သွေးလွန် တုပ်ကွေးရောဂါ ကြောင့် ရန်ကုန် သေဆုံးသူ ကလေး ဦးရေ နှစ်ဆယ် ကျော်သွားပြီ

Updated :မိုးရာသီ တုပ်ကွေးရောဂါ လူဆယ်ယောက် လျှင် လေး ယောက်နှုန်းခန့် ရန်ကုန်မြို့ နှင့် ပဲခူးတွင်ဖြစ်နေ
ဟိန်းခိုင်ထွန်း ၊            ၊မိုးရာသီတွင် ဖြစ်ပွားတတ်
သည့် တုပ်ကွေးရောဂါ မှာ ရန်ကုန် ၊ပဲခူး ၊မွန်ပြည် နယ်
နှင့် ဧရာဝတီ တိုင်း တို့ တွင် ဆေးဆိုင်များ ဉ် တုပ်ကွေး
ရောဂါ ကာကွယ်ရေး ဆေးများ ပြတ်လပ် အောင်ပင်
ရောင်းနေ ရကြောင်း သတင်းရရှိ သည်။ ဇွန်လ လယ်မှ
စ၍ ကလေးငယ်များ တွင် Dengue Haemorrhagic Fever (DHF)
ဟုခေါ်သည့် သွေးလွန် တုပ်ကွေးရော ဂါ ကြောင့် ရန်ကုန်
တစ်မြို့ တည်း မှာ ပင် သေဆုံးသူ ကလေး ဦးရေ နှစ်ဆယ်
ကျော်သွားပြီ ဖြစ်သည်။

ယမန် နေ့ က ရန်ကုန်မြို့ ရှိ ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးရုံတစ်ခု တွင် တက်ရောက် ကုသ
ခံရင်း အသက် ငါးနှစ် အရွယ်ရှိ သားဖြစ်သူ သေဆုံးခဲ့ရသည့် မိခင် တစ်ဦး က “သူ့ အဖေက တစ်ညလုံးဘောလုံး ပွဲ ထိုင် ကြည့်တာလေ  ကလေး က တီဗီကြည့် ရင်း အိပ်သွား တာ ကို တောင် သတိမရ
တော့ ဘူး ..ဆရာဝန် က ခြင်ကြောင့် ဖြစ်တဲ့ သွေး လွန် တုပ်ကွေး တဲ့ နေမကောင်း ဖြစ်ပြီး အဖျားတက်တာ
သုံးရက်ပဲ ခံတယ် ဟု Freedom News Group သို့ ပြောသည်။

ရန်ကုန်မြို့ တော်စည်ပင် က ယနေ့ ကျင်းပခဲ့သည့် ကူးစက်စေတတ်သည့် သွေးလွန် တုပ် ရောဂါ နှင့် ပတ်သက်
သည့် သတင်းစာရှင်း လင်းပွဲတွင် ကူးစက် ရောဂါ ခံစား နေ ရသူ ကိုးရာကျော် ရှိပြီး ခြောက်ဦးသာ သေဆုံးခဲ့
သည် ဟု သတင်း ထုတ်ပြန် ခဲ့ သည်။

မိုးရာသီ တွင် ဖြစ်တတ်သည့် တုပ်ကွေးရော ဂါကြောင့် ရန်ကုန်မြို့ ရှိ ဆေးရုံ-ဆေးခန်း များ နှင့် ပုဂလိက ဆေးရုံ
များ တွင် တုပ်ကွေးလူနာ များ နှင့် ပြည့် နှက်နေ သည် ။ လမ်းဘေးကွမ်းယာ ဆိုင်များ တွင် ပင် ရောင်းချသည့်
နိုကိုလီ နှင့် ပရိုကို ဆေးဝါး များ မှာ လည်း ရောင်းမလောက် အောင်ပင် ဖြစ်နေရသည် ဟု ကမာရွတ် လှည်းတန်း မှ အိမ်သုံးဆေးဝါး ရောင်း ချသူ တစ်ဦး ကပြောသည်။ပဲခူးတိုင်း ပဲခူး မြို့ တွင် လည်း သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွား မှုများ ရှိသည်။
ဧရာဝတီ တိုင်း တွင် သွေးလွန် တုပ်ကွေးရောဂါ အပြင် ရာသီ တုပ်ကွေး ရောဂါ ကြောင့် သေဆုံးသူများ
လည်း ရှိသည်။

လူကြီး များ တွင် ဖြစ်တတ်သည့် တုပ်ကွေးရောဂါ ကြောင့် သေဆုံးသူ ဦးရေမှ အနည်းဆုံး ခြောက်ဦးခန့် ရှိ
သည်။ စစ်အစိုးရ အာဘော် သတင်းစာ များ တွင်မူ တုပ်ကွေးရောဂါ နှင့် သွေးလွန် တုပ်ကွေး ရောဂါ ဆောင်
ရန် ၊ရှောင်ရန် များ ကို ဖော်ပြထားသည်။

သွေးလွန် တုပ်ကွေးရောဂါ မှာ နှစ်စဉ် မြန်မာ နိုင်ငံတွင် လူလေးထောင် နီးပါး ဉ် ဖြစ်ပွားသည် ဟု ကျမ္မာရေး
ဝန်ကြီး ဌာန ကသတင်း ထုတ်ပြန်သည်။

ဆယ်နှစ် ကျော်ကြာ အချိန်ယူခဲ့သည့် Dr Dre ၏ Detox အယ်(လ)ဘမ်ထဲမှ Under Pressure အမည်ရှိ
ပွဲဦးထွက် ဆင်ဂဲလ်