အမေရိကန် နိုင်ငံတွင် ရွှေ့ ပြောင်း အခြေချသည့် ကရင် ဒုက္ခသည် တစ်ဦး သေနတ် ဖြင့်ပစ်သတ်ခံရ

Karen Boy Shoot Dead in Georgia, U.S.

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကရင်လူငယ် ဖွာလီးကလို

အမေရိကန် နိုင်ငံ ဂျော်ဂျီယာ ပြည်နယ် ရှိ ကလပ်စတန် မြို့ တွင် ရွှေ့ ပြောင်း အခြေစိုက်သည့် ကရင်လူ
မျိုး အသက် ၂၀ အရွယ်ရှိ ဒုက္ခသည် တစ်ဦးမှာ သြဂုတ်လ ၆ရက် သောကြာနေ့ ည က အာဖရိက နွယ်ဖွား
ဟု ယူဆရသည့် လူသုံးဦးက သေနတ် ဖြင့် ပစ်သတ်သွား သည် ဟု စုံစမ်း သိရှိရသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလက မဲလဒုက္ခသည် စခန်း ရှိ ဇုန် အမှတ် C မှ နေ၍ ဂျော်ဂျီယာပြည်နယ် သို့ 
ပြောင်းရွှေ့ အခြေစိုက် သည့် လူငယ် တစ်ဦး ဖြစ်သူ မောင်ဖွားလီးကလို မှာ သူနေထိုင်ရာ ကလပ်စတန် မြို့ ရှိ
ဝင်ဒိုဘိခ်ျ အိမ်ခန်းများ မှ နေ၍ ည ၉နာရီ ခွဲ ခန့် တွင် အမှိုက်ထွက် ပစ်ရာ မော်တော်ကား အဖြူရောင်ပေါ်မှ
အာဖရိက နွယ်ဖွား သုံးဦး က ဆင်း လာပြီး တစ်ဦးက သေနတ် ဖြင့် သူ့ အား တေ့ကာ ပစ်ခတ် သွားသော
ကြောင့် နေရာတွင် ပင် ပွဲချင်းပြီး သေဆုံးသွားသည်။

လူမည်းများ ၏ ၀ိုင်းဝန်းရိုက်နှက်ခြင်းခံရသူ ကလပ်စတန် အခြေစိုက် ကရင်လူငယ်တစ်ဦး အား မျက်နှာတွင် ဒဏ်ရာဖြင့် တွေ့ ရစဉ်

မောင်ဖွားလီးကလို သည် မိဘ နှစ်ပါး ဖြစ်သူ ဦးတင်လှ
၊ဒေါ်ဆာဒါသာ တို့ နှင့် အတူ မဲလဒုက္ခသည် စခန်းတွင်
ဆယ်နှစ်နီးပါး နေ ထိုင်ခဲ့သူ ဖြစ်ပြီး ကရင်ပြည်နယ်မှ
စစ်ပြေးဒုက္ခသည် မိသားစု ဖြစ်သည်။ သေဆုံးသွားသည့်
ဖွားလီး ကလို ၏ ရုပ်အလောင်း ကို ကလပ်စတန် ရဲတပ်ဖွဲ့ 
မှ စုံစမ်းစစ်ဆေး နေသောကြောင့် အသုဘ မချ နိုင်
သေးကြောင်း ထိုမှုခင်း နှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်
ပေး နေသူ မြန်မာ အမျိုးသား တစ်ဦးက Freedom
News Group သို့ ပြောသည်။ ကလပ်စတန် ရဲတပ်ဖွဲ့ 
သည် ယခု အချိန်ထိ ပစ်သတ်သွား သည့် တရားခံများ
အားဖမ်းဆီးရ နိုင်ခြင်း မရှိသေး ဟု သူက ဆက်လက် ပြောကြားသည်။

ဂျော်ဂျီယာပြည်နယ် သည် အာဖရိကန် – အမေရိကန် များ
နှင့် အာဖရိကတိုက်မှ ရွှေ့ ပြောင်း အခြေစိုက်လာ
သည့် ဒုက္ခသည် အများစု နေထိုင်ရာ ဖြစ်သည်။ မြန်မာ
ဒုက္ခသည် အများစု မှာလည်း အင်ဒီယားနား ပြည်နယ်
ဖို့ ဝိန်းမြို့ ပြီးလျှင် ကလပ်စတန် တွင် အများဆုံးအခြေစိုက်ကြသည်။ ၂၀၀၈ ခုနှစ် စာရင်းဇယားများ အရ
ကလပ်စတန် တွင် မြန်မာ ဒုက္ခသည် အယောက် တစ်ထောင် ကျော် အခြေစိုက်သည် ဟု သိရသည်။

လူမည်း များ ကြီးစိုး သည် ကလပ်စတန် တွင် နယ်စပ် ဒုက္ခသည် စခန်း များမှ ရွှေ့ ပြောင်း အခြေစိုက်သည့်
ကရင် ဒုက္ခသည် လူငယ်များ နှင့် လူမည်း လူငယ်များ မှာ Apartment အားကစားကွင်းများ တွင် ကစားရာမှ
ပြဿနာ ဖြစ်ကြပြီး လူမည်းများမှာ ကရင် ဒုက္ခသည် လူငယ်များ ကို ရန်ပြုမှု များ ရှိသည် ဟု သိရသည်။
လွန်ခဲ့သည့် သီတင်း နှစ်ပတ် ကျော်ကလည်း ကစားတွင်း အချင်းများ ရာမှ လူမည်း ငါးဦးက ကရင် ဒုက္ခသည်
လူငယ် တစ်ဦး ကို ဖမ်းချုပ်ပြီး မျက်နှာ နှင့် ခန္တာ ကိုယ် တစ်ဝိုက် ကို အချက်ပေါင်းများ စွာ ထိုးကြိတ် ကန်ကျောက်
သည် ဟု သိရှိရသည်။ ကလပ်စတန် မြို့ ရှိ လူမည်း များမှာ ကရင်ဒုက္ခသည် များ ၏ စက်ဘီး
များ ခိုးယူခြင်း ၊ လုယက်ခြင်း ၊အလစ် သုတ်ခြင်း တို့ ကို ပြုလုပ်လေ့ရှိသည်။

ဖွားလီး ကလို ၏ သည် ကလပ်စတန် ရှိ ကြက်သား စက်ရုံတွင် အလုပ်လုပ်နေပြီး ယခု ကျောင်းဖွင့်ချိန်တွင်
ကျောင်းပြန်တက်ရန် စီစဉ်နေ ချိန်တွင် အသတ်ခံရခြင်းဖြစ်သည်။ဖွားလီး ကလို သည် ကလပ်စတန် တွင်
အကို နှင့် အတူ နေထိုင်ပြီး မိဘ နှစ်ပါးမှ မဲလ ဒုက္ခသည် စခန်းတွင် ပင် ရှိနေသေးသည် ဟု သိရသည်။
သေဆုံးသူ သည် ခရစ်ယာန် ဘာသာဝင် ဖြစ်သောကြောင့် ကလပ်စတန် ရှိ ခရစ်ယာန် သာသနာပြု
အဖွဲ့ တစ်ခု မှ တာဝန်ယူမည် ဟု သိရသည်။

အမေရိကန် နိုင်ငံတွင် ပြောင်းရွှေ့ အခြေစိုက်သည့် ကရင် လူငယ် မျိုးများ မှာ နယ်စပ် ဒုက္ခသည် စခန်း
များမှ ထွက်ခွာ လာသော် လည်း ရေသစ်၊မြေသစ် ဖြစ် သည့်  အမေရိကန် နိုင်ငံတွင် ဒုက္ခမျိုးစုံ နှင့် ရင်ဆိုင်
ရသည်။ ပြောင်းရွှေ့ အခြေစိုက်လာ သည့် ဒုက္ခသည်များ အား ပြန်လည် နေရာချထား ပေးသည့် (Resettlement
Agency ) နှင့် ထို အဖွဲ့ စည်းများ မှာ အကူအညီ ပေးရေး ၀န်ထမ်း (Case Worker) များ ရှိသော် လည်း ထိုသူများ
က ထိထိရောက် ရောက် ကူညီ ခြင်း မရှိသော ကြောင့် မလိုလား အပ်သည့် လူမှု ဒုက္ခများ နှင့် ကြုံတွေ့ ရသည်
ဟု ကော်လိုရာဒို ပြည်နယ် ဂရင်းလိ မြို့ မှ ကရင် အမျိုး သမီး တစ်ဦး ဖြစ်သူ နော်ဖောဆာ က ပြောသည်။

သူက “သူတို့  အကူအညီ ပေးတယ် ဆိုပြီး ပြည်နယ် အစိုးရ တွေ ဆီက နေ Grant (ထောက်ပံ့မှု အတွက်ချထားငွေ)
ယူကြတယ် ပြီးတော့ ရောက်လာတဲ့ လူသစ် တွေ က ဘတ်(စ)ကား မစီတတ် လို့  ဖုန်းဆက်မေးရင်တောင် ဖုန်း
မကိုင် ကြဘူး  အဲဒါ ဒီက Case Worker တွေ ပဲ ဟု သူက ထပ်လောင်းပြောသည်။

2 thoughts on “အမေရိကန် နိုင်ငံတွင် ရွှေ့ ပြောင်း အခြေချသည့် ကရင် ဒုက္ခသည် တစ်ဦး သေနတ် ဖြင့်ပစ်သတ်ခံရ

  1. Her comment is correct. And on the other hand, our people are almost always in the lowest layer of American society. It is a kind of new slavery which is systematically and profoundly practicing in such so-called humanitarian right established society. Very ugly outcomes of the racial discrimination on the immigrants of other colors.

Comments are closed.