ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ အမှတ်တံဆိပ်ဖြစ်သည့်
ခမောက် ဦးထုပ် တံဆိပ် လိုဂို အား ရွေးကောက်ပွဲ တွင်ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစု အဖွဲ့ က
၎င်းတို့ အဖွဲ့ ၏ အထိမ်းအမှတ်တံဆိပ် အဖြစ် ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင် ထား
လျှောက်ထားမှု ပြုလုပ်နေ ကြောင်း သတင်း ရရှိသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု အဖွဲ့ သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမို
ကရေစီ အဖွဲ့ ချုပ် မှ ခွဲထွက် သွား ခဲ့သည့် ဦးခင်မောင်ဆွေ ၊ဒေါက်တာ သန်းငြိမ်း ၊သခင် လှဦး ၊ဒေါက်တာ
ဝင်း နိုင်တို့ ဖြစ်ဖွဲ့ စည်း ထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် လကမြန်မာနိုင်ငံ၏ သမိုင်းဝင် ကျောင်းသားသမဂ္ဂအလံနှင့် မြန်မာလွတ်လပ်ရေး တိုက်ပွဲတွင် ဗမာ့ကာကွယ်ရေးတပ်
မတော် တို့ က အသုံးပြုခဲ့သည့် သမိုင်းဝင် ဒေါင်း အလံတို့ကို ထပ်တူနီးပါး ကူးယူသုံစွဲထားသည့် ပြည်ထောင်စု
မြန်မာ နိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ ချုပ် နှင့် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာ နိုင်
ငံ) တို့ အား ပါတီ ၏ အလံ နှင့် တံဆိပ် အမှတ် အသား တို့ ကို လက်ရှိ အသုံးပြုရန် ရည်ရွယ်ထားသည့် တံဆိပ်
အမှတ် အသား တို့ မှ ပြောင်းလဲပစ်ရန် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် မှအမိန့် ထုတ်ပြန်ခဲ့သည်။
ယနေ့ ထုတ်ကြေးမုံ သတင်းစာ တွင် အမျိုးသား ဒီမိုကရေစီ အင်အားစု အဖွဲ့ ၏ လျှောက်ထား ချက် ကို ကန့် 
ကွက် နိုင်သည် ဟု ပါရှိသည်။

u Khin Mg Shwe ,u should not u se this sign ! u need to understand ,it is sign of NLD , all burmese like this coz ,to protect from sunshine ( Nay Win ) in 1990 with NLD , now u r so different from NLD ,so u should clear all from NLD.