နိုဝင်ဘာလ ၇ ရက် နေ့ တွင် ရွေးကောက်ပွဲ ကျင်းပမည်

Myanmar’s first election in two decades will be held Nov. 7

့မြန်မာ့ ရုပ်မြင်သံကြား သတင်း တင်ဆက်သူ က ရွေးကောက်ပွဲ ကျင်းပမည့် ရက် ကို ကြေညာနေစဉ်

၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေ ) နေ့ တွင် နှစ်နှစ်ဆယ် အတွင်း ပထမ ဦးဆုံး အကြိမ် အဖြစ်
ရွေးကောက် ပွဲ ကို ကျင်းပမည်မည် ဖြစ်ကြောင်း  ယနေ့ မနက် အစော ပိုင်း တွင် ရွေးကောက် ပွဲ ကော်မရှင်က
သတင်းထုတ် ပြန်သည်။

မြန်မာစစ် အစိုးရသည် ရွေးကောက် ပွဲ ကျင်းပ ရန် ရက် ပေါင်း ၉၀ ပ အလို လောက်မှ  ရွေးကောက်ပွဲ ရက်
ကို ကြေညာသဖြင့် စစ်အစိုးရ လို လားသည့် ပါတီ များ အား ယှဉ်ပြိုင် ၍ စည်းရုံးရန် အတွက် မည်သည့် ပါတီ
မှ အခွင့် အလမ်း မရှိ တော့ ဟု ရွေးကောက်ပွဲ ၀င် မည့် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ မှ အဖွဲ့ ဝင် တစ်ဦးက
Freedom News Group သို့ ပြောသည်။

မြန်မာ စစ်အစိုးရသည် ယမန်နေ့ က မဲဆန္ဒနယ်မြေ စာရင်း များ ထုတ်ပြန်ပြီး နောက် ၂၄ နာရီ အတွင်းမှာပင်
ရွေးကောက် ပွဲ ကျင်းပမည့် ရက် ကို ကြေညာခြင်းသည်။ရွေးကောက်ပွဲ ကျင်းပမည့် နေ့ အား တရားဝင် သတင်း
ထုတ်ပြန် ရန် နှောင့် နှေး နေသည့် စစ်အစိုးရ သည် ယခု ကဲ့ သို့ ကောက်ကာ ငင်ကာ သတင်း ထုတ်ပြန် ရခြင်းမှာ
တပ် တွင်း ပေါ်ပေါက် နေ သော ပဋိပက္ခ များ ကို အာရုံလွှဲ လို ခြင်းကြောင့် ဖြစ် နိုငသည် ဟု ဒီမိုကရေစီ အင်အား
စုများ က သုံးသပ် သည် ။

နိုဝင်ဘာ လ ၇  ရက် နေ့ တွင်း ကျင်းပမည့် ရွေးကောက် ပွဲ တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး
ဟောင်း သိန်းစိန် ဦးဆောင် သည့် ကြံဖွတ်ပါတီ မှ စစ်အစိုးရ က ကျောထောက်နောက် ခံပေးထား သော
ကြောင့် ထင်တိုင်းကျဲ စည်းရုံး နိုင်ခွင့် ရသည်။

စစ်အစိုးရ က ကျင်းပမည် ဟု ယနေ့ ကြေညာ ရွေးကောက် ပွဲ ရက် သည် မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင်
ဒေါ်အောင် ဆန်းစုကြည် နေအိမ် အကျယ်ချုပ် မမှ လွတ်မြောက်ရန် ၆ ရက် အလို တွင် ဖြစ်သည်။

ရန်ကုန် အခြေစိုက် နိုင်ငံရေး သမား တစ်ဦးက “အခု ၇ ရက် လို့ ကြေညာ လိုက် တော့ ရွေးကောက်ပွဲ မှာ
ဒေါ်စု ကိုပါစေ လိုတဲ့  စိတ် မရှိ ဘူးဆိုတာ ထင်ရှား တာပေါ့ ဟု သုံးသပ် ပြောကြားသည်။ဒေါ်အောင် ဆန်းစု
ကြည် ဦးဆောင် သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် မှာ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့
ဟု ဆုံးဖြတ် ခဲ့ပြီး ဖြစ်သည်။

ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ် လောင်းများ သည် သြဂုတ် လ ၁၆ ရက်နေ့ မှ သြဂုတ် လ ၃၀ ရက်နေ့ ထိ
တင်သွင်း ရမည် ဟု ပါရှိသည်။ NDF ပါတီ မှ ဦးခင်မောင်ဆွေ က မူ ပါတီ များ အနေဖြင့် စည်းရုံးချိန် လုံလောက်
စွာ မရရှိ ဟု ဆိုသည်။

စစ်အစိုးရသည် ၁၉၈၈ ခုနှစ် အာဏာ သိမ်းပြီး နောက် ပိုင်းတွင် ၁၉၉၀ ပြည့် နှစ် မေလ ဉ် ရွေးကောက်ပွဲ ကျင်း
ပခဲ့သည်။ ယ ထို ရွေးကောက် ပွဲ ဉ် မြန်မာ  ပြည်သူ တစ်ရပ် လုံးက အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် ကို ထောက်ခံမဲ
ပေးခဲ့သဖြင့် အနိုင်ရရှိသော် လည်း အာဏာလွှဲ ပြောင်းခြင်း မရှိသည့် ပြင် ပါတီဝင်များ အားဖမ်းဆီး ထောင်ချခြင်း
နိုင်ငံရေး လှုပ်ရှားမှု များ အား ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်အစိုးရက ရွေးကောက်ပွဲရက် မကြောညာခင် အတွင်း ရွေးကောက်ပွဲ ၀င်ရန် စီစဉ် ထားသူများ စစ်အစိုးရ၏
တရားမမျှ တသော လုပ်ရပ် များ ကြောင့် ရွေးကောက် ပွဲ ကို ကျောခိုင်း ခဲ့သည် များ ရှိသည်။

စစ်အစိုးရ က ရွေးကောက် ပွဲ ရက်အား ယနေ့ မနက် အစောပိုင်း တွင် ရုပ်သံမှ ကြေညာ ခဲ့ခြင်း ဖြစ်သည်။

10 thoughts on “နိုဝင်ဘာလ ၇ ရက် နေ့ တွင် ရွေးကောက်ပွဲ ကျင်းပမည်

  1. နေမင်းသစ်စာသိရသလောက်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီက ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေမှာတောင် စည်းရုံးရေးဆင်းတာမတွေ့ ဘူး။ဒါကြောင့် ဘယ်နေရာတွေမှာ ထင်တိုင်းကျဲ စည်းရုံးနေတယ်ဆိုတာကို စုံစမ်းဖော်ပြရေးသားပေးစေချင်ပါတယ်။

    1. မောင်ရင် မသိသေးဘူး ဆိုတော့ ရန်ကုန်မှာ မနေဘူးထင်ရဲ့။ ဆင်ခြေဖုံးမဟုတ်တဲ့ ရန်ကင်း တိုက်ခန်းတွေမှာတောင် တစ်ခန်းဝင် တစ်ခန်းထွက် စည်းရုံးကြတာ အရင် တစ်ပတ်ကပဲ။ ဖောင် တစ်ရွက်နဲ့ သူတောင်းစားလို မ၀င်မချင်း မပြန်ဘူး ရစ်လိုက် ချွဲလိုက် လုပ်နေကြတာဗျား။ ဖောင်က အသင်းဝင်ဖောင် မဟုတ်ဘူးကိုယ့်လူ။ ကြိုတင်မဲဗျ။ ဘယ်လောက်ပက်စက်သလဲဆို။
      လှည်းကူးမှာဆို ဝေဖန်မိတဲ့ အရပ်သားတောင် အဖမ်းခံလိုက်ရတာ မကြားမိဘူးလား။

  2. စာတွေသာဖတ်နေရတယ် လုပ်ရပ်တွေက သိသိသာသာတစ်ခုမှ ဖြစ်မြောက်မှုမရှိဘူး

  3. စာတွေသာဖတ်နေရတယ် တစ်ခုမှ အားရစရာမရှိဘူး

  4. လုပ်မယ်ဆိုရင်လဲ ပြတ်ပြတ်သားသားလုပ်ကြပ်ဗျာ

  5. ကြံ့ဖွတ်လည်း စည်းရုံးရေးမဆင်းပါဘူးဗျာ။ ကျနော်တို့ရန်ကုန်မှာနေနေတာပါ.. ဘယ်နိုင်ငံရေးပါတီမှလည်းစည်းရုံးရေးမဆင်းပါဘူး.. ။ NLD ကလည်းရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတော့..NLDနဲ့ပတ်သတ်လို့ပြောစရာစကားမရှိတော့ပါဘူး။ နိုင်ငံအတွက် အပြောနဲ့မဟုတ် အလုပ်နဲ့သက်သေပြမယ့်နိုင်ငံရေးပါတီကိုပဲ မဲပေးရတော့မှာပါ။ မဲပြာပုဆိုးဝတ်ပြီး အိပ်မက်ဟောင်းထဲမှာအိပ်မောကျနေတဲ့ NLD ကိုတော့ မမျှော်လင့်တော့ပါဘူး။ တစ်ကောင်တည်းပြေးပွဲဝင်ချင်တဲ့သက်ကြီးရွယ်အိုပြိုင်မြင်းတစ်ကောင်ဖြစ်နေပြီပဲ… ပြည်သူတွေအားလုံး NLD ဖက်မှာရှိနေတာကို ယုံကြည်နေသေးရင် ရွေးကောက်ပွဲကိုကျောမခိုင်းပဲ ရဲရဲဝင့်ဝင့်ဝင်ပြိုင်စေချင်ပါတယ်…။ ကိုယ့်ကိုယ်ကိုယုံကြည်တယ်၊ နိုင်ငံအတွက်တစ်ကယ်အလုပ်လုပ်မယ်ဆိုရင်ပေါ့.. ။

    1. ကျွန်တော်သိရသလောက်..စစ်တပ်ကိုထောက်ခံတဲ့လူအားလုံးမှာ ၉၀%က ဥာဏ်ရည်နိမ့်လို့ဖြစ်ပြီး ကျန် ၁၀% ကကိုယ်ကျိုးစီးပွားဖြစ်ထွန်းနေလို့ပါ၊ နေမင်းသစ္စာတို့ စင်းပဲတို့ JK တို့ အဖွဲ့သားတွေ ဘယ်ထဲမှာပါလဲ သိပါရစေ။ စီးပွားရေးသမားတော့ မဟုတ်လောက်ဘူးထင်ပါတယ်။ ရန်ကုန်ဆင်ခြေဖုံးတွေမှာ ကွန်ကရစ်လမ်းတွေကို ကြံ့ဖွံ့ နာမည်ခံပြီး ခင်းပေးပါတယ်။ အမှန်က နိုင်ငံတော် ဘတ်ဂျတ်ထဲကငွေတွေပါ။ ဒါပေမယ့် အဲလိုခင်းပေးတဲ့အတွက် ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ကို မဲပေးဖို့ ရက်ကွက်လူကြီးတွေက အာမခံပေးရပါတယ်။ အဲဒါဘာလုပ်နေတာလဲ သိပါသလား။ (မသိလောက်ပါဘူး။ ဥာဏ်ရည်မှ မမှီတာ)။

  6. လုပ်ရမယ့် အလုပ်ကို သိကြတယ်ဆိုရင် လုပ်စရာရှိတာကို ဆက်လုပ်ကြဖို့ပဲလိုတယ် ။ ဦးဆောင်မယ့်သူတွေဦးဆောင် ပေးကြပါလို့သာ ပြောချင်တယ် ။

  7. “နိုဝင်ဘာလက ၁၁ ဆိုတော့ ပေါင်းရင် ၂ ၊ (၇) ရက်နေ့ လုပ်မယ်ဆိုတော့ ၂+၇ = ၉ ပေါ့။ ၁၉၉၀ တုန်းကလည်း မေ (၂၇) ပေါင်းရင် (၉)ပဲ။ မပူနဲ့ ပြည်သူပဲအောင်ပွဲခံမယ်ဗျိုး”

Comments are closed.