ရန်ကုန် လေဆိပ် ထွက်ခွာခွင့် အခွန် တိုးမြှင့် ကောက်ခံ

ဇွန်လ ၃၀ ရက်နေ့ ကစ၍ ရန်ကုန် လေဆိပ် ထွက်ခွာခွင့် အခွန်များ ကို တိုးမြှင့် ကောက်ခံ တော့ မည်
ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းဌာ န များ မှ သတင်းထုတ်ပြန်မှု ပြုလုပ် ထားသည် ဟု သတင်း
ရရှိသည်။

ထိုသို့  တိုးမြှင့် ကောက်ခံခြင်းသည် မြန်မာ နိုင်ငံသား နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ အတွက်သာ
အကြုံးဝင်ပြီး ယခင် က မြန်မာ ကျပ်ငွေ တစ်ရာ အစား ယခု ကျပ် ငွေ သုံးထောင် ဟု ပြင်ဆင် သတ်မှတ်
ခဲ့သည်။

မြန်မာ နိုင်ငံသား အများစု သွားရောက် ကြသည့် ထိုင်း နိုင်ငံ ဗီဇာ မှာ လည်း ရရှိရန် ပင် အတော် ခဲယဉ်း
သွား သည် ဟု ကိုယ်တွေ့ ကြုံခဲ့ရသည့် ကျောင်း သား တစ်ဦး က Freedom News Group သို့ ပြောသည်။

ထိုင်း သွားမယ် ဆိုရင် ရန်ကုန် လေဆိပ် ဒီပါချာ မှာ တင် ရှိုးမန်း နီး ဒေါ်လာ ၅၀၀ ပြရတယ် ။အဲ လို မှ
မပြ နိုင်ရင် လေယာဉ် ပေါ် ကို တက်ခွင့် မပေး တာ ဟု ပြောသည်။

ပြည်ပ ထွက်ခွာ ခွင့် အခွန် ကောက် ခံ ခြင်းမှာ ကမ္ဘာ ပေါ်တွင် ထူးထူးခြားခြား မြန်မာ နိုင်ငံ တစ်ဦး တည်း
သာ ကောက်ခံခြင်း ဖြစ်ကြောင်း ဥရောပ နိုင်ငံ တစ်ခု တွင် ဆေးပညာရပ် ဖြစ် အသက်မွေး ၀မ်းကျောင်းနေ သူ
တစ်ဦး က ပြောသည်။

လေဆိပ် ထွက်ခွာခွန် တိုးမြှင့် ကောက်ခံခြင်း သည် ရွေးကောက်ပွဲ ၀င်မည့် ကြံဖွတ် ပါတီ ၏ မဲဆွယ် စရိတ်များ
ရရှိရန် ရံပုံငွေ တိုးကောက်ခြင်း ဖြစ်ကြောင်း သိရသည်။

Toy Story 3