NLD ရဲ့ ရွေးကောက်ပွဲ သပိတ်မှောက် မှု ကြေညာချက် ပြည်သူများ က တစ်ခဲနက်ကြိုဆို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ်ရဲ့  ရွေးကောက်ပွဲ သပိတ်မှောက်မှု သတင်းထုတ်ပြန်ချက် ကို
ပြည်သူက တစ်ခဲနက် ကြိုဆိုသည် ဟု ရန်ကုန် နိုင်ငံရေး လှုပ်ရှားမှု အသိုင်း အ၀ိုင်းမှ သတင်းရရှိ
သည်။အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချူပ်သည် စစ်အစိုးရက မကြာခင် ကျင်းပမည့် ရွေးကောက်
ပွဲ အား သပိတ်မှောက် မည့် ကိစ္စအတွက် ပြည်သူကို ယခု ထက် ပို ၍ ဦးဆောင်လှုံဆော်မှု ပေးကာ
ဆန့် ကျင်သင့် သည် ဟု သုံးသပ် သူများ လည်းရှိသည်။

စစ်အစိုးရ ၏ လက်ဝေခံ ပါတီ တစ်ခု ဖြစ်သည့် ကြံ့ဖွံ့ ပါတီ သည် နိုင်ငံတ၀ှမ်း ဉ် ယနေ့ ရုံးများ ဖွင့်လှစ်
သည် ဟု သတင်း ရရှိသည်။ ကြံ့ဖွံ့ ပါတီသည် မြန်မာ နိုင်ငံ နေရာ အချို့ တွင် စည်းရုံးရေး များ လုပ်
ဆောင် သော် လည်းပြည်သူ ၏  ပါဝင်မှု မရရှိဟု သိရသည်။

ရန်ကုန် မြို့ မှ တပ်မတော် အရာ ရှိဟောင်း တစ်ဦးက မူ NLD ကရွေးကောက် ပွဲ သပိတ်မှောက် ထား
တယ် ဆိုတော့ ပြည်သူက မဲပေးမှာ မဟုတ် တော့ ဘူး …ကျွန်တော့် အနေနဲ့ လည်း မဲပေးရ အောင်
အခုအချိန် ထိ တိုင်းပြည် အပေါ် ကိုယ်ကျိုးစွန့် မယ့် ကောင် တစ်ကောင်မှ မမြင် သေးဘူး အားလုံး
အချောင် သမား တွေ ဟု ပြောသည်။

စစ်အစိုးရ ၏ လမ်းပြမြေပုံ ထဲ မှ နောက် ဆုံး အချက် ကို နိုဝင်ဘာ လ ၇ ရက်နေ့ တွင် အကောင်အထည်
ဖော် မည် ဖြစ်သည်။ ရွေးကောက် ပွဲ တွင် ကြံ့ဖွံ့  ပါတီ အနိုင်ရပါက ပြည်သူ လူထု ၏ အုံကြွမှု နှင့် ရင်ဆိုင်
ရ နိုင်သည် ဟု ရန်ကုန် နိုင်ငံ ရေး အသိုင်းအ၀ိုင်း က သုံးသပ် သည်။