အာဇာနည်နေ့ အခမ်းအနား ပြည်တွင်၊ပြည်ပ ဒီမိုကရေစီ အင်အားစုများ က ကျင်းပ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဦးတင်ဦး နေအိမ် မှ အာဇာနည် ကုန်းထိချီတက်လမ်းလျှောက် ပြီး ဂါရ၀ပြုမှု စတင်

ယနေ့ ကျရောက်သည့် အာဇာနည်နေ့ အခါသမာယတွင် နံနက် ၉ နာရီ ထိုးချိန် အထိ ရန်ကုန်မြို့ နတ်မောက်လမ်း ကန်တော်ကြီး စောင်း ရှိ ဗိုလ်ချုပ်အောင်ဆန်းနေထိုင်သွားရာ ဗိုလ်ချုပ် ပြတိုက် အဆောက်အဦမှာ ဖွင့်လှစ်သေးခြင်းမရှိ သဖြင့် ပြည်သူများ က အပြင်ဘက်တွင် ထိုင်စောင့်နေရသည်။အခြား နိုင်ငံများ တွင် မူ အစိုးရ များ က ၎င်း တို့ နိုင်ငံခေါင်းဆောင် များ ၏ အမှတ်တရ နေရာ များ အား ပြင်ဆင် ချိန် များ မှ လွဲ၍ တစ်နှစ်ပတ် လုံး ဖွင့် လှစ်ထားသည်။

1983 ခုနှစ်က မြောက်ကိုရီးယား ဧဂျင့်များ ၏ လက်ချက် ကြောင့် မူလ အာဇာနည် ကုန်းမှာ ဤ သို့ ပြိုပျက်ခဲ့ရသည်။
ထိုင်း-မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပသည့် ၆၃ နှစ်မြောက် အာဇာနည်နေ့  အခမ်းအနား မှ အထိမ်းအမှတ် ပို စတာ တစ်ခု
ထိုင်း-မြန်မာ နယ်စပ် တွင် ကျင်းပသည့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ အား ဂါရ၀ ပြုပွဲ အခမ်းအနား တစ်ခု
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကိုယ်စား မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း လာရောက် ပန်းခွေချအလေးပြုစဉ် (AP Photo)
စစ်အစိုးရက ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွက် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သူ အား မဖိတ်ကြားသော် လည်း သားဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးအား ဖိတ်ကြား ခဲ့သည်။(AP Photo)