တရုတ် ပြည်မှ တစ်ဆင့် နယ်စပ် ဖြတ်ကျော် ၀င်ရောက်မှု ကြောင့် ဖမ်းဆီးခံထားရသည့် အသက် ၃၁ နှစ်
အရွယ် ရှိ အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်သူ အိုင်းဂျလောင်း မာဟိလိ ဂိုမက်ဇ် လွတ်မြောက် ရန် အတွက်
သမ္မတ ဟောင်း ဖြစ်သူ ဂျင်မီကာတာ သည် ယနေ့ မြောက်ကိုရီးယား နိုင်ငံ ပြုံးယမ် နိုင်ငံတကာလေဆိပ် သို့ 
ဆိုက် ရောက် ခဲ့သည် မြောက်ကိုးရီးယား သတင်းဌာန က ထုတ်လွှင့်သွား ခဲ့သည်။
ဘော်စတွန် မြို့ သား အိုင်းဂျလောင်း သည် တရား မ၀င် နယ်စပ် ဖြတ် ကျော် မှု ကြောင့် ယခုနှစ် ဇန်န၀ါရီလ
၂၅ရက် နေ့ က ဖမ်းဆီးခံရပြီး မြောက်ကိုရီးယား အစိုးရ က အလုပ်ကြမ်း နှင့် ထောင်ဒဏ် ခုနှစ် နှစ် ချမှတ်ထား
ခြင်း ခံရသူ ဖြစ်သည်။၎င်း သည် ပြီးခဲ့ သည့် လ က ထောင်တွင်း ဉ် သတ်သေရန် ကြံစည် အား ထုတ်ခဲ့ပြီး
အကြောင်း မှာ သူ့ နိုင်ငံ အစိုးရ က သူ့ အား မေ့လျှော့ ထားခြင်း ဟု ခံစားရသဖြင့် ဟု KCNA တွင် ဖော်ပြထား
သည်။
အသက် ၈၄ နှစ် အရွယ် ရှိ ဂျင်မီကာတာ မှာ ၁၉၉၄ ခုနှစ်က ပြုံးယမ် သို့ တစ် ကြိမ်လာ ရောက် ခဲ့ဖူးပြီး ကင်ဂျုံအီ
၏ ဖခင်ဖြစ် သူ ကင်အီဆွန်း နှင့် တွေ့ ဆုံ ခဲ့ဖူး ကာ ညူကလီးယား အရေး နှင့် ဒေသတွင်း ငြိမ်းချမ်းရေး
တို့ အတွက် ဆွေး နွေး ခဲ့ဖူးသည်။
သမ္မတ ဟောင်း ဘီလ်ကလင်တန်သည် လည်း ပြီးခဲ့သည့် နှစ် သြဂုတ်လ က ဖမ်းဆီးခံထား ရသည့်
သတင်းထောက် အမျိုးသမီး နှစ်ဦး အား ကယ်တင်ရန် မြောက်ကိုရီးယား သို့ ကြွ လှမ်းခဲ့ဖူး သည်။
သမ္မတ ဟောင်း ဂျင်မီကာတာ ၏ မြောက်ကိုရီးယား ခရီးစဉ် သည် အမေရိကန် အစိုးရ ၏ အစီအစဉ်
မဟုတ် ကြောင်း နှင့် အမေရိကန် အစိုးရ အနေဖြင့် ဂျင်မီကာတာ နှင့် အတူ မည်သည့် အမှာ စကားမှ
မြောက် ကိုရီးယား သို့  မပါး လိုက် ဟု အိမ်ဖြူတော် မှ သတင်းထုတ် ပြန်သည်။
ဂျင်မီကာတာ အား မြောက်ကိုရီးယား ဒုနိုင်ငံခြားရေး ၀န်ကြီး က လေဆိပ် တွင် လာရောက်ကြိုဆိုသည်။
ဂျင်မီကာတာ ရောက်ရှိ ချိန် သည် တောင် နှင့် မြောက် ကိုရီးယား စစ်ရေး တင်းမာ နေချိန် တွင် ဖြစ်သည်။
