ချယ်(လ)ဆီ ကလင်တန် ရဲ့ မင်္ဂလာပွဲ

ချယ်ဆီး ကလင်တန် ရဲ့  လက်ထပ်မင်္ဂလာပွဲ

လေးဆယ့် နှစ်ဦး မြောက် အမေရိကန် သမ္မတ ဘီလ်ကလင်တန် နဲ့  လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး
ဟီလာရီ ကလင်တန် ရဲ့  သမီး ချယ်(လ)ဆီး ကလင်တန် ရဲ့  လက်ထပ် မင်္ဂလာ ပွဲ ကို စနေ နေ့ က နယူးယောက်က ရိန်း
ဘက် ဒေသမှာ ကျင်းပခဲ့ ပါတယ် ။ မင်္ဂလာ ပွဲ ကျင်းပမယ့် နေရာ ကို လှို့ ဝှက် မှု တွေ လည်း ပြုလုပ် ထားသလို
လုံခြုံရေး ကို လည်း ထူထပ်စွာ ချထားပါတယ်။

အသက် ၃၀ အရွယ် ရှိ ပြီ ဖြစ်တဲ့ ချယ်(လ)ဆီး ကလင်တန် ဟာ စတန်း ဖို့ တက္ကသိုလ် ၊
ကိုလံဘီယာ တက္ကသိုလ် ၊ အောက်စဖို့ တက္ကသိုလ် တွေ ကနေ ဒဿနိက ၊စီးပွား စီမံ အစရှိ တဲ့ ဘာသာ ရပ်တွေ နဲ့ ဘွဲ့ ရရှိ
ခဲ့တာ ဖြစ်ပါတယ်။

ချယ်(လ)ဆီး ရဲ့  ဘ၀ လက် တွဲ ဖော်က ဘဏ်စီးပွားရေး လုပ်ကိုင် နေသူ နဲ့  ပင်ဆယ်ဗေးနီးယား ဒီမိုကရတ်
အတ် တစ်ဦး ရဲ့  သား ဖြစ်သူ  ဂျူးလူမျိုး မာခ် မာဗင်စကီး ဖြစ်ပါတယ်။ သူ တို့  နှစ်ဦး ဟာ စတန်း ဖို့  တက္ကသိုလ်
မှာ ဆုံစည်း ခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့ တဲ့ နှစ် ကျေး ဇူးတော် နေ့ မှ စေ့စပ် မင်္ဂလာ အခမ်းအနားပြုလုပ် ခဲ့ပါတယ်။

ချယ်(လ)ဆီး ရဲ့  သတို့ သမီး ၀တ်စုံ ကို ဒီဇိုင်နာ ဗီရာဝန် က ဖန်တီးပေးထား တာ ဖြစ်ပါတယ်။လက်ထပ်
မင်္ဂလာ ပွဲ ကို နာမည် ကျော် သရုပ်ဆောင် အချို့  လည်း တက်ရောက်ပြီး အော်ပရာဝင်းဖရေး ၊ဒါရိုက်တာ
စတီဗင် စပီးလ် ဘာဂ် တို့ လည်း တက်ရောက် ပါတယ်။သူတို့ နှစ် ဦး ရဲ့  မင်္ဂလာ ဆောင် ဟာ ဒေါ်လာ ငါးသန်း
ခန့် ကုန် ကျ ခဲ့ တယ် လို့ ဆိုပါတယ်။

2 thoughts on “ချယ်(လ)ဆီ ကလင်တန် ရဲ့ မင်္ဂလာပွဲ

  1. ရုပ်ကတောဆိုတယ် ဒါပေမဲ သူတိုရဲအသိပညာက ကမ္ဘကိုအုပ်ချုပ်တဲအသိပညာမှာသူရှိတယ်ဆိုတာသိထာစေချင်ပါတယ်…
    အသိပညာကိုလေးစာတက်သူများ

Comments are closed.