မစ်ရှီဂန် ဆရာမ ကျောင်းသားနှင့် လိင် ဆက်ဆံကြောင်း စွပ်ဆွဲခံရ

မစ်ရှီဂန် ပြည်နယ် ဖရီးလန်း မြို့ရှိ ယခင် အထက်တန်းပြ ဆရာမသည် အသက် ၁၈နှစ် မပြည့်သေးသော ကျောင်းသားလေးကို စည်းရုံးသွေးဆောင် လိင်ဆက်ဆံ ခဲ့ကြောင်း  Midland Country တရားရုံးက သောကြာနေ့က ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ် အိမ်ထောင် နှစ်ဆက်ကျပြီးသူ ဆရာမ Marcie Rousseau က ၂၀၀၉ မေလမှ ယခုနှစ် ဖေဖော်ဝါရီ လအထိ ကျောင်းသားငယ်နှင့် အတူ အမြဲ အိပ်ခဲ့ကြောင်း ရှေ့နေက စွဲချက်တင်သည်။ ကလေးကို ကားနှင့်တင်ခေါ်ပြီး နယ်စပ် တစ်လျှောက် မောင်းနှင်သွားပြီး ရာဇ၀တ်မှုဆိုင်ရာ မဖွယ်မရာ ကိစ္စကို ပြုမှုလေ့ ရှိသည်ဟု ရှေ့နေက ထွက်ဆိုသည်။ Rousseau ကတော့ သူမတွင် အပြစ်မရှိကြောင်း တရားရုံးတွင် ဖြေရှင်း ပြောကြားသည်။

ဆရာမများ၏ ကျောင်းသားငယ်များနှင့် လိင် အရှုပ်တော်ပုံမှာ အမေရိကန် ပြည်ထောင်စုတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဖလော်ရီဒါ ပြည်နယ်မှ အသက် ၂၅ နှစ်ရှိ ဆရာမ Kristen Sullivan သည် အသက် ၁၄ နှစ် အရွယ် ကျောင်းသားကလေးနှင့် အတူ ဆက်ဆံခဲ့၍ ပြီးခဲ့သည့် ဧပြီလတွင် အဖမ်းခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်တွင် ဖလော်ရီဒါ ပြည်နယ်မှ ဆရာမ Stephanie Ragusa ကိုလည်း အသက်မပြည့် ကျောင်းသား နှစ်ယောက်နှင့် ဆက်ဆံခဲ့၍ ထောင် ၁၀နှစ် ချပစ်ခဲ့သည်။

4 thoughts on “မစ်ရှီဂန် ဆရာမ ကျောင်းသားနှင့် လိင် ဆက်ဆံကြောင်း စွပ်ဆွဲခံရ

  1. ကိုနေခ :

    အဲဒီ သတင်းထက် သေခါနီးဒေါ်ကြိုင်ကြိုင်က လူမင်းခေါ်ဆွဲတာက ပိုပြီးထူးမနေဘူလား…ဟားဟားမှန်တယ်

  2. အဲဒါကို ဆန်းတယ်လို့ ယူဆဖို့မကောင်းဘူး။ လူတွေဟာလေ ကိုယ့်အလုပ်ကိုယ်လုပ်တာမဟုတ်ဘူး သူ့များအပြစ်တွေကိုပဲ လိုက်ရှာပြောနေကြတယ်။ သူလဲ အလုပ်ခံချင်လို့ပေါ့။ မင်းတို့လဲ လုပ်ချင်ကြတယ်မဟုတ်လား၊ ကိုယ်ချင်းစာကြည့်ပေါ့။ ပုထုဇဉ်ပဲဟ။

    1. ပုထုဇဉ်ပဲမို့ တိရိစ္ဆာန် စိတ်တွေ ကြိုးစားဖျောက်ဖို့ ပြောနေရတာဗျ (ကိုလား မလား မသိရတဲ့)soemoethu ရ။
      ဒါမျိုးကို အမေရိကားလို နိုင်ငံမျိုးမှာတောင် ထောင်ချပစ်တယ်လေ။ တွေးသာကြည့်ပါတော့။
      ကိုယ် ကိုယ်တိုင်လည်း အဲဒီလို လူ့စည်းဖေါက်နေ တိရိစ္ဆာန်တစ်ပိုင်းဘဝမှာပဲ ရှိနေသေတဲ့သူတွေကတော့ ကိုယ်ချင်စာကြည့်နိုင်ယုံမက အားပေးအားမြှောက်တောင် လုပ်နေမှာပေါ့ဗျာ။

  3. အဲဒီ သတင်းထက် သေခါနီးဒေါ်ကြိုင်ကြိုင်က လူမင်းခေါ်ဆွဲတာက ပိုပြီးထူးမနေဘူလား…

Comments are closed.