ဥက္ကာပျံ ၊ဥက္ကာခဲ များ နှင့် ဂြိလ်သိမ် ဂြိုလ်မွှားများ အစုလိုက် အပြုံလိုက် ကြွှေကျမှု ကို ယနေ့ ည မြင်တွေ့ ရမည်

Perseid meteor shower lights up the sky

ဥက္ကာပျံ များ အစုလိုက် အပြုံလိုက် ကြွေကျမှု ကို အယ်(လ)ဘားမား ပြည်နယ်ဉ် သောကြနေ့  မနက် အရုဏ်တက် ချိန် မြန်မာစံတော်ချိန် သောကြောနေ့ ညနေ ငါးနာရီ ခန့် တွင် မြင်တွေ့ ရစဉ်

ကမ္ဘာ မြေ သက်တမ်း တစ်လျှောက် သတ္တမအကြိမ်မြောက် ဟု ယူဆ နိုင်သည့် ဥက္ကာ ၊ဥက္ကာခဲ
များ မိုးသီးမိုးပေါက် ကဲ့ သို့ အစုလိုက် အပြုံလိုက်ကြွေကျမှု ကိုယ နေ့ ည မှ စ၍ ကမ္ဘာ့  အနောက်ပိုင်း နိုင်ငံ
များ၏ နေ၀င်ချိန် နှင့် သောကြာနေ့ နေထွက်ချိန်များတွင် ၎င်း အာရှတိုက် နိုင်ငံများ တွင် သောကြာနေ့ 
ညနေ နေ၀င်ချိန်မှ စ၍ ၎င်း ကြည့် ရှု နိုင်သည် ဟုအမေရိကန် အမျိုးသား အကာသ သိပ္ပံ နှင့် ဗာဂျီးနီး
ယား တက္ကသိုလ် နက္ခတ ဗေဒ လေ့လာ ရေး ဌာန တို့ မှသတင်းထုတ် ပြန်ထား သည်။

ရာသီဥတု သာယာကောင်းမွန်ပြီး ကောင်းကင်ကို ရှင်းလင်းစွာ မြင်ရသည့် အချိန် ဉ် ကောင်းကင်တွင်
ဥက္ကာခဲ များ နှစ်ရာထက် မနည်း တစ်ပြိုင်နက် ကြွေကျမှု ကို တွေ့ မြင် နိုင်သည် ဟု ဆိုသည်။

ထိုကဲ့ သို့ ဥက္ကာ ခဲများ အစုလိုက် အပြုံက် ကြွေကျမှုကို လူသား တို့ တွေ့ မြင်ရခြင်းသည်​ ကမ္ဘာ ပတ်လမ်း
ကြောင်း အနီး သို့  သက်တမ်း နှစ်သန်း ပေါင်းမျာစွာရှိပြီ ဖြစ်သည့် ၁၀၉ p / Swift Tuttle အမည်ရှိ ကြယ်
တံခွန် အိုကြီး အနီး သို့ ရောက်ရှိ သွားခြင်းကြောင့် ဖြစ်သည်။

ထိုကြယ် တံခွန် ကြီး ကို ၁၈၆၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ က အမေရိကန် အာကာသ နှင့် နက္ခတ ပညာရှင်
နှစ်ဦး ဖြစ်သည့် Lewis Swift နှင့် Horace Parnell Tuttle တို့  နှစ် ဦးက တွေ့ ရှိ ခဲ့ခြင်းကြောင့် Swift Tuttle
ဟု ခေါ်ခြင်း  ဖြစ်သည်။ Swift Tuttle မှ လွင့်ထွက် လာသည် ဂြိုလ်ပဲ့ များ သည် ကမ္ဘာ့ လေထု အတွင်း ၀င်ရောက်
စဉ် ဖိအား နှင့် အရှိန် ကြောင့် အလင်းရောင် များ ထွက် ပေါ်လာခြင်း ဖြစ်သည်။

ဥက္ကာပျံ များ သည် ကမ္ဘာ့ လေထုထဲ သို့ တစ်နာရီ လျှင် ၁၈ မိုင်နှုန်းထက် မနည်း ၀င်ရောက်မည် ဖြစ်သည်။
ထို သို့ အစုလိုက် အပြုံ လိုက် ဥက္ကာပျံ များ ကြွေကျစဉ် ကောင်းကင်ယံ သည် ရုတ်ခြည်း လင်းထိန်သွားမည်
ဖြစ်သည်။ကြည့်ရှု လိုသူများ သည် အရှေ့ မြောက် အရပ် ကို ဒေသ စံတော်ချိန်  ည ၁၀ နာရီ ကျော် ၊ညသန်း
ခေါင် ကျော်ချိန် နှင့် အာရုဏ်ဦး မတိုင်ခင် များ တွင် ကြည့် ရှု နိုင်သည် ဟု နာဆာမှ သတင်း ထုတ်ပြန်ထားသည်။

မြန်မာ နိုင်ငံ ဉ်မူ ထိုကဲ့သို့ ကြယ်ကြွေသည် ဟု ခေါ်သည့် ဥက္ကာ ပျံများ ကြွှေကျသည် ကို တွေ့ ရပါက တိုင်းပြည်
ခေါင်းဆောင် များ ၊ ထင်ရှား ကျော်ကြား သူများ သေဆုံး ကျသည် ဟု အယူရှိသည်။

Sift – Tuttle သည် နေ ကို တစ်ပတ် ပတ် ရန် အတွက် ၁၃၃ နှစ်ကြာမြင့်သည်။ ထိုကြယ်တံခွန် ၏ တိမ်တိုက်အနီး
သို့ ကမ္ဘာ ဂြိုလ် အနီးဆုံးရောက်ရှိ သွားသည်တွင် ရေခဲ ၊ဂြိုလ်ပဲ့ များ နှင့် ဖုန်မှုန့် များက ကမ္ဘာ့  လေထုထဲသို့ ရောက်
ရှိလာခြင်းဖြစ်သည်။

၎င်း ၏ ပင်မ ပတ် လမ်းကြောင်း မှ လွန်ခဲ့သည့် နှစ် လေထောင် ကျော်ကတည်းက သွေဖီလာခဲ့သည့် Swift Tuttle
ကမ္ဘာ ဂြိုလ် အနီး သို့ နောက် ဆုံး ၀င်ရောက် ခဲ့သည့် အချိန် မှာ သီပေါမင်း ပါတော် မူရန်  နှစ် နှစ် အလိုတွင်ဖြစ်သည်။

3 thoughts on “ဥက္ကာပျံ ၊ဥက္ကာခဲ များ နှင့် ဂြိလ်သိမ် ဂြိုလ်မွှားများ အစုလိုက် အပြုံလိုက် ကြွှေကျမှု ကို ယနေ့ ည မြင်တွေ့ ရမည်

  1. တစ်သက်မှာတစ်ခါပဲမြင်ရမယ်။ဒါကြောင့်လက်မလွတ်နိုင်ဘူး။

  2. “GMT” လေးနဲ့ပြောရင် ပိုမိုက်မယ် :-(

  3. ဒီညကျနော်စောင့်ကြည့်ဖြစ်အောင်ကြည့်မယ်

Comments are closed.