ဂျာမဏီ ကို အနိုင်ရပြီး စပိန် ဗိုလ်လုပွဲတက် (မြန်မာ လောင်းကြေးထပ်သူများ ခွက်ခွက်လန် ရှုံး)

ဒုတိယပိုင်းတွင် ကာလက်ပူရို ၏ တစ်လုံး တည်းသော ဂိုးဖြင့် စပိန် အသင်းသည် အနိုင်ရရှိကာ ကမ္ဘာ့ ဖလား နောက်ဆုံးဗိုလ်လု ပွဲ သို့ တက်သွားပြီ ဖြစ်သည်။စပိန် အသင်းသည် ဗိုလ်လုပွဲ တွင် ဟော်လန် အသင်း နှင့် တွေ့ ဆုံရမည်ဖြစ်သည်။(AP Photo/Martin Meissner)ပုံတွင် စပိန် အသင်းသားများ အောင်ပွဲခံနေပုံ ဖြစ်သည်။

အကြိုလ် ဗိုလ်လုပွဲ စဉ် တွင် ဂျာမဏီ အသင်း ရှုံးနိမ့် မှု ကြောင့် ဂျာမဏီ အသင်း ဘက်မှာလောင်းကြေး
ထပ်ထားသည့် မြန်မာ ပရိသတ်များ အကြီးအကျယ်ရှုံး နိမ့် ကျသည် ဟု သတင်းရရှိသည်။

ထိုသို့ ရှုံး နိမ့်မှု မှာ ပြည်တွင်း နေ မြန်မာ များ သာ မဟုတ်ပဲ ပြည်ပတွင် နေထိုင် အလုပ်လုပ် ကိုင်နေကြ
သည့် မြန်မာ များ လည်း များ ပါဝင် သည် ။ကာတာ နိုင်ငံ ရှိ စားသောက် ဆိုင် တစ်ခု တွင် မန်နေဂျာ အဖြစ်
လုပ်ကိုင် နေသည့် မြန်မာ လူမျိုး တစ်ဦး မှာ အမေရိကန် ဒေါ်လာ တစ်သောင်း ကျော် ရှုံး နိမ့် သည် ဟု
သတင်းရရှိသည်။