
နာမည်ကြီး တောင်ကိုရီယား အဆိုတော်နှင့် ရုပ်ရှင်မင်းသား ပတ်ခ် ယန်းဟ Park Yong-ha ၃၃ နှစ် သည် သူ၏နေ အိမ်တွင် သတ်သေသွားခဲ့ကြောင်း ရဲက အတည်ပြု ပြောကြားခဲ့သည်။ လျှပ်စစ်မီးကြိုးဖြင့် သူ့ကိုယ်သူ ကြိုးဆွဲချထားသော အလောင်းကို သူ့မိခင်က စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ကင်ဆာရောဂါ ခံစားနေရသော ဖခင်ကို ပြုစုနေသည့် ပတ်ခ်မှာ ရုပ်ရှင် ကုမ္ပဏီများ၏ ဖိအားပေးမှု အမျိုးမျိုး ခံရသောကြောင့် အဆုံးစီရင်သွားရသည်ဟု မိသားစုက ပြောသည်။ ပတ်ခ် မသေဆုံးမီအထိ အသက် ၆၂နှစ်ရှိ ဖခင်ကို ပြုစုပေးခဲ့သည်။ ပတ်ခ်သည် ၂၀၀၂ ခုနှစ် Winter Sonata တီဗွီ ဒရမ်မာ စီးရီးဖြင့် ဂျပန်နှင့် အာရှတိုင်းပြည်များတွင် တဟုန်ထိုး ကျော်ကြားလာခဲ့သူ ဖြစ်သည်။
ကိုရီးယား အကျော်အမော်များသည် ဖျော်ဖြေရေး ကုမ္ပဏီများ၏ ချုပ်ကိုင်မှု အမျိုးမျိုးကို ခံနေကြရသည်။ ၂၀၀၈ ခုနှစ်တွင် ရုပ်ရှင်မင်းသား Choi Jin-sil သတ်သေသွားခဲ့ပြီး၊ ၂၀၀၅ တွင် Lee Eun-joo သတ်သေသွားသည်။ အဆိုတော် တစ်ယောက် အနေဖြင့်လည်း အယ်လ်ဘမ်များ ထုတ်ခဲ့သည်။ ကိုရီးယားတွင် အသက် ၂၀နှင့် ၃၀ အကြား လူငယ်များ မိမိကိုယ်ကို သေကြောင်းကြံစည်မှု များပြားလာနေသည်။
ပတ်ခ်ယောင်ဟား၏ ရုပ်သံဇာတ်လမ်းတွဲ များ ကို မြန်မာ နိုင်ငံတွင် လည်းပြသခဲ့ရာ မြန်မာ ပရိတ်သတ်တို့ အကြိုက် ကိုရီးယား သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့သည်။

ပတ်ယောင် ဟား ကို ၁၉၇၇ သြဂုတ် လ ၂၂ ရက်နေ့ တွင် ဖွားမြင်ခဲ့သည်။၎င်းသည် The Slingshot ၊On Air ၊
Loving You ၊ Winter Love Story ၊ Snowflakes ၊ More Than Love စသည့်ရုပ်သံဇာတ်လမ်း
တွဲများ နှင့် Love Me Once Again 2002 (2002); If It Snows at Christmas (1998); Island of Women (1989) ရုပ်ရှင်ဇာတ်ကားများ တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။
ပတ်ယောင်ဟာ သည် မြန်မာ ပရိတ်သတ် တို့ ကြားတွင် စောအင်ဟာ အဖြစ် လူသိများသည်
သူ၏ အသုဘ အခမ်းအနား အား စနေနေ့ က ဆိုလ်းမြို့ ဉ် ကျင်းပရာ သူ၏ ပရိတ်သတ် များ
ကြောင့် လမ်းမ များ ပိတ်ဆို့ ကုန် သည် အထိ ဖြစ်ပွား ခဲ့သည် ဟု သိရသည်။
သတင်း CNN

အဲဒီ ကိုရီးယားက ဖျော်ဖြေရေးကုမ္ပဏီ တွေ မြန်မာပြည်လာရင် ၁ပါတ်အတွင်းပြန်ပြေး သွားလိမ့်မယ်။haha
ငယ်ရွယ်အောင်မြင်စ အချိန်ဘဲ ရှိပါသေးတယ်ဗျာ
ဝမ်းနည်းကြေကွဲ ရကြောင်းပါ ခင်ဗျား
“အဲဒီ ကိုရီးယားက ဖျော်ဖြေရေးကုမ္ပဏီ တွေ မြန်မာပြည်လာခိုင်းရမှာ”…