
ကိုဦး ၊ ၊နိုင်ငံတကာအိမ်အလုပ်သမားများနေ့ သြဂုတ်လ(၂၂)ရက်တွင် ဘန်ကောက်မြို့တွင် ထိုင်းလူမျိုး၊ မြန်မာလူ မျိုးများ၊ ထိုင်းအစိုးရတာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော(NGO)အဖွဲ့များပါ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတကာ အိမ်အလုပ်သမားများနေ့ကို (MAP) (ANM) (ADRA) ( FOW ) အပါအ၀င်အဖွဲ့ပေါင်း
(၈)ဖွဲ့က ဦးဆောင်ကျင်းပခဲ့ပါသည်၊ ထိုအခမ်းအနားကို ဘန်ကောက်မြို့ တွင်ပြုလုပ်ခဲ့ပါသည်၊
အခမ်းအနားကို နံက်(၉း၁၀)မီးနစ်တွင်ဖွင့်ခဲ့သည်။ အဖွင့်အမှာစကားကို ထိုင်း လွှတ်တော် အလုပ်သမား
ရေး ရာကော်မတီ ဒု/ဥက္ကဋ္ဌ DR, SAMETH က အဖွင့်အမှာစကားပြောကြားခဲ့သည်။ အိမ်အလုပ်သမားများ
က ဒု/ဥက္ကဋ္ဌ ကို လက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်ခဲ့ပါသည်။
ထိုအခမ်းအနားသို့တက်ရောက်ခဲ့သော မြန်မာအိမ်အလုပ်သမ မဝေေ၀က ကျမတို့အတွက်ကိုယ် ချင်းစာစိတ်နဲ့ အသိအမှတ်ပြုပြီးလုပ်ပေးတဲ့အတွက်တော့အားတက်မိပါတယ် လို့ ပြောပါတယ်။ ထိုင်းအိမ်တွေမှာ လုပ်တဲ့ မြန်မာမိန်းခလေးတွေတက်မယ်ဆိုရင်ပိုကောင်းမယ် ကျမတို့ကနိုင်ငံခြားသားအိမ်ဆိုတော့ အလုပ် လုပ်ရတာက အခက်အခဲအလွန်နဲ့ကြောင်းပြောခဲ့ပါတယ်။ မြန်မာအလုပ်သမ မမီးမီးက အလုပ်သမားတစ်ဦး တစ်ယောက်အတွက်အတွက် အခွင့်အရေးတွေအတွက် လမ်းပြပေးတော့ ကျေနပ်ပါတယ် တစ်ချို့ဆိုရင် သုံးလ လောက်မှတစ်ရက်လောက်ဘဲခွင့်ရတာဆိုတော့ ဒီလူတွေအတွက်တော့ ကောင်းပါတယ် တစ်ချို့ကျတော့လဲ အလုပ်စ၀င်ကတည်းက ကိုယ့်အခွင့်အရေးထက် အလုပ်ရရေးကိုဦးစားပေးရတဲ့အတွက် အခွင့်အရေးကိုဆုံးရှုံးမှူ တွေနဲ့ အမြဲလိုရင်ဆိုင်နေရပါတယ် ကျမတို့တွေအတွက် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးမဲ့ အသင်းအဖွဲတစ် ခုလိုအပ်တယ်လို့မြင်မိပါတယ် ဟုပြောပါတယ်။
မြန်မာပြည်သားအလုပ်သမားအရေးဆောင်ရွက်ပေးနေသူတစ်ဦးက ကောင်းတဲ့တိုးတက်မှုတစ်ခု အဖြစ်မြင်ပါတယ် ထိုင်းအလုပ်သမားဝန်ကြီးဌာနကလဲ အိမ်အလုပ်သမများအတွက် စည်းကမ်းဥပဒေကိုတရားဝင် ပြဌာန်းနိုင်ရန်အတွက် ကြိုးပန်းနေမှုကိုပြနေတာပါ ။ ထိုင်းနိုင်မှာ အိမ်အလုပ်သမအများစုက မြန်မာတွေဘဲဆိုတော့ ကျနော်တို့
မြန်မာနိုင်ငံသားတွေအတွက်တော့ အကျိုးရှိလာနိုင်ပါတယ်။
ထိုင်းအိမ်အလုပ်သမားများနှင့် မြန်မာအိမ်အလုပ်သမားများပူးပေါင်းပြီး သရုပ်ဖေါ်ဇာတ်လမ်းတိုဖြင့် တင်ဆက်ပြသခဲ့သည်။
ထိုအခမ်းအနားသို့ လူဦးရေ (၁၀၀)ခန့်တက်ရောက်ခဲ့သည်။ နေ့လည်(၁၂း၀၀)နာရီတွင် ကျင်းပပြီးစီးခဲ့သည်။
