Coup Attempt Unsuccessful in Burma

အိန္ဒိယ နိုင်ငံ သို့ မြန်မာ စစ်ခေါင်းဆောင် အလည်အပတ် ရောက်ရှိ နေစဉ် အတွင်း နေပြည်တော်
တိုင်းစစ်ဌာနချုပ်မှ အကြီး တန်း အရာ ရှိ တစ်ချို့ က အာဏာသိမ်းရန် နှင့် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေအား ရာထူးမှ ဖယ်ရှား ရန် ကြိုးစားမှု များ ရှိ ခဲ့သော် လည်း အောင်မြင် မှု မရှိ ခဲ့ကြောင်း
Freedom News Group မှ စုံစမ်း သိရှိ ရသည်။
အိန္ဒိယ နိုင်ငံ ကို ခြောက် နှစ် အတွင်း ဒုတိယ အကြိမ်မြောက် အလည်အပတ် ခရီးစဉ် အဖြစ် မြန်မာ စစ်ခေါင်း
ဆောင် ဗိုလ်ချုပ်မှုး ကြီးသန်း ရွှေ နှင့် အဖွဲ့ ရောက် ရှိ နေစဉ် နေပြည်တော် တိုင်း စစ်ဌာနချုပ်မှ အရာရှိ အချို့ က
ဦးဆောင်ပြီး အာဏာသိမ်းရန် ကြိုးစား ခဲ့သော် လည်း ဒုတိယ ဗိုလ်ချုပ်မှုးကြီး မောင်အေး ကသဘောမတူ
သော ကြောင့် အထမမြောက် ဖြစ်ခဲ့ရသည် ဟု ကာကွယ်ရေး ၀န်ကြီး ဌာ န (နေပြည်တော် ) မှ အရာရှိ တစ်
ဦးက Freedom News Group သို့ ပြောကြားသည်။
ဇူလိုင်လ ၂၅ ရက်နေ့ က မြန်မာ စစ်ခေါင်းဆောင် နှင့် အဖွဲ့ သည် နေပြည်တော် လေဆိပ်မှ တစ်ဆင့်
ဆင်ဖြူတော် လေယာဉ် အပါအ၀င် အခြား လေယာဉ် သုံးစင်း ဖြင့် အိန္ဒိယ နိုင်ငံ သို့  ထွက်ခွာပြီး တစ်ရက်
အကြာတွင် မြန်မာ နိုင်ငံ ဉ် အာဏာသိမ်းသည့် သတင်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အာဏာ
သိမ်း ရန်အားထုတ်ခြင်း အား နေပြည်တော် တိုင်း စစ်ဌာနချုပ် မှ အရာရှိ တစ်ချို့ က ဦးဆောင် ပြုလုပ်ခြင်း
ဖြစ်ပြီး ပထမ တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှုးချုပ်ဝေလွင် နှင့် ဒုတိယ စစ်ခေါင်းဆောင်
ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး တို့ ပါမည် ဟု ထင်မှတ် ထား ခဲ့သော် လည်း စည်းရုံး၍ မရသဖြင့် အာဏာသိမ်းရန်
ကြံစည် မှု အား လက်လျှော့ ခဲ့ကြသည် ဟု သတင်း ရရှိသည်။ ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာ ရှိ တစ်ဦးက
“ လောလောဆယ် နေပြည်တော် မှာ အရေး ပေါ် အခြေအနေ ပေါ့ .. ဗိုလ်ချုပ်ဝေလွင် လက်အောက် က အရာ
ရှိ တစ်ချို့ စီစဉ် တယ်လို့ ကြားတယ် ။ သူတို့ က ဗိုလ်ချုပ် မောင်အေး နဲ့  တွေ့ ပြီး ရင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ
အိမ် နဲ့  စစ်ရုံးချုပ် ကို ၀ိုင်းမယ် .ကိုယ်ရံတော် တပ်ဖွဲ့  တွေ ကို ပစ်ခတ်တာ မလုပ်ဖို့ အမိန့် ပေးမယ်ဆိုပဲ ..အဆင့်
ငါးဆင့် နဲ့ သွားမယ် ပေါ့ ။ဗိုလ်ချုပ် ဝေလွင် အိမ်ကို ၀ိုင်းထား တုန်းမှာ ပဲ ဗိုလ်ချုပ် မောင်အေးတပ်ကခေါ်တွေ့ ပြီး မလုပ်ဖို့ နားချတယ်။ ပုံမှန် ရာထူး
တွေ အတိုင်း ဆက်ထားပေးမယ် ဆိုပြီး ပြီးသွားတာ ။သူ တို့ ကဗိုလ်ချုပ် မောင်အေး ကို ခေါင်းဆောင် တင်တယ်
ကြားတယ် ။ဗိုလ်ချုပ် မောင် အေး က လက် မခံ ဘူး ဟုသူသိရှိ ထားသည် ကို FNG သို့ ပြောပြသည်။
ယမန် နေ့ မှ စပြီး နေပြည်တော် ရှိ အရေးကြီး နေရာ အချို့ တွင် လုံခြုံရေးများ တင်းကျပ်ထားပြီး ၀န်ကြီး
ဌာန ဖုန်း အချို့ မှာ မူ ဖြတ်တောက်ထားခြင်း ခံရသည်။ရန်ကုန် မြို့ တွင်မူ နေပြည်တော် တွင် အာဏာသိမ်း
သည့် သတင်းကြောင့် အမေရိကန် ဒေါ်လာ ဈေးနှုန်း နှင့် ကုန်ဈေးနှုန်းများ တက်သွားပြီး ညဘက်တွင် လည်း
လူသူ သွားလာမှု များ တိတ်ဆိတ် ခြောက်ကပ် သွားသည်။
နေပြည်တော် ၏ လက်ရှိ အရေးပေါ် အမိန့် ပေးကွပ်မှု ကို ဒု-ဗိုလ်ချုပ်မှုးကြီး မောင်အေး အမိန့် ဖြင့် သီဟသူရ
တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ် ဝေလွင် တို့ က ကိုင်တွယ်သည် ဟု သတင်းရရှိသည်။ စစ်တိုင်းမှုးများ အားလုံးမှာ
ဂြိုလ်တုန်း ဖုန်းဖြင့် အိန္ဒိယ ရောက် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အား သတင်း ပို့ ရသည်။
မြန်မာ စစ်ခေါင်းဆောင်သည် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိစဉ် နာမည်ကျော် အိန္ဒိယ ဝေဒပညာရှင် ဖြစ်သူ ချန်ဒရာ
ဒေ၀ီ နှင့် တွေ့ ဆုံ ခဲ့သည်။ ခရီးစဉ် အတွင်း အိန္ဒိယ သမ္မတ နှင့် ၀န်ကြီးချုပ် တို့  နှင့် တွေ့ ဆုံခဲ့သည်။ အိန္ဒိယ
ဘင်္ဂလားဒေရှ် နှင့် ပါကစ္စတန် ခေါင်းဆောင်များ မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်သည့် အခါတိုင်း
၎င်းတို့ ၏ ပါတော်မူ ဘုရင် ဖြစ်သူ ဇဘားရှား ၏ အုတ်ဂူရှိ ရာ ရန်ကုန်မြို့ ဇီဝက လမ်းသို့ လာရောက် ဂါရ၀ ပြု သော်
လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မူ မြန်မာ ဘုရင် သီပေါမင်း ၏ အုတ်ဂူအား သွားရောက် ဂါရ၀ ပြုခြင်းမရှိ ဟုသတင်းရရှိသည်။
နေပြည်တော် တွင် အာဏာသိမ်းမှု နှင့် ပတ်သက်ပြီး ရန်ကုန် မြို့ မှ စစ်အရာရှိ တစ်ဦးကမူ ဒါတွေ က ဆိုက်ဝါး
လည်း ဖြစ်နိုင်တယ်။ အာဏာသိမ်းမှု ဖြစ်မှာဆိုး လို့ တန် ပြန် တာနဲ့  သူတပ်ကို ဘယ်လောက် ပိုင်လဲ ဆိုတာ မျိုး
ဘယ်သူမှ မလှန် နိုင်ဘူး ဆိုတာ မျိုး ပြချင်တာ ဖြစ် နိုင်တယ် ဟု သုံးသပ် သည်။
လက်ရှိ အာဏာသိမ်းရန် ကြံစည်မှု သည် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တစ်ဦးတည်း ကိုသာ ရာထူးမှ ဖယ်ရှားရန် ကြိုးစား
ခြင်းဖြစ်ပြီး ဒီမိုကရေစီ ရေးသို့ ပြောင်း လဲ့သည့် ခြေလှမ်းမျိုး မဟုတ်ကြောင်း သိရသည်။ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့်
အဖွဲ့ သည် ယနေ့ ညနေ တွင် မြန်မာ နိုင်ငံ နေပြည်တော် သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်သည်။
Freedom News Group သည် အာဏာသိမ်းရန် ကြိုးစားသူများ အား ဆက်လက် သိရှိ နိုင်ရန် သတင်းစုံစမ်းဆဲ ဖြစ်သည်။

သိမ်းလိုက်ပါလားကွာ…ပြီးရင်နိုင်ငံကိုတိုးတက်အောင်လုပ်နိုင်တဲ့သူကိုခေါင်းဆောင်တင်ပြီးဆက်အလုပ်လုပ်ကြပေါ့…ဗိုလ်ချုပ်ပြော
သလိုသူများကခြေတစ်လှမ်းဆိုကိုယ်က လေး၊ငါး..ဆယ်လှမ်းလောက်လှမ်းမှတန်ကာကျမှာ…မင်းတို့ဟာကလှမ်းတော့လှပ်းပါရဲ့
ဒါပေမယ့်…နောက်ကိုဖြစ်နေတယ်….
That is good story.I don’t trust of them self so make good story.That is style of MMG.ok
Also they try to sell China .Myanmar Mandalay is become a China town.If you are no believed to us go and see China line.then you will be see.Don’t worry we are more and more poor.Trust me