ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သည်( ၇ )ဦး၏ရုပ်အလောင်းကိုဖေါ်ထုတ်နိုင်ခဲ့
ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန် လေတပ်မှ မြန်မာ နိုင်ငံ နှင့် မဟာမိတ် တို့ အတွက် ကူညီအသုံးပြုပေးခဲ့သည့် C-47A လေတပ်သုံးလေယာဉ် ဓာတ်ပုံ-အမေရိကန်လေတပ် စစ်သမိုင်းပြတိုက်
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံအတွင်းပျက်ကျခဲ့သော ကုန်တင်စစ်လေယာဉ်မှ ပျောက်ဆုံးနေသည့်
လေတပ်စစ်သည်( ၇ ) ဦး ၏ ရုပ်အလောင်းကို အမေရိကန်စစ်တပ်မှတာဝန်ရှိသူတို့မှ ရှာဖွေဖေါ်ထုတ်နိုင်ခဲ့သည်။
မေလ ၂၃ရက်၊ ၁၉၄၄တွင် အမေရိကန်လေတပ်စစ်သည် ( ၇ )ဦးသည် C-47A ကုန်တင်စစ်လေယာဉ်ဖြင့်
မြန်မာပြည်မြောက်ပိုင်း၊ မြစ်ကြီးနားမြို့အနီးတပ်စွဲထားသော မဟာမိတ်တပ်များအတွက် အထောက်အပံ့
ပစ္စည်းများတင်ဆောင်ပြီး အိန္ဒိယနိုင်ငံ မှထွက်ခွာခဲ့ပြီး မိခင်တပ်စခန်းသို့ ပြန်လည်မရောက်ခဲ့ခြင်းဖြစ်သည်။
၂၀၀၂ ခုနှစ်တွင် သာသနာပြုအဖွဲတစ်ဖွဲ့ မှမြစ်ကြီးနားမြို့မြောက်ဘက် ၃၁မိုင်အကွာရှိ လေယာဉ်ပျက်ကျရာ
နေရာမှ လေယာဉ်အစိတ်အပိုင်းများ ကိုရှာဖွေတွေ့ရှိခဲ့သည်။
ထိုပျက်ကျရာနေရာမှ ရုပ်အလောင်းများကို စစ်သည်အဖွဲ့မှတူးဖေါ်ရရှိခဲ့သည်။
အဆိုပါလေယာဉ်ပေါ်တွင် အမေရိကန်လေတပ်မတော်မှ တပ်ကြပ်ကြီး Clarence Frantz (Tyrone)၊
ဗိုလ်ကြီး Joseph M. Olbinski ( Chicago )၊ ပဗိုလ် Joseph J. Auld ( Floral Park, N.Y )၊
ပဗိုလ် Robert M. Anderson ( Millen, Ga.)၊ အထူးတပ်သား Richard M. Dawson ( Haynesville, Va.)၊
တပ်သား Robert L. Crane ( Sacramento, Clif.)၊ တပ်သား Fred G. Fagan ( Piedmont, Ala.)၊ တို့ဖြစ်ကြသည်။
ထို လေတပ်မတော်မှ စစ်သား တို့၏ ရုပ်အလောင်းများကို အာလင်တွန် နိုင်ငံတော်သချိင်္ုံင်းတွင်
စစ်အခမ်းအနားဖြင်ဂျူလိုင် (၁၅ )ရက်နေ့က မြုတ်နှံသဂြိုလ်မည်ဖြစ်သည်။
အမေရိကန် လေတပ် မော်ကွန်းတိုက် တွင် သတင်းဖေါ်ပြချက်အရ ထိုလေတပ်စစ်သည်တို့၏
ကြွင်းကျန်သောရုပ်ကြွင်းများနှင့် သက်ရှိထင်ရှားရှိနေသာ ဆွေမျိုးတို့ ဖြင့် သိပ္ပံနည်းကျ DNA တိုက်
ဆိုင်စစ်ဆေးမှုများ၊ သွားဖက်ဆိုင်ရာ တိုက်ဆိုင်စစ်မှုများပြုလုပ်ပြီးမှ အတည်ပြုခဲ့ခြင်းဖြစ်သည်။
2 thoughts on “ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်စစ်သည်( ၇ )ဦး၏ရုပ်အလောင်းကိုဖေါ်ထုတ်နိုင်ခဲ့
  1. နေဝင်း သန်းရွှေ စစ်ဓားပြအုပ်စုက ဖြစ်နိုင်လျှင် အာဇာနည်ဗိမာန်၊ အာဇာနည်ကုန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကိုပါ ဖြိုပစ်ချင်နေတာ။ ဓါးပြဗိုလ်တွေက အရည်အချင်းမရှိလို့ လူထုချင်ဖတ်တွေ ဖြစ်နေတော့ မနာလိုဝန်တိုဖြစ်တာရယ်၊ သူတို့ မဟုတ်တာ မတရားတာတွေ လုပ်ထားတာများတော့ နိုင်ငံ့အာဇာနည် သူတော်ကောင်းတွေရဲ့ စိတ်ဓာတ်တွေ ပြန့်ပွားပြီး အရိုးတွန်မှာကို ကြောက်နေတာရယ်ကြောင့်ပေါ့ဗျာ။
  2. မြန်မာနိုင်ငံမှာတော့ ၀န်ကြီးချုပ်ဟောင်းဦးနု ဂူတောင်မှကြံတော
    သချိုင်း လူခလုတ်တိုက်တဲ့နေရာမှာရှိနေတာ။ တစ်ခြားနိုင်ငံတွေလိုပဲ မိမိနိုင်
    ငံသားတွေကိုလေးစားရမယ့် တာဝန်ကိုစစ်တပ်က ပျက်ကွက်နေတယ်။ စက်
    တင်ဘာအပါအ၀င် မတရားသေခဲ့ရတဲ့သူတွေရဲ့ ၀ိဥာဏ်တွေကို စစ်တပ်က
Comments are closed.