ထိုင်းဝန်ကြီး ချုပ် အဘီဆစ် ၀ိဇ္ဇာ ဇီဝ သည် သြဂုတ် လ အတွင်း ဉ် မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်
မည် ဟု ယနေ့ ညနေ တွင် ဘန်ကောက် မြို့ ဉ် သတင်းထောက်များ ကို ပြောသည်။အဘီဆစ် သည် ယမန်
နှစ်က မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်ရန် စီစဉ် ထားသော် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစု ကြည် အား ထောင်သွင်း အကျဉ်းချထားမှု ကြောင့် စစ်အစိုးရ ခေါင်းဆောင်များ နှင့် တွေ့ ဆုံမည့် သူ၏
ခရီးစဉ် ကို ရွှေ့ ဆိုင်း ခဲ့သည်။
အဘီဆစ် ၏ ခရီးစဉ် တွင် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နှင့် တွေ့ ဆုံ နိုင်ဖွယ်ရှိ ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၊ရေနံနှင့်
သဘာဝ ဓတ်ငွေ့ ကိစ္စများ အပါအ၀င် ကုန်သွယ်ရေး ကိစ္စများ ကို ဆွေးနွေး မည် ဖြစ်သည်။
ထိုင်းဝန်ကြီး ချုပ် အဘီဆစ် သည် မေလ အတွင်းက အနီဝတ် အစိုးရ ဆန့် ကျင်ရေး ဆန္ဒပြသူများ
ကို အင်အား သုံး ဖြို ခွဲခဲ့သူ တစ်ယောက် ဖြစ်ပြီး ထို ဖြိုခွဲမှု အတွင်း အနည်းဆုံး တစ်ရာကျော်
သေဆုံးကာ ၈၀၀ ကျော် ဒဏ်ရာရရှိသည်။
