ဝန်ကြီးချုပ် ရာထူးမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ရပ်နားခံရ
မြန်မာ စစ်အစိုးရ က ရွေးကောက်ပွဲ တွင် ကြံဖွတ် ပါတီ
ကို ဦးဆောင်ကာ  ပါဝင်ယှဉ်ပြိုင်မည့်ဝန်ကြီးချုပ်
ဦးသိန်းစိန် သည် သြဂုတ် လ ဆန်းကတည်းက
ဝန်ကြီးချုပ်ရာ ထူးတာဝန်မှ ရပ်နားခံရပြီး သူ့ နေရာ တွင်
ဒုတိယ ဗိုလ်ချုပ်ကြီး တင်ငွေ (သို့ မဟုတ်) ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဖြင့် အစားထိုးမည် ဟု နေပြည်တော်
သတင်းရပ်ကွက်မှ သတင်းရရှိသည်။
ဗိုလ်ချုပ်ကြီး ဟောင်းသိန်းစိန် သည် လွန်ခဲ့သည့်
နှစ်လ ခန့် ကတည်းက စစ်ဘက်ရာထူးကိုစွန့် လွှတ်ခဲ့ရပြီး
ယခု အရပ်ဘက် ၀န်ကြီးချုပ် ရာထူးကိုပါစွန့် လွှတ်ခဲ့ရခြင်း
ဖြစ်သည်။ ဦးသိန်းစိန် ၀န်ကြီးချုပ်ရာထူး စွန့် ရသည့်
သတင်း ကို Freedom News Group မှ လတ်တလောတွင်
အတည်မပြုနိုင်သေးသော် လည်း ထပ်မံ ကြားသိရ
သည့် သတင်းများ အရ မြန်မာ စစ်အစိုးရက ၀န်ကြီးချုပ်
ရာထူး နေရာ ကို အစိုးရ အဖွဲ့ မှ ဖယ်ရှားလိုက်ခြင်းကြောင့်
ဦးသိန်းစိန် မတိုင်ခင် စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူနှစ်ဦး
ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် လည်း အလိုလိုပါသွား
ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။၁၉၈၈ ခုနှစ် စစ်အာဏာ
သိမ်း ပြီး ကတည်းက ၂၀၀၁ ခုနှစ်
ထိ မြန်မာ နိုင်ငံတွင် ၀န်ကြီးချုပ် ရာထူးမရှိခဲ့ချေ ။
ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် သည် ၂၀၀၇ ခုနှစ်
အောက်တိုဘာ လတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန် ပြီး
နောက် ၀န်ကြီးချုပ် ရာထူးကို လွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းစိန် ၀န်ကြီးချုပ် ရာထူးမှ အနား ယူရခြင်း နှင်
့ပတ်သက်၍ ရန်ကုန် မြို မှ စစ်အရာရှိ ဟောင်းတစ်ဦး
က တခြားဝန်ကြီး တွေ လည်း အကုန် ထွက်ရမယ်ထင်တယ်။
တကယ်လို့ ကြံဖွတ် နိုင်ရင်တောင် ဗိုလ်ချုပ်ကြီး
သိန်းစိန် က ၀န်ကြီးချုပ် ပြန်ဖြစ်နိုင်ပါ့ မလား ဆိုတာ
ပြောဖို့ မလွယ်ဘူး ဟု ပြောသည်။
ဦး သိန်းစိန် သည် ၀န်ကြီးချုပ် ဘ၀ တွင် နောက်
ဆုံးအကြိမ် အဖြစ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိန္ဒိယ
သွားစဉ်က နေပြည်တော် လေဆိပ်တွင် လိုက်ပါ ပို
့ဆောင် နှုတ်ဆက် သူများ တွင် ခမ်းနားခြင်းကင်းမဲ့စွာဖြင့်
မထင်မရှား ပါဝင် ခဲ့သည်။
ဝန်ကြီးချုပ် ဦးသိန်းစိန် အား ရာထူးမှ ဖယ်ရှားသည့် သတင်းအား မြန်မာ စစ်အစိုးရ က တရားဝင်
သတင်းထုတ်ပြန်ခြင်း မရှိ သေးဟု သိရသည်။
15 thoughts on “၀န်ကြီးချုပ် ရာထူးမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ရပ်နားခံရ
  1. Anonymous နဲ့ myomyint တို့ရဲ့ comment တွေကိုထောက်ခံပါတယ်။ဆော်ပေးကြပါ…ဒါမှလဲဒီလိုလူမျိုးတွေကသူတို့ရဲ့အတွေးအခေါ်တွေဘယ်လောက်တောင်ခတ်နောက်ကျနေလဲဆိုတာသိမှာဗျ
  2. မြန်မာနိုင်ငံမှာ(မစုစု)လိုလူမျိုးအများကြီးမရှိပါစေနဲ့လို့ဆုတောင်းရမှာပဲ…….
  3. နိုင်ငံတကာမှာလည်း ဒီမိုကရေစီအကူးအပြောင်းကာလမှာ တပ်မတော်သားဗိုလ်ချူပ်ကြီးတွေက အရပ်သားအဖြစ် နိုင်ငံတော်ကို ဦးဆောင်ပေးခဲ့တာကို မမြင်ချင်ယောင်ဆောင်နေကြတာလား။ မကောင်းပြောချင်တာသက်သက်နဲ့ တော့ ရေးနေတာလား
  4. ဒီအချိန်မှာမပွင့်မလင်းသေးတဲ့အချိန်ပေါ့ ဒါလေးကို စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းကြပါ မကြာခင် ဗမာစစ်ခွေးခေါင်းဆောင်တွေ ခွေးလို ၀က်လို နေရတော့မှာပါ
  5. စစ်အရာရှိဟောင်းတစ်ဦးပြောတယ်ဆိုတဲ့ ဦးသိန်းစိန်က ၀န်ကြီးချူပ်ပြန်မဖြစ်နိုင်ဘူးဆိုတာ မှန်ပါတယ်။ အနာဂတ်အစိုးရမှာ အစိုးရအဖွဲ့ ကို သမ်မတက ဦးဆောင်မှာဖြစ်တာကြောင့်ပါ။
  6. ၀မ်းသာစရာလဲမလိုဘူး၊ ၀မ်းနည်းစရာလဲမရှိဘူး။ ဘယ်သူတက်တက် ကိုယ့်ဟာကိုယ်ရှာစားရမှာဘဲ။ ဘာမှစိတ်ဝင်စားမနေနဲ့ကိုယ့်မိသားစုစားဝတ်နေရေးချောင်လည်ဖို့ကိုယ့်ဟာကိုယ်ဘဲတာဝန်ယူကြရမှာပါ၊
    1. စုစု :
      ဘာလို့ လာဖတ်လည်း၊ ဘာလို့ လာရေးလည်း။ ကြံဖွတ်အဖွဲ့ဝင်ပြီး စီးပွားရေး လုပ်စားပါလား ချောင်တယ်လေ။
  7. အတိအလင်းမပြောကြသေးဘူးနော်
    ငြမ်နေကြတရ်
  8. အရပ်သားအစိုးရပေါ်လာလည်း နောက်ကွယ်မှာ တပ်ချုပ်ကြီးက မိန့်မိန့်ကြီးထိုင်ပြီး ကြိုးကိုင်နေအုံးမှာပါ။
  9. If SPDC’s priminister-Thein Sein was really moved,General Than Shwe will attend to show the military interrian government,freed from 2010-election because it’s moving the political complexed chessboard for sale on the garbaged goods of 2010-election and so,SPDC will reward Thein Sein,leader of Kyintphwint party as Pri-minister of 10-elected boddy.If it couldn’t be back,military’s next couping will become and so,don’t wait for SPDC’s guiding democracy for our country & National peoples and should try to get Demo-human right-reconcilation on our foot with Daw SDu’s NLD.
  10. ဗိုလ်ခုပ်မှုးကြီး ခုသွားလည်း နောက်ထပ်စစ်ခေါင်းဆောင်တစ်ယောက်တက်လာမှာပဲ။ ဘာထူးလည်းစစ်အုပ်ချုပ်ရေးပဲ။ ၂၀၁၀ ပြီးရင် SPDC တဖွဲလုံးသွားလိမ့်မယ်။ အစိုးရသစ်အတွက်သူတို့ဖယ်ပေးရတော့မယ်။ ၂၀၁၀ ကတော့ ဘာမှမလုပ်နိုင်တာနဲ့စာရင်အကောင်းဆုံးထွက်ပေါက်ပါပဲ။ တပ်မတော်ကလည်းလေးးစားရ၊ နိုင်ငံအတွက်အားကိုးရတဲ့ အရပ်သားတော်တဲ့ခေါင်းဆောင်တွေပ်ါလာပါစေလို့ဆုတောင်းပါတယ်။
  11. ကျွန်တော်လည်း အကောင်းမြင်တယ်ဗျ။ ဒီထက်ပိုပြီး ပြည်သူ၊ တပ်မတော် နဲ့ နိုင်ငံတကာအမြင်ကောင်း သွားအောင် ဗိုလ်ချုပ်မှူးကြီးပါ နှုတ်ထွက်ရင် သာဓု အနုမောဒနာ ခေါ်ချင်လို့်ပါ။ ဒါဆို ဒီမိုကရေစီနဲ့ ပိုနီးစပ်သွားမှာ ဧကန်မလွဲပဲဗျို့။
  12. ဝြမ်းသာရမလား ဝမ်းနဲရမှာလား……….ဂျာ
  13. တရားမျတတဲ့ရွေးကောက်ပြွဲဖစ်ဖို့ လက်ရှိရာထူးတွေကိုရွေးကောက်ပွဲဝင်မဲ့လူကြီးတွေအကုန်စွန့်မယိလို့ယူဆပါတယ်၊ သူတို့နေရာလွတ်သွားတဲ့အလုပ်တွေက ကြားဖြစ်တာဝန်ယုမဲ့ အစိုးရတော့ခဏပေါ်လာမယ်ထင်တယ်။ SPDC ရဲအောက်မှလုပ်ဖို့၊ နောင်အစိုးရသစ်ပေါ်လာတဲ့အထိ.SPDC လညိးအဲဒီကျရင်အကုန်နားပြီ။.ဒီလိုရာထူးတွေကနေနုတ်ထွက်မှ တရားဝင်မဲဆွဲခွင့်ရရင် ready ဖြစ် လိမ့်မယ်။ ကောင်းပါတယ်ဒီမိုကရေဆီရဲ့ အနှစ်သာရလေးတွေတဖြည်းဖြည်းပီပြင်လာတယ်လို့ပဲအကောင်းဘက်ကမြင်တယ်။
Comments are closed.