
စနေ နေ့ က တောင်အာဖရိက နိုင်ငံ ကိပ်တောင်းတွင် ကျင်း ပခဲ့သည့် ကမ္ဘာ့ ဖလား ရှုံးထွက် ကွာတား
ဖိုင်နယ် အဆင့် ဉ် ဂန္တ၀င် ဘောလုံးသမား ဟောင်းကြီး ဒီဂိုမာရာဒိုနာ ဦးဆောင် သည့် အာဂျင်းတီးနား
အသင်းက ဂျာမဏီအသင်း အား လေးဂိုး ဂိုး မရှိ ဖြင့် ရှုံ နိမ့် ကာ ပြိုင်ပွဲမှ ထွက် ခွာ သွားရသည် ဟု
သတင်းရရှိသည်။

ဂျာမဏီ အသင်းအား ဂိုးပြတ် ရှုံး နိမ့် ခဲ့ရခြင်း အတွက်
မြန်မာ ဘောလုံးဝါသနာအိုးများ ပင် မယုံနိုင်စရာ
ဖြစ်ခဲ့ရသည် ဟု အားကစား ဆောင်းပါးရှင် တစ်ဦးက
Freedom News Group သို့ ပြောသည်။
ဂျာမဏီ အသင်း အတွက် အနိုင် ဂိုးများ ကို မီရိုဆလဗ်
ကလိုဆေး က နှစ်လုံး နှင့် သောမတ်မူလာ၊အန်း ဖရက်ဒရရှစ် တို့ က သွင်းယူခဲ့ခြင်းဖြစ်သည်။ဂျာမဏီ အသင်း သည် ၁၉၉၀
ပြည့် နှစ်က အီတလီဉ် ကျင်းပစဉ်ဂျာမဏီ ကမ္ဘာ့ ဖလားချန်ပီယံ
ဖြစ်ခဲ့သည်။၁၉၅၄ ,၁၉၇၄ နှင့် ၁၉၉၀ တို့ တွင် ဂျာမဏီသည့် ချံပီယံဖြစ်ခဲ့သည်။
အာဂျင်းတီးနား အသင်း ၏ နည်းပြ တစ်ဦး ဖြစ်သည့် မာရာ
ဒိုနာသည် သူ့ အသင်း နိုင်ရရှိလျှင် အာဂျင်တီးနား နိုင်ငံ၏
မြို့ တော် ဗြူနို ဆိုင်းရပ် လမ်းမများ ပေါ် ဉ် ၀တ်လစ်စလစ်
လျှောက်ပြ မည် ဟု ကြွေးကျော် ခဲ့ဖူးသည်။
နာမည် ကြီး ထိုနှစ်သင်း သည် ပြိုင်ပွဲ မစမှီ တစ်သင်းနှင့်
တစ်သင်း ထိုးနှက် ဝေဖန် ခဲ့ကြသည်။
အာဂျင်တီးနား အသင်းမှာ ၁၉၇၈ နှင့် ၁၉၈၆ တို့ ဉ် ချံပီယံ ဖြစ်ခဲ့သည်။
ကမ္ဘာ့ ဖလားပြိုင်ပွဲ များ ဉ် ဘရာဇီး က ချံပီယံ ငါးကြိမ်ဖြစ်ခဲ့ပြီး အီတလီ က လေးကြိမ် ဖြစ်ခဲ့သည်။ယခုနှစ် ကမ္ဘာ့ ဖလား ပြိုင်ပွဲ ဉ် အသင်း ကြီးများ
စောစီးစွာ ထွက် ခဲ့ရသည်။
စပိန် နှင့် ပါရာဂွေး ပွဲစဉ်မှာ တော့ စပိန် အသင်းက ပါရာဂွေး အသင်း ကို တစ်ဂိုး ဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သည်။

လျှောက်ခဲ့ရင်လဲ ကြည့်မကောင်းတာ သေချာတယ်