ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် ခင်ပွန်းဖြစ်သူနှင့်
အတူမော်တော်ကား မောင်းနှင်လာစဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ထက်ထက်မိုးဦး စီးနင်းလိုက်ပါလာသည့် မော်တော်ကားမှာ ရစရာမရှိ
အောင်ပျက်စီးသွားသည်။
“ကမ္ဘာအေးလမ်းမကြီးပေါ် အမှတ်(၂) နယ်မြေယာဉ်ထိန်းရဲစခန်းနားလေးမှာ အတိုက်ခံရတာပါ ၊
နို့ဆီသယ်တဲ့ကားက ဟိုဘက်ယာဉ်ကြောကနေ ဒီဘက်ယာဉ်ကြောအထိ လာတိုက်တာ ၊ ဗင်ကားကို
အရင်တိုက်ပြီး အဲဒီကား ၂ စီးလုံးက ထက်ထက် တို့ ကားကိုလာတိုက်တာ အဲဒီနေ့ ညနေ ၇ နာရီလောက်
တိုက်မိတာ”ဟု ထက်ထက်မိုးဦးက ပြောသည်။
ကားကို ထက်ထက်မိုးဦး၏ ခင်ပွန်းဖြစ်သူ ဇူးမြတ်ထက်က မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင်
၎င်းတို့ ၂ ဦးသာ ပါခဲ့ကြောင်း သိရ သည်။ခင်ပွန်းဖြစ်သူ မှာ ဆေးရုံတက် ကုသခံနေရပြီး ထက်ထက်
မိုးဦး ကမူ ဒဏ်ရာ အပြင်းအထန် ရရှိခြင်း မရှိဟု ဆိုသည်။
သရုပ်ဆောင် ထက်ထက်မိုးဦး သည် 7 Days News Journal မှ သတင်းထောက်မအေးသူစံ
ကို ကိုယ်ထိလက်ရောက် ပြုမှု ကြောင့် တရားရုံးတွင် အမှု ရင်ဆိုင်နေရသည်။

ဥပါတ်ဒါန်ကြောင့်ဥပါတ်ရောက်ရတယ်
မထက်ထက်
ဘာမှမဖြစ်ပါဘူးမဟုက်လား။မဖြစ်ပါစေန့ လို့လဲမျှေိာလင့် ပါတရ်ဗျာ။အနုပညာရှင်ဆိုတာပြည်သူတွေကို ကိုယ်စားပြုတင်္ရလို့ကျွန်တော်
နားလည်ထားပါတရ်။ဒါကြောင့် ဒီလိုပြည်သူတွေကိုကိုယ်စားပြုတဲ့ သူတွေကပြက်သုန်းတင်္ရဆိုရင်အများရဲ့ ရင်ထဲမှာတစ်ခုမကတငိကျန်နေ
ခဲ့ မင်္ရဆိုတာကိုအြ့ကွင်းမရှိယုံထားပါ။ဒါ ကြောင့် ပေါ့ ပေါ့ ပါးပါးတွေးပြီးအရာရာတိုင်းကိုလေးလေးနက်နက်ထားပြီးအလုက်လုက်ပါနော်။
မထက်ထက်ဘဝမှာကောင်းတစ်လှည့်ဆိုးတစ်လှည့်၇ှိပါတယ်
ဒီလိုဘဲလူတိုင်းဖြစ်တတ်ပါတယ်
မုန်တိုင်းကအချိန်တိုင်းတိုက်မနေပါဘူး
အခြေအနေတွေကပုံမှန်ပြန်ဖြစ်လာမှာပါ
သူများကို ပါးရိုက်တုန်းက စိတ်ဆိုးပြီး
ဒေါသထွက်ခဲ့ရတာ။ ခုလိုဖြစ်တယ်ကြား
ရတော့လဲ စိတ်မကောင်းဖြစ်ရပါတယ်။
ကံ ရဲ့အကျိုးပေါ့။
ထက်ထက်ရေ ဘ၀မှာ မထင်မှတ်တာတွေလည်းဖြစ်တတ်ပါတယ်။ ကောင်းမှုကုသိုလ်များများလုပ်ပါ။ဘုရားရှိခိုးပါ။စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။
တကယ်စိတ်မကောင်းပါဘူးဗျာ……….
ထက်ထက်ရယ် ကံနိမ့်နေပါလားနော်..။ စိတ်မကောင်းပါဘူး။
This is one way to escape from current situation. Good Idea.
ဒီသတင်း ကြားရတာ စိတ်မကောင်းပါဘူး။