လူငယ်တို့ ရဲ့  ပဲ့ တင်သံ

ဒီတစ်ပတ် လူငယ်တို့ ရဲ့ ပဲ့တင်သံ ကဏ္ဍ မှာ မြန်မာ ဟစ်ဟောပ် မဂ္ဇဇင်း တစ်ခု ဖြစ်တဲ့ The Streeet  က ဖော်
ပြထား တဲ့ နာမည် ကျော် အမေရိကန် ကန် အုပ်စု လိုက် အက အဖွဲ့  Jabbawokeez  အကြောင်း ၊
ရက်ရ(ပ်) အဆိုတော် Lil Wayne ရဲ့  အင်တာဗျူး ကို စိုးသိဏ်း ရဲ့  ဘာသာပြန် ။သီရီရှင်းသန့်  ရဲ့ 
ကောက်ကြောင်းတွေ ကို  တွေ့ မြင် ခံစားရမှာပါ….နောက်ပြီးတော့ Myanmar Celebrity
အင်တာနက်စာမျက်နှာကနေ ဖော်ပြတဲ့ သုဝဏ္ဏ အားကစားကွင်း အားကစား ကွင်း က Acoustics ပွဲမှာ
J-me နဲ့ စန္ဒီမြင့်လွင် တို့ ရဲ့  လူပြောများတဲ့ သီချင်းစာသား ဖြစ်တဲ့ “အနောက်ကနေ ချစ်နေရင် သိပ်ကြွေတာ
ပေါ့ ” ဆိုတဲ့ သီချင်းပါ…….

” Jabberwocky ဆိုတာ ဒဏ္ဍာရီဆန်ပြီး နားလည်ဖို့ခက်ခဲတဲ့ နဂါးလိုမျိုးအကောင်ပေါ့။ အဲ့ဒီနဂါးကြီးက ဘုရင်ကြီးရဲ့ တောအုပ်ထဲ ကို လှည့်လည် ကြည့်ရှုစောင့်ကြပ်တယ်၊ ဘာညာပေါ့။ Jabbawockeez သည်လည်း နားလည်ဖို့ခက်ခဲတဲ့ နဂါးလိုမျိုးပါပဲ။ ဒါပေမဲ့ သူက လွတ်လပ်တယ်လို့ Paguio က ပြောတယ်။ (၂ဝဝ၃)ခုနှစ်လောက်မှာ သူတို့သူငယ် ချင်းတွေစုပြီး လူထုတွေကြားထဲမှာ၊ လမ်းတွေမှာ ကဖြစ်ခဲ့ကြတယ်။ အဲ့ဒီနောက် Member တွေ (၁၁)ယောက်လောက် အထိ ရှိလာခဲ့တယ်။ သူတို့ရဲ့နာမည်တွေက တော့ Phil Tayag, Gary Kendell, Rynan Paguio, Randy Bernal, Eddie Gutierrez, Saso Jimenez, Ben Chung, Chris Gatdulaနဲ့ Jeff Nguyen တို့ပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့အဖွဲ့ထဲက အသက်အကြီးဆုံးဖြစ် တဲ့ Kendell ဟာ (၂ဝဝ၇)ခုနှစ်မှာ ဦးနှောက် အမြှေးပါးရောင်တဲ့ရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ရတယ်။ အခုလက်ရှိ Jabbawockeez ရဲ့လှုပ်ရှားမှု၊ အောင်မြင်မှုများဟာ Kendell အတွက်သာ ဖြစ်တယ်လို့ သူတို့ကပြောတယ်။

Nguyen ကလည်း ” ကျွန်တော်တို့အားလုံး Gary Kendell ကို အမြဲတမ်း ကိုယ်စားပြုခဲ့ကြတာပါ” လို့ ပြောခဲ့တယ်။ Kendell ဟာ သူ့ရဲ့စီးမျောမှု၊ သူ့ရဲ့အားတွေကို Member တစ်ယောက်ချင်းစီကို ရိုက်ထည့်ခဲ့ပါတယ်။ ”Jabbawockeez မှာ Member (၁ဝ) ယောက် ရှိတယ်။ ဒါပေမဲ့ နောက်တစ်ယောက် ဝိညာဉ်အနေနဲ့ရှိတယ်”လို့ Paguio ကပြောခဲ့တယ်။ Jabbawockeez မှာ အဖွဲ့ခေါင်းဆောင် ရယ်လို့်မရှိပါဘူး။ Member အားလုံးရဲ့အမြင်၊ တီထွင်ဆန်းသစ်မှုတွေနဲ့သာ တည်ဆောက်ထားတာပါ။ ဒီ Jabbawockeez မတိုင်ခင်က Member တစ်ယောက်ချင်းစီ မှာ အကသင်တန်းတွေ ကိုယ်စီရှိကြပါတယ်။ အဲ့ဒီကနေမှ သူတို့ပေါင်းမိကြပြီး သူတို့ရဲ့မတူညီတဲ့ အကတွေကနေ Jabbawockeez ဖြစ်လာကြတာပါ။ သူတို့အများဆုံးကတာက Hip Hop Dance အမျိုးအစားတွေပါ။ B. Boying, Popping, Looking နဲ့ Freestyling တို့ပဲဖြစ်တယ်။

Jabbawockeez ဘာကြောင့် မျက်နှာဖုံးတွေ တပ်ကြသလဲဆိုတော့ ”ဒီမျက်နှာဖုံး တွေဟာ မတူညီတဲ့လူမျိုး၊ လူမှုရေးတွေကို ဖယ်ခွာထုတ်ပစ်လိုက်နိုင်တယ်။ ဒါကြောင့် ဒီလိုမျက်နှာဖုံးတွေတပ်ပြီး ကဖြစ်ခဲ့ကြတာပါ” လို့ Guttierrez က ပြောကြားသွားခဲ့တယ်။ အဖွဲ့ဝင်(၇) ယောက် မှာ အမေရိကန်နဲ့အာရှကပြား တွေပါတယ်။ ဖိလစ်ပိုင်နဲ့ အမေရိကန်၊ ကိုရီးယားနဲ့အမေရိကန်၊ ဗီယက်နမ်နဲ့ အမေရိကန်တို့ရောစပ်ထားတဲ့ ကပြားတွေပေါ့။ တစ်ယောက်က တော့ အာဖရိကန်နဲ့ အမေရိကန်ကပြား၊ ကျန်နှစ်ယောက်ကတော့ မက္ကဆီကန်နဲ့ အမေရိကန်ကပြား တွေပါ။ Jabbawockeez ရဲ့ မန်နေဂျာ Audie Vergara က ”သူတို့က သူတို့မျိုးနွယ်စကား သူတို့ပြောကြဆဲပါပဲ။ သူတို့ရဲ့ အမွေ၊ အရိုက်အရာတွေလည်း ပျောက်မသွားပါဘူး။ ဒါတွေက သူတို့ကြားထဲမှာ ပြဿနာဖြစ်စရာအကြောင်းမရှိပါဘူး” လို့ ပြောခဲ့တယ်။ ”ဒီအမေရိကန် အကောင်းဆုံးအက အဖွဲ့ပြိုင်ပွဲကို ကျွန်တော်တို့ မိဘတွေ သူတို့နိုင်ငံကနေ ဖြတ်ကျော်ပြီး အမေရိကကို ရောက်လာခဲ့ရတယ်။ သူတို့သားတွေရဲ့ အနုပညာကို လာအားပေးကြတယ်” လို့ Gatdula ကပြောသေးတယ်။ Nguyen က ကျွန်တော်တို့ ဘယ်တိုင်းပြည်ကိုပဲ ကိုယ်စားပြုပြု ကိစ္စမရှိပါဘူး။ ကျွန်တော်တို့က ဖန်တီးမှုအားကောင်းခဲ့တဲ့ အမေရိကန်၊ အာရှကပြားတွေလေ။ ခုကျွန်တော်တို့က အမေရိကန်ရဲ့ စတုတ္ထနဲ့ ပဉ္စမမျိုးဆက်တွေလေ” လို့ပြောခဲ့တယ်။

ဒါပေမဲ့ Jabbawockeez ရဲ့ပရိသတ်တွေကတော့ အမေရိကန်၊ အာရှကပြားတွေတော့ မဟုတ်ကြပါဘူး။ အသက်အရွယ်မရွေးအားပေးကြတဲ့အပြင် Hip Hopper တွေလည်း အပါအဝင်ပေါ့။ ခုဆိုရင်လည်း သူတို့အဖွဲ့ကိုနာမည်ကြီး Rapper တွေရဲ့ MTV မှာ တွေ့လာရတဲ့အပြင်၊ Step.Up 2 မှာလည်း သူတို့ပါဝင်ခဲ့ပါတယ်။ ”ဒါတကယ့်ကို ကျွန်တော့်ကို အံ့အားသင့်စေပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ များစွာသောလူမျိုး၊ ပရိသတ်တွေနဲ့ ကျွန်တော်တို့ရဲ့အနုပညာနဲ့ ဆက်ဆံထိတွေ့လို့ရတယ်” လို့ Paguio ကပြောသွားတယ်။ တစ်ဆက်တည်းမှာပဲ ”ကျွန်တော်တို့ဖျော်ဖြေ တင်ဆက်မှုတွေကို ကြည့်ရှုအားပေးတဲ့သူတွေ အကုန်လုံး Jabbbawockeez ကနေပြီး အထူးပဲကျေးဇူးတင်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

Click Here To The Street Music Magazine