အာစီယံ အစည်းအဝေး မြောက်ကိုရီးယားနှင့် မြန်မာ လွှမ်းမိုးထား

ဗီယက်နမ် နိုင်ငံ ဟနွိုင်းတွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံ အစည်းအဝေးသို့ တက်ရောက် လာသည့် မြန်မာ နိုင်ငံခြားရေး ၀န်ကြီး အား အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နှင့် အတူ တွေ့ ရစဉ်

အင်္ဂါနေ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည့် အရှေ့တောင်အာရှ နိုင်ငံခြားရေး ၀န်ကြီးများ
အစည်းအဝေးတွင် တောင်ကိုရီးယား စစ်သင်္ဘောကို ဒုံးကျဉ်နှင့် နှစ်မြှုပ်ပစ်ခဲ့သော မြောက်ကိုရီယားနှင့်
မြန်မာစစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ ကိစ္စတို့ အဓိက လွှမ်းမိုးထားသည်ဟု စင်္ကာပူ သတင်းဌာန CNA ကဆိုသည်။

အစည်းအဝေးတွင် ဒေသဆိုင်ရာ ၀န်ကြီးများသာမက တရုတ်၊ အမေရိကန်နှင့် အီးယူတို့မှ ကိုယ်စားလှယ်
များလည်း တက်ရောက်ခဲ့သည်။ အာစီယံ အကြီးအကဲ ဆူရင် ပစ်တ်ဆူဝမ် က နှစ် ၂၀ အတွင်း ပထမဆုံး
ကျင်းပမယ့် ဒီနှစ်နှောင်းပိုင်း မြန်မာစစ်အစိုးရ ရွေးကောက်ပွဲအတွက် တရားမျှတမှုရှိဖို့၊ အားလုံး ယုံကြည်
ထိုက်အောင် လုပ်ဆောင်ဖို့ နိုင်ငံ အားလုံးက ဝေဖန်ထောက်ပြခဲ့သည်ကို ဦးဥာဏ်ဝင်း က စူးစူးစိုက်စိုက် ငြိမ်နားထောင်နေခဲ့သည် ဟုဆိုသည်။

သို့သော် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို အာစီယံ နိုင်ငံခြားရေး ၀န်ကြီးအားလုံး ၀ိုင်းမေးမြန်းသည်ကို
ဘာမှ ဖြေကြားပြောဆိုခြင်းမရှိဘဲ ထွက်သွားခဲ့သည်။ စင်္ကာပူ ၀န်ကြီးချူပ် ဂျော့ယို ကတော့ မြန်မာ အစိုးရ
အနေဖြင့် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်သူများအဖြစ် အာစီယံကို ဖိတ်ကြားသင့်သည်ဟု ဆိုသည်။

အာစီယံ ကြေငြာချက်တွင်လည်း ကိုရီးယား ကျွန်းဆွယ် နူကလီးယား ကင်းမဲ့ဇုံ ဖြစ်ရေး၊ ၆ ပါတီ တွေ့ဆုံ
ဆွေးနွေးရေး တို့ကို အမြန်ဆုံး ဆောင်ရွက်ရန် ဖော်ပြထားသည်။ မြောက်ကိုရီးယားရဲ့ တောင်ကိုရီးယား
စစ်သင်္ဘော မြှုပ်ပစ်ခဲ့သော ရန်စသော လုပ်ရပ်ကို ရှုတ်ချထားသည်။

သတင်း CNA