UDP ပါတီ နာယက လည်း ရွေးကောက်ပွဲ ကို ကျောခိုင်း

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ၏ နာယက တစ်ဦး ဖြစ်သူ ဦးညိုထွန်း သည် သူ၏
မိသားစု စားဝတ်နေရေးအရ ရုပ်ရှင် ရိုက်ကူးမှု ဒါရိုက်တာ လုပ်ငန်းများ ကို ဦးစားပေး
လုပ်ကိုင် နိုင်ရန် အတွက် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် မည့် ပါတီ၏
နာယက အဖြစ်မှ နှုတ်ထွက် လိုက် သည် ဟု  သတင်းရရှိသည်။

ဦးညိုထွန်း သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ရေး အတွက် ကျောင်းသား လှုပ်ရှားမှု များ
တွင် ပါဝင်ခဲ့ပြီး  ၁၉၈၉ ခုနှစ် မှ ၁၉၉၈ ခုနှစ် ထိ အကျဉ်းထောင် ထဲ တွင် နေ ထိုင်
ခဲ့ရသည်။ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ မှ ဥက္ကဌတစ်ဦး ဖြစ်သူ ဦးဖြိုးမင်းသိန်း
သည် လည်း ပြီးခဲ့သည့် သီတင်း ပတ် အတွင်း က စစ်အစိုးရ ရွေးကောက်ပွဲ သည်
တရားမျှတမှု ကင်းမဲ့ သည် ဟု ဝေဖန် ကာ ရာထူးမှ နှုတ်ထွက် ခဲ့သည်။

စစ်အစိုးရ မှ ကျင်းပမည့် ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင် မည့် ပါတီ များ နှင့် နိုင်ငံရေး အကျဉ်းသား
ဟောင်းများ အား စစ်အစိုးရ မှ နည်းမျိုးစုံ သုံး၍ ဖိနှိပ် ကန့် သတ် မှု များ ပြု လုပ်သောကြောင့် ပါတီများ
အနေဖြင့် မတရားမှု များကြုံတွေ့ နေရသည်။

ဦးညိုထွန်း သည် သျှိုညိုထွန်းသိန်း ဆိုသည့် အမည် ဖြင့် ရုပ်ရှင် နှင့် ဗီဒီယို ဒါရိုက်တာ
တစ်ယောက် အဖြစ် အသက်မွေးဝမ်းကျောင်း ပြုသည်။

2 thoughts on “UDP ပါတီ နာယက လည်း ရွေးကောက်ပွဲ ကို ကျောခိုင်း

Comments are closed.