မန္တလေး တိုင်း မန္တလေးမြို့ တွင် ယနေ့ နေ့ လည် နှစ်နာရီ ခန့် က ငလျှင် ငယ် အနည်းဆုံး သုံးကြိမ် ထက်မနည်း
လှုပ်ခတ်ခဲ့ပြီး လွန် ခဲ့သည့် နှစ်ပေါင်း တစ်ရာ ကျော်က သီပေါမင်း ပါတော် မူခါနီး တွင် ကြုံ တွေ့ ခဲ့ရသလို ကျီးပြိုခြင်း နှင့် တော်လဲခြင်း တို့ ကြုံခဲ့ရသည် ဟု မြို့ ခံစာရေးဆရာ တစ်ဦးက Freedom News Group သို့ ပြောသည်။
အင်းအားပြင်း ထန်ခြင်း မရှိသော် လည်း ခြောက်ခြားစရာ တော်လဲသံကြီး နှင့် အတူ လှုပ်ခတ်ခဲ့သည့်
ငလျှင် ကြောင့် မန္တလေး မြို့ ခံအချို့ မှာ သဘာဝ ဘေး အတွက် စိုးရမ်နေကြသည်။
မန္တလေး မြို့ သည် မြန်မာ နိုင်ငံ ၏ အကြီးဆုံး ငလျှင် ကြော တစ်ခု ဖြစ်ပြီး အရှေ့ တောင် အာရှ ၏ သက်တမ်း
ရင့် ငလျှင် ကြောဖြစ်သည့် စစ်ကိုင်း ပြတ်ရွေ့ ကြောနှင့် အနီးဆုံးဖြစ်သည်။ငလျှင်၏ ပြင်းအားမှာ ၄.၆ အဆင့်ရှိသည်
ဟု အမေရိကန် အမျိုးသား ဘူမိလေ့လာရေး အဖွဲ့ က သတင်းထုတ်ပြန်သည်။
လွန် ခဲ့သည့် သုံးလခန့် က စစ်ကိုင်းတိုင်း မုံရွာ နှင့် ရေဦး တို့  တွင် လည်း ငလျှင် လှုပ် ခတ် ခဲ့သည်။
