မြန်မာ စစ်အစိုးရ ရဲ့ လူ့ အခွင့် အရေး ချိုးဖောက်မှု နဲ့  စစ်ရာဇ၀တ်မှု တွေ ကို စုံစမ်း စစ်ဆေးဖို့ 
အတွက် ကုလ သမဂ္ဂ ကနေ ဖွဲ့ စည်း မဲ့ ကော်မတီ တစ်ရပ် ကို အမေရိကန် ပြည်ထောင်စု က
အပြည့်အ၀ ထောက်ခံမှု ပေးခြင်း အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ်က နှစ် ထောင်း အားရ
ရှိကြောင်း သောကြာနေ့ က သတင်းထုတ်ပြန်လိုက် ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ် ရဲ့ ဒုတိယဥက္ကဌ ဖြစ် သူ သူရ ဦးတင်ဦး က ‘ကျွန်တော် တို့ အမေရိ
ကန် ရဲ့ ဆုံးဖြတ် ချက် ကို အပြည့် အ၀ ထောက်ခံ ကြိုဆိုတယ်။ဒါဟာ များစွာ သော ခြေလှမ်း တွေ ရဲ့ 
ပထမ ဦးဆုံး ခြေလှမ်း တစ်ရပ် ပဲ လို့  အေပီ သတင်း ဌာန ကို ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဟာ စစ်အစိုးရ ရဲ့  ရွေးကောက် ပွဲ မှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ် ဘူး
လို့ ပြီးခဲ့တဲ့ မတ်လ ထဲက ဆုံးဖြတ် ခဲ့တာ ဖြစ်ပြီး မနေ့ ကတော့ နိုဝင်ဘာလ မှာ ကျင်းပမယ့် ရွေးကောက်
ပွဲ ကို ထပ်မံ သပိတ်မှောက် ကြောင်း ပြည်သူ ကို အသိပေး ပြောကြားခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ် ကနေ အခုလို ရွေးကောက် ပွဲ ကို သပိတ်မှောက် ကြောင်း ဆုံးဖြတ်ခဲ့တာ
ကြောင့် ပြည်သူတွေ ဟာ ရွေးကောက်ပွဲ မှာ မဲပေး ဖို့ တွန့် ဆုတ် သွား နိုင်တယ် လို့  နာမည်ကျော် ဟာသ စာ
ရေးဆရာ တစ်ဦး က Freedom News Group ကို ပြောပါတယ်။
ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် အသွင်ပြောင်း ကြံဖွတ် ပါတီက တော့ မဲဆွယ် စည်းရုံးမှု စနေပေမယ့် ထင်တိုင်း
မပေါက်ဖြစ်နေ ပါသေးတယ်။
ပဲခူး မြို့ က အထက်တန်း ပြဆရာ မ တစ်ဦး ကတော့ ကြံ့ဖွတ် ဆီ က ရသလောက် ယူထား ရွေးကောက် ပွဲကျ
တော့ မဲမပေး ဘဲ နေ မယ့် လူတွေ အများကြီး ပဲ လို့ ပြောပါတယ်။
စစ်အစိုးရ ဟာ နိုဝင်ဘာလ ၇ ရက် နေ့ မှာ ကျင်းပမယ့် ရွေးကောက် ပွဲ အတွက် နိုင်ငံတကာ စောင့်ကြည့်လေ့လာ
ရေး အဖွဲ့  တွေ ကို လက်မခံ ဘူး လို့ုငြင်းဆန် ခဲ့ပါတယ်။
မြန်မာ စစ်အစိုးရ ရဲ့ လူ့ အခွင့် အရေး ချိုးဖောက်မှု နဲ့  စစ်ရာဇ၀တ်မှု တွေ ကို စုံစမ်း စစ်ဆေးဖို့  အတွက် ကုလ
သမဂ္ဂ ကနေ ဖွဲ့ စည်း မဲ့ ကော်မတီ ကို ကနေဒါ နိုင်ငံ က ထောက်ခံ ဖို့ ဦးဝင်တင် က တိုက်တွန်း ခဲ့ပြီး ပြည်ပရောက်
မြန့် မာ ဒီမိုကရေစီ အင်အား စု တွေ ကတော့ ဥရောပ သမဂ္ဂ ကို တိုက်တွန်းထား ပါတယ်။

တယ်လဲသိနေပါလား မင်းတို့ အမေ၇ဲ့ တိတ်တိတ်ပုန်းလင်လားဟင် ဗိုလ်ချုပ်တွေက :P
ဥပဒေကစာအုပ်သက်သက်မဟုတ်ပါ၊ဥပဒေနဲ့ညီ-မညီအပြစ်၇ှိ-မ၇ှိကိုယ်တိုင်သိကြပါတယ်၊ကိုယ့်ကိုယ်ကိုလိမ်လို့မ၇ပါဘူး။
သူတို့က တရားစွဲမယ် ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်လေ ဒီက ဗိုလ်ချုပ်တွေကလည်း ငါတို့သာ အာဏာမရှိတော့ရင်လို့ တွေးပြီး ကြောက်စိတ်ဝင်လေ။ အာဏာကို အငမ်းမရ ဖမ်းဆုပ်ထားချင်လေ။ ဒီချိန်ကြီးမှ လုပ်ရသလားဗျာ။ စောစောစီးစီးလုပ်ပါလား။ ဒါမှမဟုတ် နည်းနည်းလေး နောက်ဆုတ်လိုက်ပါလား။