
ကိုဦး ၊ ၊ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ လုံမဏီညဈေးတွင် အလုပ်သမားများအား ယမန်နေ့ညက ထိုင်းရဲများ
က၀င်ရောက် ဖမ်းဆီးမှုကြောင့် ဘန်ကောက်ရှိ မြန်မာ အလုပ်သမား များ ကြား အထိတ်တလန့် ဖြစ်
နေသည် ဟု သိရသည်။
လုံမဏီညဈေးသို့ ရဲများဝင်ရောက်ဖမ်းဆီးရာ စုစုပေါင်း(၄၃)ဦး အဖမ်းခံခဲ့ရသည်ဟု အဖမ်းခံခဲ့ရသူ
ကိုမောင်ကိုက ပြောပါသည်။ ကျနော်မှာ ပတ်စပို့လဲရှိတယ်၊ အလုပ်လုပ်ခွင့် လက်မှတ်လဲရှိတယ်၊
ဈေးရောင်းခွင့်လက်မှတ်အပြည့်အစုံရှိတယ်။ ဒါပေမဲ့လဲ မြန်မာဆိုရင် အားလုံးကိုဖမ်းတာဘဲ။
တစ်ချို့မြန်မာတွေကတော့ ထွက်ပြေးကြတယ်။ အဖမ်းခံရတဲ့အထဲ မှာ တောင်ပေါ်သားလက်မှတ်ကိုင်တဲ့လူ
တွေလဲ အဖမ်းခံရတယ်။ ဖမ်းပြီးပြီးခြင်း စတိတ်ရှိုး စင်ရဲ့နောက်ဘက်မှာထားပြီး လက်မှတ်တွေကိုစစ်တယ်။
လက်မှတ်လုံးဝမရှိတဲ့လူဆိုရင် ဘတ်(၅၀၀၀)တောင်းတယ် တစ်ချို့က (၄၀၀၀)၊ (၃၀၀၀)တောင်းပြီးပြန်
လွတ်ပေးလိုက် တယ်။ ကျနော့်ကိုပိုက်ဆံ ဘတ်(၂၀၀၀)တောင်းတယ်။ ကျနော်ကမပေးဘူး။ ကျနော့်မှာ
လက်မှတ်အပြည့်အစုံရှိတယ် မပေးနိုင်ဘူးလို့ပြောတော့ လုံမဏီရဲစခန်းကိုခေါ်သွားတယ်။ အချုပ်ထဲကိုထည့်
ထားတယ်။ အခုမနက်မှ ကျနော့်အလုပ်ရှင်ကလာထုပ်ပေးလို့ထွက်ရတာ ဟု (FNG)ကိုပြောပါသည်။
ကိုမင်း ဆိုသူက မြန်မာဆိုရင်အားလုံးကိုဖမ်းတာ၊ ဘာလက်မှတ်ရှိရှိ မရှိရှိ မလိုချင် ဘူး ဖမ်တာဘဲ။ ကျနော်ဆိုရင်
ကျနော့်အလုပ်ရှင်ဆိုင်မှာ လက်မှတ်အပြည့်အစုံရှိပေမဲ့ အဖမ်းအဆီးကြမ်းတော့ ဆိုင်ထဲကနေ ဆိုင်ပြင်ကိုတောင်
မထွက်ရဲဘူး။ ကျနော်တို့တွေကို မြန်မာဆိုအားလုံးဖမ်းတယ်ဆိုတော့ ကျနော်တို့ဟာ လူသားတွေပါ လူသားဂုဏ်သိက္ခာ
မရှိတောဘူးလား။ လူအများကြီးရှိနေတဲ့ ဈေးကြီးအတွင်းမှာ မြန်မာတွေအားလုံးကိုဘဲ ရွေး ပြီးအဖမ်းခံရတယ်ဆိုတော့ တော်တော်တော့ခံစားရတယ်ဗျာ ဟု(FNG)ကိုပြေပါတယ်။
တောင်ပေါ်သားလက်မှတ်ရှိတဲ့ ရ၀မ်လူမျိုးမဗူးရှီက ကျမက တောင်ပေါ်သား လက် မှတ်ရှိတယ်လေ ဒါပေမဲ့ဈေးရောင်းချခွင့်လက်မှတ်တော့မရှိဘူး။ ကျမကိုလဲဖမ်းတယ်။ စတိတ်ရှိုးစင်ရဲ့နောက်ဘက်ကိုရောက်တော့
လက်မှတ်ပြခိုင်းတယ်။ ကြည့်ပြီးတော့ နယ်ကျော်တယ် ဒါဏ်ငွေဘတ်(၂၀၀)ဆောင်ရမယ်လို့ပြောပြီး အရက်ဖိုး
ဘတ်(၈၀၀)ပါ ပေးခဲ့ရတယ်။
ကိုယ်ပိုင်ဆိုင်ဖွင့်ထားတဲ့ ကိုရဲလင်းကတော့ ကျနော်ဇနီးက ထိုင်းလေ ရဲလာတော့ ကျနော့်ပတ်စပို့ထုပ်ပြလိုက်တယ်၊
ကြည့်ပြီးတော့ ဘာမှမပြောဘူး ပြန်ပေးပြီးထွက် သွားတယ်။ တစ်ခြားလူတွေကိုတော့ ရဲအတွက်လစဉ်ကြေး
ဘတ်(၂၀၀၀)ပေးရမယ်လို့ ပြောတယ်။
ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ခွင့်လက်မှတ်ရှိပါလျှက် လစဉ်ကြေးပေး ဆောင်နေရခြင်းမှာ မတရားဘူး
ကျနော်တို့တစ်နှစ်အတွက် ကုန်ကျငွေဘတ်(၂၀၀၀၀) လောက်ကုန်တယ်။ အခုလစဉ်ကြေး ဘတ်(၂၀၀၀)ပေးရမယ်
ဆိုတော့ ကျနော်တို့အရင် တရားဝင်ကုန်ကျထားတာတွေက ဘာမှတန်ဘိုးမရှိ။တရားမ၀င်သလိုသက်ရောက်နေပါ
တယ်လို့ ကိုမောင်ကိုက (FNG)ကိုပြောပါတယ်။
