မြန်မာ နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံ အကြား
နိုင်ငံခြား ငွေကြေး အလွှဲ အပြောင်း ၀န်ဆောင်မှု
ပေးနေသည့်ဆိုးလ် မြို့ ရှိ KEB ဘဏ်သည် မြန်မာ
နိုင်ငံ နှင့် ဆက်သွယ် ဆောင် ရွက်နေ သည့်
ငွေကြေး လွှဲပြောင်း ပေးချေမှု များ အား ယခု နှစ်
အောက် တိုဘာ လ မှ စ၍ အပြီးတိုင် ရပ်နား တော့
မည် ဖြစ်ကြောင်း တောင်ကိုရီးယား သတင်း ဌာန
တစ်ခု ဖြစ်သည့် ချိုလ် ဆန် နီဘို သတင်းစာ တွင်
ဖော်ပြထားသည်။
KEB ဘဏ်က ထိုကဲ့သို့ ဆုံးဖြတ် လိုက်ခြင်း သည် Korea Exchange Bank ၏ အက်ဆက် အများစု ကို ထိန်း
ချုပ်ထား သည် အမေရိကန် နိုင်ငံ့ တက္ကဆက် ပြည်နယ် ဒါးလပ်(စ)မြို အခြေစိုက် Lone Star Funds မှ
ဖိအားပေး ခြင်းကြောင့် ဖြစ်နိုင်သည် ဟု ဟောင်ကောင် မြို့ ရှိ မြန်မာ စီးပွား ရေး လုပ်ငန်း ရှင် တစ်ဦးက
Freedom News Group သို့ ပြောသည်။
တောင်ကိုးရီး ယား KEB ဘဏ်မှ ငွေကြေးလွှဲပြောင်းမှု များ ရပ်နားတော့ မည် ဆိုသည့် သတင်းကြောင့်
မြန်မာ့ သွင်းကုန် ထုတ်ကုန် လုပ်ငန်း များ တွင် ဂယက် ရိုက်ခတ်မှု များ ရှိလာ နိုင်သည် ဟု သိရသည်။
တောင် ကိုရီးယား နိုင်ငံမှ လျှပ် စစ်ပစ္စည်း များ ကို မှာ ယူတင်သွင်းသည့် လုပ်ငန်းရှင် တစ်ဦးက “ဒီဘဏ်
နဲ့ တော့ တိုက်ရိုက် ချိတ် စရာ မလို ဘူး ကျွန်တော်တို့ ပေးရမှာ ကို မြန်မာ့ နိုင်ငံခြား ရင်းနှီးမြုပ် နှံ မှု ဘဏ်
စာရင်း ထဲမှာ ထည့် လိုက်ရင် အဲဒီက မှ KEB ကို ပေးတာ ဒါပေမယ့် KEB က တိုက် ရိုက်ဆိုတော့ ထရန်စဖာ
ကြေး နဲတယ်။ နောက်သူက ဒီအာရှာ မှာ ကို သူ နဲ့ ဆက်စပ် နေ တဲ့ ဘဏ်ခွဲတွေ ရှိ တော့ သူ နဲ့ က
အကုန်ကိစ္စပြီး တယ် ..အခုတော့ ဘယ်လို ဖြစ်လာမလဲ မသိဘူး ဟု ဆိုသည်။
KEB ဘဏ်သည် နိုင်ငံတကာ ဘဏ် ကော်ပိုရေးရှင်း ကြီး တစ်ခု ဖြစ်သည့် HSBC နှင့် ပိုမို ပူးပေါင်းဆောင်
ရွက် နိုင်ရန် နိုင်ရန် အတွက် နာမည် ဆိုး နှင့် ကျော်ကြား သည့် မြန်မာ စစ်အစိုးရ ၏ နိုင်ငံခြား ငွေပေးငွေယူ
ရှင်းတမ်း နှင့် လမ်းခွဲ လိုက်ခြင်း ဖြစ်သည် ဟု သုံးသပ် သူများ က ဆိုသည်။
မြန်မာ စစ်အစိုးရ အား ဥရောပ နှင့် အမေရိကန် တို့ က စီးပွားရေး ဒဏ်ခတ်ထားသောကြောင့် နိုင်ငံခြားငွေ
လဲလှယ်ရေး ကိစ္စများ နှင့် ကုန်သွယ်မှု ပေးချေ ရေး ကိစ္စများ တွင် ဒေသတွင်း နိုင်ငံများ အား နို့ သက်ခံ စို့ နေရခြင်း ဖြစ်သည်။
KEB ဘဏ်က ငွေကြေးလွှဲပြောင်းမှု များ ရပ်နားလျှင် ထိုနေရာကို OCBC Bank Oversea-Chinese Banking
Corporation Limited က ၀င် ရောက်အစားထိုး နိုင်သည် ဟု မြန်မာ စက်မှု လုပ်ငန်းရှင် အသင်းမှာ တာဝန်ရှိ
သူ တစ်ဦး ကပြောသည်။ လက်ရှိ နိုင်ငံခြားငွေကြေး လဲလှယ် ၊ပေးချေမှု များ အတွက် စင်္ကာပူ ဘဏ်တစ်ခု
အပါအ၀င် Bank of China နှင့် ဆူမီတိုမို ကော်ပိုရေးရှင်း တို့ က ဆောင်ရွက်ပေးသည်။
မြန်မာ နိုင်ငံခြား ကုန်သွယ်မှု ၏ ငွေပေးငွေယူ ရှင်း တမ်း တွင် အကြပ် ရိုက်နေ သော် လည်း ယနေ့ နံနက်က
နေပြည်တော်တွင် ဦးနေအောင်၏ အမရာဘဏ် ကို ဖွင့် လှစ် လိုက်သည်။ ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ် ၊
ဦးတေဇ၏ အေးရှားဂရင်းဘဏ်၊ ဦးဇော်ဇော်၏ ဧရာဝတီဘဏ် တို့ သည် ဘဏ်ခွဲများ ဖွင့်လှစ်ပြီး ဖြစ်သည်။

ဟို တပ်မတော် ဘက်တော်သားကြီးတွေ.. လုပ်ကြပါဦး..အဲဒါကိုရော ဘယ်လို အကြောင်းပြချက်နဲ့ ဖြေပေးမလဲ.. သိပါရစေ..တပ်မတော်ရဲ့ စေတနာ သဘောထားအမှန်ကို ဒီဘဏ်ကြီးတွေ ကော်ပိုရေးရှင်းကြီးတွေက နားမလည်ဘူးဆိုတော့ သူတို့တွေ အတော်ညံ့ကြလို့ပေါ့နော်..ပြီးတော့ နိုင်ငံရဲ့ ဘဏ်စနစ်တိုးတက်ရေးမလုပ်ပဲ ဘဏ်တွေစွတ်ဖွင့်ခိုင်းတဲ့ ခင်ဗျားတို့ တပ်ချုပ်ကြီးနဲ့ တပ်မတော်ရဲ့ အရူးချီးပန်းအမျော်အမြင်ကိုရော ဘယ်လိုထောက်ခံချင်ပါသလဲ ?
စီးပွားရေးပိတ်ဆို့ တာဒို့ မမှုပါ။ ဘာလို့ လဲဆိုတော့ ချုပ်ကြီးချုပ်လေးတို့ ကတော့ချမ်းသာပြီးသားဆိုတော့။
ပြည်သူတွေကရော စီးပွားရေး မပိတ်ဆို့ ခင်ကလည်းမွဲနေတာ၊ ပိတ်ဆို့ တော့လည်းပိုမထူးပါဘူးငမွဲကငမွဲပါပဲ။
အဓိက စီးပွားရေးပိတ်ဆို့ လို့ မွဲတာမဟုတ်ပါဘူး စစ်တပ်ရဲ့ ဂုတ်သွေးစုပ်ခံနေရလို့ မွဲနေတာပါ။
ငွေကြေး လွှဲ လို့ မရရင် ဘာတာ စစ်စတမ် နဲ့ သွား ဟီဟိ …ကျောက်ခောတ် သွား တော လားပေါ့ :)