
မြန်မာစာပေ နယ်မှ ခောတ်စမ်း စာဆိုပညာရှင် ကြီး တစ်ဦး ဖြစ်သည့် ဆရာမင်းသုဝဏ် ၊ မြန်မာ့
ဒီမိုကရေစီရေးတွင် တက်ကြွှစွာ ဦးဆောင်ခဲ့သူ ကာနယ်(ဦး)ကြည်မောင် နှင့် အဆိုတော် နှင့် ဂီတပညာရှင်
ထူးအိမ်သင် တို့ ကွယ်လွန်ခြင်း ခြောက် နှစ်ပြည့် အမှတ် တရ ကို ရန်ကုန် နှင့် မန္တလေး မြို့ များ တွင်
ကျင်းပသွား မည် ဟု Freedom News Group မှ သတင်းရရှိသည်။
၂၀၀၄ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ က ကွယ်လွန်ခဲ့သည့် ဆရာကြီး မင်းသုဝဏ် ကွယ်လွန်ခြင်း
ခြောက်နှစ်ပြည့် အမှတ်တရ ကို ဆရာကြီး ၏ မိသားစုဝင်များ နေထိုင် သည့် လှည်းတန်း ဇေယျာသီရိလမ်း
သပြေညို နေအိမ်တွင် ကျင်းပမည် ဖြစ်သကဲ့သို့  ရန်ကုန်မြို့ ရှိ အခြားစာပေပညာ ရှင်များ နှင့်
စာဖတ်ဝိုင်းများက လည်းကျင်း ပမည် ဖြစ်သည်။
ယခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှ ခေါင်းဆောင် ဟောင်း ဦးကြည်မောင် ၏ ခြောက်နှစ်ပြည့်
အမှတ်တရ ကို သြဂုတ်လ ၁၇ ရက်နေ့ ဉ် ဗဟန်းရှိ နေအိမ်တွင် ကျင်းပမည် ဖြစ်သည်။ ၂၀၀၇ ခုနှစ်က
ဦးကြည်မောင် ကွယ်လွန် ခြင်း သုံးနှစ်ပြည့် ကျင်းပပြီး နောက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
နှင့် အဖွဲ့ မှ လောင်စာဆီ ကျဆင်းရေး ဦးဆောင်အတွက် လမ်းလျှောက်ကာ ဦးဆောင် ဆန္ဒပြ ခဲ့သဖြင့်
ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၄ ခုနှစ် သြဂုတ် လ ၁၄ ရက်နေ့ တွင် ကွယ် လွန် ခဲ့သည့် နာမည်ကျော် အဆိုတော် နှင့် ဂီတပညာရှင်
ထူးအိမ်သင် ၏ ခြောက်နှစ်ပြည့် အမှတ်တရ ကို လည်း သူ၏ မိသားစု အပါအ၀င် ဂီတမိတ်ဆွေများ နှင့်
သူ၏ပရိတ်သတ်များ က ရန်ကုန် နှင့် မန္တလေးမြို့ များ တွင် ကျင်းပမည် ဟု သတင်းရရှိသည်။
ထူးအိမ်သင်သည် ၁၉၈၆ ခုနှစ်တွင် ခုနှစ်တွင် စတင်ထုတ်ဝေသည့် နာရီပေါ်မှ မျက်ရည်စက်များ အယ်(လ)
ဘမ် အပါအ၀င် တေးအယ်(လ)ဘမ် ၁၆ ခုခန့် အား ထုတ်ဝေခဲ့သည်။
၂၀၀၄ ခုနှစ် သြဂုတ်လ အတွင်း ကွယ်လွန် ခဲ့သည့် ထိုသုံးဦးသည် မြန်မာ လူအဖွဲ့ အစည်း အပေါ် ၎င်းတို့ တတ်
စွမ်းရာဖြင့် တစ်နည်းတစ်ဖုံ အကျိုးပြုခဲ့ကြသဖြင့် ပြည်သူများက ယခုထက်တိုင် နှောင်းတသသ ရှိကြသည်
ဟုနာမည် ကျော်တေးရေး ဆရာ တစ်ဦးက ပြောသည်။
ဆရာကြီး မင်းသုဝဏ်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏ ရွေးချယ်ခံ ကိုယ်စားလှယ် တစ်ဦးလည်း
ဖြစ်သည်။
ဆရာကြီး မင်းသုဝဏ် ၊ဗိုလ်မှုး ကြည်မောင် နှင့် အဆိုတော် ထူးအိမ်သင် တို့ ၏ အုတ်ဂူများသည် ရန်ကုန်မြို့ 
ရေဝေး သုသာန် ဉ် ယှဉ်တွဲ တည်ရှိသည်။

သြော်..
မြန်မာနိုင်ငံ ရဲ့ “Celebrity icons” ကြီးတွေ ရောက်လေရာ ဘဝမှာ
မိမိ ဝါသနာနဲ့တကွ ပျော်ရွှင်ချမ်းမြေ့ကြပါစေ၊ကောင်းရာသုဂတိလည်း လားကြပါစေ…ဗျာ