ကျုးဘား အကျဉ်းသားများ ကြွက်နှင့် လုံးပန်းနေရ

လေးနှစ်ကြာ လူမြင်ကွင်းမှ ပျောက်နေသည့် ကတ်စရို အား ယနေ့ မနက် အစောပိုင်း က အာနက်စတို ချီဂွေဗားရား ၏ သမီး ဖြစ်သူ အဏ္ဏ၀ါ ဇီဝ ဗေဒ ပညာရှင် ဒေါက်တာ ဆယ်လီယာ ဂွေဗာရား နှင့် စကား လက်ဆုံကြနေ စဉ် (AP Photo/Cubadebate, Estudios Revolucion)

ကြွက်များနှင့် ကြွက်များ သယ်ဆောင်လာသော ရောဂါဆိုးများကြောင့် ကျုးဘားနိုင်ငံရှိ ထောင်တွင်း
တိုက်ခန်းများထဲတွင် အကျဉ်းသားများ မိမိကိုယ်ကို သတ်သေကြသည့်အထိ အခြေအနေ ဆိုးရွားနေ
ကြောင်း လွတ်လာသော နိုင်ငံရေး အကျဉ်းသားများက စပိန် သတင်းဌာန တစ်ခုကို ပြောပြသည်။

ပြောပြသူများမှာ ပြီးခဲ့သည့် အပတ်က လွှတ်ပေးခဲ့သည့် နိုင်ငံရေး အကျဉ်းသား ၁၁ဦးတွင်
ပါဝင်သူများ ဖြစ်ပြီး စပိန်ကို တိမ်းရှောင် ထွက်ပြေးလာပြီးနောက် မဒရစ်မြို့ သတင်းစာရှင်း
လင်းပွဲတွင် ဖွင့်အန်ချသည်။

“ကျုးဘားကျွန်း တစ်ခုလုံးမှာရှိတဲ့ အကျဉ်းထောင်တွေက ထောင်သားတွေရဲ့ ကျန်းမာရေး
အခြေအနေဟာ အတော့်ကို ကြောက်စရာ ကောင်းနေပြီ။ အားလုံး စိုးရိမ်စရာ ဖြစ်နေရတယ်။
ကြွက်တွေက အုပ်လိုက်ချီပြီး တစ်ခန်းဝင် တစ်ခန်းထွက် သွားနေတာ။ အချို့ အကောင်တွေက
လေထဲမှာကို တ၀ှီးဝှီးနဲ့” ဟု လွတ်မြောက်လာသော အတိုက်အခံ နိုင်ငံရေးသမား ဆီဇာ ဂလ်ဗဇ် မှ ပြောပြသည်။

ဂလ်ဗဇ်မှာ ထောင်ဒဏ် ၁၅နှစ် ကျခံခဲ့ရသော အသက် ၆၆နှစ်ရှိ ဂျာနယ်လစ်ဖြစ်သည်။ သူက
“တီဘီရောဂါနဲ့ အမြဲဖျားနာမှုတွေကြောင့် အကျဉ်းသားအားလုံး ယဲ့ယဲ့သာပဲ ကျန်တော့တယ်။
တစ်ထောင်မှာ လူနှစ်ထောင်ကျော် ထက်ပိုတယ်ဗျာ၊ ၃၂ပေ ပတ်လည်ရှိတဲ့ အခန်းကျဉ်းလေးထဲ
လူ ၄၀ နေကြရတာ စဉ်းစားသာ ကြည့်ပေါ့ဗျာ၊ အာဏာရှင်တွေဟာ လူထုကို နှိပ်ကွပ်ဖို့ ခေတ်မှီ
ဒုံးကျဉ်တွေတင်မကဘဲ၊ ခေတ်မှီ ကြွက်အုပ်တွေ ခြင်တွေပါ မွေးထားသလား မှတ်ရတယ်၊ အခု
ကက်စထရို ညီအကိုထက် ကြွက်တွေကို ပိုလန့်လို့ စပိန်ကို ထွက်ပြေးခဲ့ရတာ” ဟု ဆက်ပြောသွားသည်။

ကာလအတန်ကြာ လူမြင်ကွင်း တွင် ပျောက်နေသည့် ကျူးဘား ခေါင်းဆောင် ဖီဒယ် ကတ်စထရိုသည်
လည်း လူမြင် ကွင်းသို့ တစ်ဖန် ပြန် ထွက် လာသည်။ကျူးဘား ခေါင်းဆောင် ဟောင်းသည် အသက် ၈၃ နှစ်
အရွယ်ရှိ ပြီ ဖြစ်သည်။

သတင်း CNN , ESPN