ကိုဦး ၊ ၊ရှမ်းပြည်နယ်အရှေ့ ပိုင်း ထိုင်းနယ်စပ်ရှိ တာချီလိတ်မြို့မှ ရဲတပ်ဖွဲ့မြို့
နယ်မှူး အပါအ၀င် ရဲတပ်ဖွဲ့ ဝင် အချို့ သည် တရားမ၀င်မော်တော် ကား တင်
သွင်းမှု ပြုလုပ်နေကြ သည် ဟု တာချီလိတ်ရဲစခန်းနှင့်နီးစပ်သူများက ပြောသည်။
တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်ရှိ နယ်စပ်ကုန်သွယ်ရေး
ဦးစီးဌာန (နကသ) အဖွဲ့နှင့် ရဲတပ်ဖွဲ့ သည် ၀စ်သောက် ဟု ခေါ်သည့် တရား မ၀င် မော်
တော်ကားများ ကို တောင်ကြီး မြို့ သို့ အရောက် ကျပ် ဆယ့်ငါးသိန်း မှ ငါးဆယ် အထိ
ယူကာ မော်ဒယ် ယူကာ ပို့ ဆောင်ပေးသည်။
တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ ရဲမှူးမြင့်အောင်စီးနင်းနေသော ဂျပန်နိုင်ငံ
လုပ် မတ်တူးခဲရောင်ဖြော့၊ နံပတ် ( ၁ ဂ/၉၀၃၀) သည် တရားဝင်လိုင်စင် မရှိ
သောယာဉ်ကို နံပတ်တပ်၍ စီးနင်းနေခြင်းဖြစ်ကြောင်း၊ ရဲစခန်းနှင့်နီးစပ်သူက
Freedom News Group သို့ပြောကြားခဲ့သည်။ ၎င်းသည် အစိုးရမှ အသုံးပြု
ရန် ပေးထား သည့် မော်တော်ကား ကိုပင် စိတ်တိုင်းမကျ သဖြင့် စီးနင်းခြင်း
မပြုဟု ဆိုသည်။
ရဲမှူးမြင့်အောင်သည် ကျိုင်းတုံရဲပြည်နယ်မှူး ရဲမှူးကြီးဝင်းကြည်နှင့် အလွန်နီးစပ်၍
အလွန်ပိုင်သူဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ကျော်ခန့် တာချီ လိတ်မြို့နယ်မှူး တာဝန်ဖြင့်
ရောက်ရှိခဲ့သည်။၎င်းစီးနင်းသည့် ကားမှာ တာချီလိတ်မြို့ပေါ်မှမူးယစ်ဆေးကုန်သယ်များက
တဇိုးလက်ဆောင်အဖြစ်ပေးထားသော ကားဖြစ် ကြောင်းကိုလဲ အဆိုပါသူမှပြောပြခဲ့သည်။
တာချီလိတ် ရဲတပ်ဖွဲ့ သည် တရားမ၀င် မော်တော်ကား တင်သွင်း
ခြင်းမှ လာဘ်လာဘ များ ပေါကြွယ်ဝ နေ ပြီး ရံဖန်ရံခါ တွင် တစ်ဘက်ကမ်း
ရှိ ထိုင်း နိုင်ငံ မယ်ဆိုင် မြို့ တွင် လာရောက် သောက်စားပျော်ပါးကြသည်။
တာချီလိတ်မြို့နယ်အတွင်း လွန်ခဲ့သောဂျွန်လမှစတင်၍ တရားမ၀င် ယဉ်များကို
ဌာနပေါင်းစုံစုပေါင်း၍ ဖမ်းဆီးမှူများပြုလုပ်ကြသည်။ တရားမ၀င် ယဉ်များစွာရှိ
သော်လဲ ယခုအချိန်အထိ မော်တော်ကား နှစ်စီးသာဖမ်းဆီးနိုင်ခဲ့သေးသည်။
မြန်မာတစ်နိုင်ငံလုံးတွင် တရားမ၀င်မော်တော်ယဉ်များကို ဖမ်းဆီးရန် အတွက်
ဂျွန်လမှစတင်၍ ဖမ်းဆီးရန်စီမံချက်ကိုလုပ်ဆောင် နေသော်လဲ မြန်မာနိုင်အတွင်းတွင်
အာဏာပိုင်များ၊ အာဏာပိုင်များနှင့် နီးစပ်သူမိသားစုများက အသုံးပြုလျှက်ရှိနေကြသေးသည်။
တာချီလိတ်-မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်ရှိ နယ်စပ်ကုန်သွယ်ရေး
ဦးစီးဌာန (နကသ) အဖွဲ့နှင့် ရဲတပ်ဖွဲ့ သည် ၀စ်သောက် ဟု ခေါ်သည့် တရား မ၀င် မော်
တော်ကားများ ကို တောင်ကြီး မြို့ သို့ အရောက် ကျပ် ဆယ့်ငါးသိန်း မှ ငါးဆယ် အထိ
ယူကာ မော်ဒယ် ယူကာ ပို့ ဆောင်ပေးသည်။
မဲဆောက်-မြ၀တီ ဂိတ်များ သည် မြန်မာ နိုင်ငံသွင်း သို့ တရားမ၀င် မော်တော်ကားတင်
သွင်းမှု အများ ဆုံး ဖြစ်သည်။
