ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကတော့ ကာလီဖိုး နီးယား
ဒေသ က ထုတ်တဲ့ ကာဘာနက် ဆော်ဗီညွှန်Cabernet
Sauvigon အမျိုးအစား ဘာရင်ဂါ ၀ိုင် အကြောင်း ကို
FNG ၀ိုင် ပရိသတ် နဲ့  မိတ်ဆက်ပေးပြီးသွားပါပြီ ဒီတစ်
ပတ်မှာတော့ ကာလီဖိုးနီးယား ဒေသ ကပဲ ထုတ်လုပ်တဲ့
နောက်ထပ် ၀ိုင်အရက် တစ်မျိုး ဖြစ်တဲ့ Bogle၀ိုင် အမှတ်
တံဆပ် ထဲက့  Pinot Noir နဲ့  မိတ်ဆက်ပေးပါမယ်။
သင် ကို့ မိတ်ဆွေ တစ်ယောက်ယောက် က ၀ိုင် တစ်ပုလင်း
လက်ဆောင် ပေးတယ် ဆိုပါစို့  ။သင်က နာမည်ကျော် ၀ိုင်
အမှတ် တံဆိပ် တွေ ကို သိမထား ဘူး ဆိုရင် သင့်မိတ်ဆွေ
လက်ဆောင်ပေးတဲ့ ၀ိုင် ကို တန်ဖိုးဖြတ် တတ်မှာ မဟုတ် ဘူး
တခြား အရက် တွေ ကို တော့ သင်က အရက် အမျိုး အစား နဲ့ 
ပုလင်း အရွယ် ကို လိုက်ပြီး ဘယ်လောက် တန်ကြေး ရှိတယ်
ဆိုတာ တွက် လို့ ရပေမယ့် ၀ိုင် အရက် ကိုတော့ သင့်ရဲ့ ဝိုင်
သောက်တဲ့ အတွေ့ အကြုံ အရသာ တန်ဖိုး ဖြတ်နိုင်မှာပါ။
သင်က ၀ိုင် သောက်ခဲ့တာ ဘယ်လောက် နှစ်ကြာပြီ လဲ့
ဘယ်လို ၀ိုင် တွေ ကို သောက် ခဲ့ လဲ ဆိုတာ
ဝိုင်အရက် ကို တန်းဖိုး ဖြတ်ချင်း အလုပ်မှာ အရေး
အပါဆုံး ဖြစ်ပါတယ်။
ဝိုင် အရက် ကို ထုတ်လုပ်မှု မှာ နာမည် ကျော် စပျစ်ခြံနေ ကနေ နာမည် ကြီး ၀ိုင် စက်ရုံ တွေ က
ထုတ်လုပ်တာရှိ သလို တချို့ ဝိုင် အရက်ပုလင်း တွေ ကတော့ လူသိသိပ်မများ သေးတဲ့ ၀ိုင်
စက်ရုံတွေကထုတ် လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၀ိုင် အတွေ့ အကြုံ ကြွယ်ဝနေ တဲ့ အကောင်း
ဆုံး အရသာခံသမား (Good Taster ) ရဲ့  လျှာဖျား မှာတော့ ဒီဝိုင် ဟာ ဘယ် လောက်တန် ကြေး
ရှိတယ် ဆို အနီးစပ်ဆုံး ထိ ခန့် မှန်း လို့ ရပါတယ်။ ၀ိုင် သောက်သုံးမှု မှာ အရေး ပါတဲ့ အမြည်း
သဘော ကို ပြောတာ ပါ ။စကား ကြောနဲနဲရှည်သွား ပါတယ် ။ လို ရင်း ဆက် အုံး စို့ ။
Bogle ၀ိုင် ဟာ ကာလီဖိုးနီးယား ပြည်နယ် ဆိုနိမာ
ဒေသ ကလပ်(စ)ဘာဂ် မှာ ရှိ တဲ့ စပျစ်ခြံတွေကနေ
ထုတ်လုပ်တာ ဖြစ်ပါတယ်။၁၈ ရာစု နှောင်းပိုင်း မှာ
ကတည်းက ဘူဂဲလ် မိသားစု တွေ သောက်သုံးဖို့ စမ်း
သပ် ထုတ်လုပ်ရင်းကနေ တဖြည်းဖြည်း နာမည်
ကျော် လာတာ ဖြစ်ပါတယ်။
ဘူဂဲလ် ရဲ့ ပင့်နော့ နွိုင်း (Pinot Noir) ဟာ လူကြိုက်များ
လှတဲ့ အမှတ် တံဆိပ် တစ်ခု ပါ။ဝိုင် အရက်မှာ ပင့်နော့ နွိုင်း
တွေ ဟာ အမည်း ရောင် ရှိကြပြီး တခြား ၀ိုင်အရက်တေ
ထက် အယ်(လ)ကို ဟောလ် ပါဝင်မှုများ ပါတယ်။
ဝိုင် အရက် ကို အခုမှ စတင် သောက်သုံးသူ တွေ
ကတော့ Pinot Noir ကို မကြိုက်ကြပါဘူး။
ဘူဂဲလ် ရဲ့  Pinot Noir ဟာ အရသာ မှာ ခါးသက်သက်
ရှိပေမယ့် အနံ ကတော့ သိပ်မဆိုးလှ ပါဘူး ၊ဒါပေမယ့်
ပြင် သစ် နဲ့  တောင်အမေရိက တိုက် ဘက်က ပင်နော့ နွိုင်း
တွေ ဆိုရင် အနံ ရော အရာသာ ဟာ
Wine Beginner တွေ မနှစ် မျို့ စရာပါပဲ။ Pinot Noir ကို ရဖို့ အတွက် ပင်နော့ နွိုင်း အမျိုးအစား စပျစ်သီးဟာ
အချိန်ကြာမြင့် စွာနေရာင် ခြည် ကို ရရှိဖို့ နဲ့  စည် သွတ်ရာမှ အသုံးပြု တဲ့ သစ်သား အပြင် သို လှောင်ထား
ရှိ မှု နဲ့  ဆိုင်ပါတယ်။
ဒီနေ့ အချိန်မှာ တော့ ပင့်နော့ နွိုင်း ဟာ နာ မည် ကျော် ၀ိုင် အရက် အမျိုး အစား တစ်ခု ဖြစ်နေပါပြီ။
ပင့် နော့ နွိုင်း လို့  ဖြစ်လာ မယ့် ပင့်နော့ မျူယာ ကို ၁၆ ရာစု နှောင်း ပိုင်း လောက် ကတည်းက ဥရောပ ဒေသက မင်း
မျိုး မင်းနွယ် ၀င်တွေ က စတင် သောက်သုံးနေ ကြပါပြီ။
ဘူဂဲလ် ရဲ့ ပင့်နေ့ နွိုင်း ကို နှစ်ပေါက် နေ တဲ့ ဒိန်ခဲ့ ၊ရေဘဲ မီးအုံး၊ မှို နဲ့  ဂေါ်ဖီညို ဆလပ် ၊ ၀က်သား ကင် တို
့နဲ့ တွဲ ဖက် သောက် သုံး သင့် ပါတယ်။ဒီတပတ် တော့ ဒီလောက် ပါပဲ ။ နောက် အပတ် တွေ မှာ ဆက်
တွေ့ ကြတာ ပေါ့ ။ Freedom News Group ရဲ့ ပရိသတ် အနေ နဲ့  လည်း သင် တို့ ရဲ့  Wine Tasting ကို မျှ
ဝေခြင်တယ် ဆို ရင် ရေးသား ပေးပို့ နိုင်ပါတယ်။ဒီ ၀ိုက် မိတ် ဆက် မှာ မှတ်ချက် (Comment ) တွေ လည်း
ရေးသား ပြီး သင်တို့ ရဲ့  Wine Experience ကို မျှဝေ နိုင်ပါတယ်။
ဒါနဲ့ စကားမစပ် ဘူဂဲလ် ပင်နေ့ ဟာ Red Wine အမျိုးအစား ဖြစ်ပြီး ဘယ် Red Wine အမျိုး အစား ကို မှ
ရေခဲစိမ် စစရာ လဲ မလို ရေခဲ ထပ်ပေါင်း ထည့် စရာ လည်း မလို ပါဘူး ၊Red Wine တွေ ဟာ သူချဉ်း
သက်သက် Red Wine Glass ထည့် မှာ ထည့် ပြီး သောက် သုံး ရုံ ပါပဲ ။
