အောင်မြင်(မုံရွာ)စစ်ကိုင်းတိုင်း မုံရွာ မြို့ ရှိ ရဲစခန်း တွင် ဖောက်ထွင်းမှု သံသယ ဖြင့် ဖမ်းဆီးထား သူ တစ်ဦးမှာ
ယနေ့ မနက် တွင် တာဝန်ကျ မြို့ နယ်မှုး နှင့် အခြား ရဲဝန်ထမ်းများက အလွန် အကျွံ နှိပ် စက်မှု ကြောင့် သေဆုံးသွား သည် ဟု သတင်း ရရှိသည်။
မုံရွာ ဒေါနခြံ ရပ်ကွက်တွင်း ရှိ မရီ ဆိုသူ၏ နေအိမ်ကို ဖောက်ထွင်းမှု ကြောင့် ထိုရပ်ကွက်အတွင်းရှိ
ကိုရှမ်းကြီး ဆိုသူ ကို မုံရွာ ရဲစခန်း က ၁၃ ရက်နေ့ က ဖမ်းဆီး ခဲ့ပြီးနောက် စခန်းတွင်း ချုပ်နှောင် ထား စဉ် အပြင်းအထန် နှိပ် စက်ရာမှ ယနေ့ မနက် က သေဆုံးသွားခြင်း ဖြစ်သည်။
မြန်မာ နိုင်ငံရှိ ရဲစခန်း များ တွင် လူမဆန်စွာ နှိပ်စက်မှု ကြောင့် နှစ်စဉ် အနည်းဆုံး သံသယ တရားခံ
လေးဆယ် ထက် မနည်း သေဆုံးမှု ရှိသည် ဟု စာရေးတစ်ဦး လည်း ဖြစ်ပြီး ရဲအရာရှိ ဟောင်းလည်း
ဖြစ်သူ တစ်ဦးက Freedom News Group သို့ ပြောသည်။
ယခု နှစ်ဆန်း ပိုင်း ကလည်း မုံရွာ-ကလေး ကားဂိတ် မှ ဘတ်(စ)ကား မောင်းသူ နှင့် ယာဉ်နောက်လိုက် တစ်ဦး အား လမ်းကြောင်းကား ဟု ခေါ်သည့်  စစ်တပ် အရာရှိ များ၏ မော်
တော်ကား တန်း လာရာ အရှိန် လျှော့ မပေးမှု ဖြင့် စခန်း သို့ ဖမ်းဆီးခေါ်ဆောင်ကာ ငါးရက် ခန့် နှိပ်
စက်ပြီး မှ အမှတ် ၁ ရဲ စခန်းမှ ပြန် လည် လွှတ်ပေးလိုက် သည် ဟု သိရသည်။
လွန်ခဲ့သည့် သီတင်း နှစ် ပတ်ကျော်က က လယ်တီ ကျောင်းတိုက် ကြီး အား မီးရှို့ ရန် ကြံစည် သူများ
ကို စခန်း မှ ပြစ်မှု မမြောက် ၍ ဆိုကာ ပြန်လည် လွှတ်ပေး လိုက်ပြီ ဖြစ်သည်။

အဲ့ဒါသူတို့အကျင့်ပဲလေ။ခွေးမသားတွေ တကယ်အပြစ်ရှိတဲ့သူကိုတော့လွှတ်ပေးတယ်
အပြစ်မဲ့တဲ့လူတွေကိုတော့မတရားနှိပ်စက်တယ်။ဒင်းတို့လိုကောင်တွေရှိနေသေးသမျှမြန်မာပြည်လဲပိုဆိုးနေတာ။ဘာတရားဥပဒေလဲအလကားပါကွာ……
စောက်သုံးကိုမကျတာ ။