေက ကိုယ့်လူမျိုးကို ချစ်တဲ့
ကိုယ့်နိုင်ငံကို တကယ်ချစ်တဲ့ ကိုနိုင်ငံ တိုးတက်ရင် ဘာမဆို လက်ခံပေးနိုင်တယ် ဆိုတဲံ့  သူ တွေ ဖြစ်စေချင်ပါတယ်…
ကျွန်တော်တို့ နိုင်ငံ ခု အခြေ အနေထက် အများကြီး တိုးတက်သင့်နေပါပြီဗျာ….
ပညာမဲ့တွေလဲ များနေသလို..
နိုင်ငံရေး ဆိုးတာ ကြောက်စရာ လို့တွေးနေတဲ့ သူတွေလဲ များနေပါပြီ..
သမိုင်း ကို အထူးပြု တက်နေတဲ့ ကျောင်းသားတွေတောင် သမိုင်းကို မပြောနဲ့
ဗိုလ်ချုပ်ကိုတောင် ကောင်းကောင်း မသိ၇ှာတော့ပါဘူး….
အကုန်လုံးပြောင်းလဲ သင့်နေပါပြီ…..
ပြောင်းလဲ ပေးမဲ့ သူလဲ ပေါ်ပေါက်သင့်နေပါပြီ…မျှော်လင့်မိပါတယ်…
ဘယ်သူက နိုင်ငံတော်ကို ဘယ်လိုပြောင်းလဲ ပေးမှာလဲ ဆိုတာလေ….
စစ်အစိုးရလဲ ဒီလောက်ဆို တော်လောက်နေပါပြီဗျာ….
မသကာ အဆုံးကိုယ့်မိသားစု အခြေခံခိုင်နေရင် တော်လောက်ရောင်ပေါ့ဗျာ…
သူတို့ဟာက တချို့နေရာတွေမှာဆို အ၇မ်ကို အာဏာ ပြလွန်းတယ် …
ပြည်သူတွေက သူတို့ကို လေးစားရ ရိုသေရမဲ့ အစား….သူတို့ကို ကြောက်ပြီး သူတို့ကို ရွံမုန်းနေပါပြိ….
ရပ်တန်းက ရပ်ပြီး….အားလုံးကို ပြောင်းလဲ ကြပါဗျာ…ခေါင်းဆောင်ကောင်း တစ်ယောက် ပေါ်ထွက်လာဖို့လဲ…
ကျွန်တော်တို့ပြည်သူတတွေ စောင့်စားနေကျပါတယ်….
မင်းဆိုးမင်းညစ်တွေ မပေါ်လာပါစေနဲ့….
တရားဓမ္မနဲ့ ပြည့်စုံတဲ့ မင်းကောင်းမင်းမြတ်တွေ ပေါ်ပေါက်ပါစေ…..
မင်းဆိုးမင်းညစ် အတ္တကြီးသော ၀ိသမ လောဘ အ၇မ်းဖြစ်နေသော တိုင်ပြည်ဘု၇င် အလိုမ၇ှိ…
ပြည့်သူကို ချစ်သော ပြည့်သူ့အကျိုးကို အမြဲဦးစားပေးသော….မင်းကိုသာ ငါ့တို့ အလိုရှိသည်….
အပြောင်းအလဲတွေများလေကောင်းလေပဲလို့…နောက်ဆုံးမျှော်လင့်ချက်တွေအနေနဲ့ပဲမျှော်လင့်ရမှာပဲလေ..
လူဆိုး(နေ၀င်းနှင့်အာဏာသိမ်းအုပ်စု)။ စနစ်ဆိုး (အာဏာ၇ှင်နေ၀င်း၊မဆလတစ်ပါတီနှင့်စစ်အာဏာ၇ှင်)။ အမွေဆိုး၎င်းတို့မှဆို၇ွား၇ိုင်းစိုင်းအောင်၊မြန်မာ့လူ့ယဉ်ကျေးမှု့ကိုစာနာ၊နားမလည်းအောင၊်နေ၀င်း အထူးပုံသွင်း၊၇ိုက်သွင်း၊လေကျင့်မွေးမြူ၊မွေးထုတ်ထားခဲ့သောလက်၇ှိအာဏာသိမ်း နိုင်ငံတော် နှင့်အမျိုးသားသစ္စာဖေါက်…နိုင်ငံေ၇း၊လူမျိုးေ၇း၊…
ပညာမဲ့လူမိုက်တွေက ပညာတတ်လူမိုက်တွေကို ပြန်အားကိုးတဲ့သဘော။ ဘာပဲပြောပြော positive ဆောင်ပါတယ်။ သူတို့ အသုံးချချင်တာကတစ်မျိုးပေမယ့် ပညာတတ်လူမိုက် ဗိုလ်ခင်ညွန့်ကလည်း ငပေါမှမဟုတ်ပဲ။ ဒီခေတ်အခြေအနေ ဘယ်လိုလုပ်မှ ရှင်သန်လို့ရမယ်ဆိုတာ သိတဲ့အတွက် ကိုက်ညီတဲ့ အကြံဥာဏ်၊ တောင်းဆိုမှုပဲထွက်လာမှာပဲ။ ဒါကို လက်မခံနိုင်ပြန်ရင် ရလဒ်က သုညပဲပြန်ရောက်မယ်။ လက်ခံနိုင်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်လာနိုင်ပါတယ်။
ဒါဟာ ကောက်ကျစ်တဲ့ ဓါးပြဗိုလ်ချုပ်ရူးကြီသန်းရွှေ နဲ့ ဓါးပြဗိုလ်ချုပ်ကြီးတွေ သူ့တို့တပ်ကို သူတို့ ပြန်ကြောက်နေကြပြီ ဆိုတာကို ပြတာပဲ။
နဖားကြိုး အထိုးခံတဲ့ တပ်ဆိုတာလည်း တပ်မဟုတ် နွားအုပ်ဖြစ်လို့ပဲ။
မင်းအဖေက ချမ်းသာ တာမိုးညဲ နဲ့  စိန်လုံကမ္ဘား မှာ အကြံပေး လုပ်နေတာ ကွာ (တကယ်တော့ အကြံပေး ဆိုတာ ထက် သူ့ ရဲ့ အစ္စရေး ဘဏ် အကောင့် နဲ့  ကျောက်စိမ်း ကုမ္ပဏီ တွေ နိုင်ငံခြား ၀ယ်လက် တွေ ငွေ ချေလို့ ရအောင် လုပ်ပေးနေတာ
ဗိုလ်ချုပ်အေဘယ်လ် က မြန်မာပြည်ထဲမှာရော ရှိသေးလို့လားဗျ၊ သေချာစေ့စေ့စပ်စပ်လေးလဲ ရေးကြပါအုန်းဗျာ။
ဗိုလ်ချုပ်ဘေဘယ်လ် ပြည်ပနိုင်ငံတခုမှာ အခြေချနေတာ အတော်ကြာလှပါပြီ၊ မြန်မာပြည်မပြန်တာလဲ ကြာပါပြီ။
နဲနဲတော့စိတ်ဝင်စားစရာကောင်းလာပြီ…နောက်ထပ်ဘာတွေဖြစ်အုံးမလဲဆိုတာတော့………….
နအဖသည် သူတို.(ကလိမ်ကကျစ်)စစ်သားအခြင်းခြင်း လက်နက်ကိုင်အခြင်းခြင်း ကို အကြံတောင်းခြင်း ခေါ်ယူဆွေးနွေးခြင်းတွေ တိတ်တဆိတ် လုပ်နေပေမယ့် ပြည်သူ.ခေါင်းဆောင်စစ်စစ်တွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ (လက်နက်မဲ့သူ)ဘဘဦးတင်ဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ (၈၈ ကျောင်းသားခေါင်းဆောင်များ)၊ ဇာဂနာ စ တဲ့ ပြည်သူ.သူရဲကောင်းများ- နှစ်၂၀ ကျော် အနစ်နာခံစွန်.လွှတ်ရင်း ပြည်သူများဖက်က ရပ်တည်ခေါင်းဆောင်ခဲ့သူ ”အရပ်သားခေါင်းဆောင်များ” ကိုတော့ သန်းရွှေကြီးက တွေ.ဆုံဆွေးနွေးဖို.စိတ်ကူးမရှိ အဆင့်အတန်းခွဲခြားပြီး အဖက်မတန်သလို သဘောထားနေတာ တွေ.ရတယ်။
(နေပူပြိးရင်တော့နေရိပ်ထဲကိုရောက်တာပေါ့ ဗျာ။အကျိုးတရားဆိုတာအကြာင်း
တရားရှိလို့ဖြစ်လာတာလေ။သွေးချင်းတွေအားလုံးအတွက်တော့ ဝမ်းမြောက်ဖွယ်
သတင်းပါဘဲဗျာ။)ကောင်းပါတင်္ရ။ သံသယာဆိုတာရဟက်လိုဘဲဆိုတာကိုလက်ခံ
တင်္ရဆိုရင်တော့ နိမ့် ပြိးရင်မြင့် မှာဘဲလေဗျာ။
ယနေ့ သတင်းစာမြန်မာ့အလင်းတွင် ရခိုင်ပြည်နယ်မှ ဆင်ဖြူတော်အမတစ်စီး ဖမ်းဆီးရရှိခဲ့သည်ဟု ဖော်ပြပါရှိသည်။
ဒီသတင်းကို ရေးသားပေးတဲ့သူကိုရော တင်ထားပေးတဲ့သူကိုရော ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။ဒါဟာ တိုင်းပြည်အတွက် တကယ့်ကို မင်္ဂလာရှိတဲ့ သတင်းကောင်းတစ်ပုဒ်ဖြစ်လို့ ပါ။ တကယ့်စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နေတဲ့ လုပ်ရပ်ကောင်းတစ်ခုလို့  နေမင်းသစ်စာက ယူဆပါတယ်။